၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၉-၈-၂၀၁၉ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ် ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးသက်မောင်ဦး(ကွန်ပျူတာစီစဉ်ရေးမှူး)စီမံခန့်ခွဲရေး ဌာနက ဗီယက်နန်နိုင်ငံ (Regional Workshop on Biodiversity Data Organization and Management )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေါ်ဖြူဖြူခိုင်(လက်ထောက်ညွှန်ကြားရေးမှူး) လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနက အိန္ဒိယ နိုင်ငံတွင်ကျင်းပခဲ့သည့် (International Symposium on Transitioning Shifting Cultivation to Climate Resilient Farming Systems in South and Southeast Asia) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာ သူများမှအပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၅-၈-၂၀၁၉ မှ ၁၆-၈-၂၀၁၉ ရက်နေ့အထိ (၁၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် သစ်တောဦးစီးဌာနနှင့် Korea Forest Service တို့ပူးပေါင်းကျင်းပသည့် ကျေးလက် ဒေသဖွံ့ဖြိုးမှုအထောက်အကူပြုဝါးအခြေခံလက်မှုပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်း အနားကို ၁၆-၈-၂၀၁၉ ရက်နေ့၊ (၁၅:၀၀)နာရီအချိန်၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ တွင်ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့မှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်မှ သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ပါသည်။ ထိုနောက်သင်တန်းသားများ ပြုလုပ်ထားသည့် ဝါးလက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှအရာထမ်း များ၊ သင်တန်းနည်းပြများ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နှင့် မင်းလှမြို့နယ်တို့မှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၈-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာအနောက်ဘက်လယ်ကွင်းစပ်နေရာမှ တရားမဝင်ပျဉ်းကတိုး/ဇင်ပြွန်း/ဖက်ဝန်း/သစ်ကတိုးခွဲသား(၁၈၇)ချောင်း (၁၇.၈၆၉၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစီးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုဌောကျေးရွာအောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးတွင် စက်လှေ(၁)စီးပါဖောင်(၄)ဖောင်နှင့်အတူ တရားမဝင်ကျွန်း/အင်ခွဲသား ခန့်မှန်း(၃၃)တန်ခန့်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ တန့်ဆည်-အင်္ကုက္ကားလမ်း၊ မိုင်တိုင်အမှတ် (၀/၃)ဖာလုံအနီး မော်တော်ယာဉ်အမှတ် (ထ/၅၀၃၄) သရီးကရောင်း(၆)ဘီး၊ အပြာရောင် ယာဉ်ပေါ်မှ တရားမဝင် တမလန်းခွဲသားဆိုဒ်စုံ (၂၀)ချောင်း (၁.၅၃၆၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၂-၈-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်၊ (၃၆၇/၄)နှင့် (၃၆၇/၅)ကြားကားလမ်းအရှေ့ဘက်(၂)ဖာလုံခန့်အကွာ၊ ဆိပ်ဖြူထင်းကြိုးဝိုင်းအကွက်အမှတ်(၂၀)အတွင်း မော်တော်ယာဉ်အမှတ် (MDY 8I/6835) Condor MK-235(၆)ဘီးခေါင်းတိုယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသာ (၈၉)ချောင်း (၉.၂၅၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၈-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ဖုန်းဆိုးကျယ်ရွာအရှေ့မြောက်ဘက် (၂)ဖာလုံခန့်အကွာ၊ ဖုန်းဆိုးကျယ်နှင့် ဘုရားသုံးဆူသွားလမ်း ယာဉ်အမှတ်၊ ထ/၅၇၁၃ (Hino ခေါင်းစိမ်း (၆)ဘီး)ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၀)ချောင်း (၄.၉၉၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ကလပ်ကြိုးဝိုင်းအကွက် (၁၈)၊ ခေါင်တုံးရွာတောင်ဘက် (၂)မိုင်မှ တရားမဝင် ကျွန်း/ကြို့ သစ်/ခွဲသား (၁၀၉)လုံး/ချောင်း (၂၃.၈၀၆၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages