Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၅-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း-၂ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စက်မှုဇုန် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ စက်မှုဇုန်(၆)လမ်းနှင့်(၇)လမ်းကြား၊ မီးရထားသံလမ်းအရှေ့ဘက် မော်တော်ယာဉ်အမှတ် NPW (5M/7919) ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၃၃)ချောင်း (၁၄.၀၄၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၅-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး၊ ကူတို့ရေဆိပ်ဟောင်း၊ ဧရာဝတီမြစ်အတွင်း စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ်(၅၅)လုံး (၅.၅၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၃-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ ပုသိမ်- မုံရွာကားလမ်းဘေး မိုင်တိုင်အမှတ် (၃၅/၆)နှင့် (၃၅/၇)ကြားနေရာတွင် ယာဉ်အမှတ်၊ 6J/6356 (FUSO၊ ၁၂ ဘီး၊ အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၄၆)ချောင်း (၈.၉၉၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာမြောက်ဘက်(၁)မိုင်၊ ဗန်းမောက်- အင်းတော်သွားကားလမ်း၊ ဘိုင်ဘင်ကွေ့အနီး၊ ခေါင်းကိုက်ရွာအရှေ့မြောက်ဘက်(၁)မိုင်၊ ခေါင်းတုံးကျေးရွာအရှေ့ဘက်(၁)မိုင်ခွဲ၊ အင်းပေါက်ကျေးရွာအရှေ့ဘက်(၂)မိုင်၊ မံဟော်ကြိုးဝိုင်း(၉၁၊ ၉၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/တမလန်း ဓါးရွေ(၇၆)လုံး/ချောင်း (၂၃.၃၄၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၃-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်းမာပင်/ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ ကျွန်းကလေးကျေးရွာ၏ အရှေ့ဘက်၊ ချင်းတွင်းမြစ်ကမ်းစပ်တွင် တရားမဝင် အင်သစ်(၉)လုံး (၁၆.၈၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၃၁-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ ဝက်ချောင်းကြီးရွာအထက် (၆)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ် အတွင်းနေရာမှ တရားမဝင် အင်ခွဲသား(၁၇၄)ချောင်း (၁၂.၁၇၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Request for Proposal (RFP): “Development of Myanmar Mangrove Field Guidebook”

Request for Proposal (RFP): “Handbook on Myanmar Mangrove Management and Conservation for Climate Resilience”

Pages