၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတများရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း ( Project for Capacity Building for Sustainable Natural Resource Management - FDSNR ) ၏ စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ( Joint Coordinating Committee ) ဒုတိယအကြိမ် အစည်းအဝေး အား ၂ - ၈ - ၂၀၁၉ )ရက်နေ့ နံနက် ( ၀၉ : ၀၀ ) နာရီတွင် ခေါင်တိုင် ( ဟူပင်ဟိုတယ် ) ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ အရာရှိများ၊ FDSNR ၏ JCC Committee မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

၃၁.၇.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၀)အတွင်း ယာဉ်အမှတ်၊ ၅င/၉၃၆၁ faw (အပြာရောင်)ပေါ်မှ တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် (၁၄)လုံး (၂.၈၉၀၀)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေး ရွာအနီး၊ မုံရွာ-ယာကြီးလမ်း(၉/၃)အနီး တရားမဝင် ပိတောက်ခွဲသား (၁၂)ချောင်း (၁.၃၃၇၂) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၆-၇-၂၀၁၉ ရက်နေ့တွင် စစ်ရေယာဉ်(၅၆၆)မှ ဗိုလ်မှူးထွန်းထွန်းလတ်(ရေ-၄၂၀၁)ဦးစီးအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အနောက်စူဠာကျွန်းအနောက်ဘက်ရေပြင်တွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၅၉၄)ချောင်း (၃၄.၅၀၄၆)တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၃၀-၇-၂၀၁၉ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃၀-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပင်လောင်း-ပျဉ်းမနားသွားကားလမ်း၊ မိုင်တိုင် အမှတ်(၄၇/၁)နှင့် (၄၇/၂) ကြားရှိတောတွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်စကွဲယား (၁၁)တုံး (၂.၁၇၃၄)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၉-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်ကြိုးဝိုင်းအကွက်(၆၁) နှင့် ဖြူးကွန်းကြိုးဝိုင်းအကွက်(၄၈)တို့အတွင်း တရားမဝင် ကျွန်း(၄၇) လုံး/ခွဲသား/ခွဲခြမ်း (၉.၄၆၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၉-၇-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေး ကြိုးဝိုင်းအကွက်(၉၇)အတွင်း တရားမဝင် တောင်ပိန္နဲ/သံသေခွဲသား (၈၆)ချောင်း (၁၁.၈၅၃၆) တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ဦးစီးရုံးချုပ်၏ ချပြသတင်းအရ ၂၉-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်မှ ကံမနယ်စပ်မိုင်တိုင် (၁၄၆/၅)အထိ ပုသိမ်-မုံရွာလမ်း ဝဲယာတစ်လျောက်နှင့် ရေကျော်ပေါက် မိုင်တိုင်(၁၄၀/၄)မှ အနောက်ဖက်(၁) မိုင် ခန့်အကွာ သနီချောင်းဘေးနေရာတစ်ဝိုက်တွင် တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၉၈) ချောင်း (၅၀.၅၄၉၄))တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages