၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောသုတေသနဌာန နှစ်ပတ်လည်စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားအား (၁၈-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်နှင့် သစ်တောအရာရှိ ကြီးများ၊ သစ်တောပညာရှင်များ၊ အငြိမ်းစားပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာတမ်းရှင်များနှင့် သုတေသီများ တက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၆-၁၂-၂၀၁၉)ရက်နေ့မှ (၂၂-၁၂-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၃၉.၈၁၆၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သပိတ်ကျင်းတပ်နယ်၊ အမှတ်(၁၃)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူး ငြိမ်းချမ်းစိုး ဦးဆောင်သောအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ်၊ လုံခြုံရေးစနစ်မကောင်းသည့် ဒေသအခေါ် မြစ်ကလေးရိုးအနောက်ဘက် အောက်မတ္တရာကြိုးဝိုင်းအကွက်အမှတ်(၁)နေရာမှ တရားမဝင် ထောက်ကြန့်/အင်/သစ်ယာ/ပျဉ်းကတိုး/ ယင်းမာ/အင်ကြင်းသစ် (၂၀)လုံး (၉.၆၀၀၀)တန်၊ လုံးပတ်၃ပေအောက် ပျဉ်းကတိုးသစ် (၁)လုံး (၀.၁၇၄၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အစပ်၊ ဘိုင်းဒါးရေပိုလွှဲဆည် ရှင်းလင်းဆောင်နောက်ဘက်ချောင်းဘေးမှ တရားမဝင် ကျွန်းခွဲသား (၅၂)ချောင်း (၄.၃၁၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ရှောင်လမ်းမှ မော်တော်ယာဉ်အမှတ် (MDY-7B/3332) (Nissan Diesel (၆)ဘီး နီညိုရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၆၅)ချောင်း (၇.၈၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းပုပ္ပားလမ်းနှင့် ဗျတ္တပန်းဆက်လမ်းဆုံအနီးမှ မော်တော်ယာဉ်အမှတ် (1C/6809) (Mitsubishi Express ဖြူပြာကြား(၆)ဘီး)ပေါ်မှ တရားမဝင် ပိတောက်ဓါးရွေ (၃၅)တုံး (၂.၅၄၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၁၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉/၇)နှင့် (၂၀/၀)ကြားနေရာ ယာဉ်အမှတ်-(8I/8762)(Nissan Diesel (၆)ဘီးခေါင်းဖြူရောင်)ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၈၇)ချောင်း (၇.၈၀၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ စဉ့်ခိုးကျေးရွာအနီး (၁)မိုင်ခန့်အကွာ၊ အောက်တောကြိုးဝိုင်းအကွက်အမှတ်(၁၈၊၂၀)နှင့် သက်ခါးကျေးရွာအနီး၊ နမီးတိုးချဲ့ ကြိုးဝိုင်းအကွက်အမှတ်(၁၅)နေရာတို့မှ တရားမဝင် ကျွန်း/အင်သစ်/ လုံးပတ်၃ပေအောက် ကျွန်းသစ် စုစုပေါင်း (၉၄)လုံး (၁၄.၆၄၆၀)တန်၊ အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages