Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၀-၁-၂၀၂၀)ရက်နေ့မှ (၂၆-၁-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၉၆.၂၂၉၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၆-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ရွာမတပ်ကုန်းရွာ၊ အနောက်တောင်ဘက်(၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ချန်ချိန်း(၂၂)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် အင်သစ်/ခွဲသား(၂၇၃)လုံး/ချောင်း (၈.၃၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိနှင့် ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်း အကွက်အမှတ်(၅၄၊ ၅၅၊ ၆၅၊ ၆၆)အတွင်း တရားမဝင်ထောက်ကြံ့/ချဉ်ယုတ်/ကညင်/နဘဲခွဲသား (၁၂၆) ချောင်း (၂၂.၆၆၈၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ကုန်းရွာအနောက်ဘက်(၁)မိုင်ခန့်အကွာ ကြာကြီးအင်းနေရာ၌ တရားမဝင်ကျွန်းသစ်(၄၇)လုံး (၉.၂၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်အကွက်(၆၉၊၇၃)နေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲသား/ခွဲခြမ်း(၅၉)လုံး/ချောင်း/ခြမ်း(၁၀.၉၀၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စဖျင်ကြိုးဝိုင်းအကွက်(၁၊ ၂)အတွင်း မော်တော်ယာဉ်အမှတ်မပါ (FAW)ယာဉ် (၁)စီး၊ ချိန်းဆော(၂)လက်၊ တရားမဝင်ကျွန်းသစ်/ခွဲသား(၅၀)လုံး/ချောင်း(၄.၆၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆၀၄)ဒုံးတပ်ရင်းမှ ဗိုလ်ကြီးဉာဏ်လင်းထက်ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ပန်ပဲတိုးချဲ့ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း /ပျဉ်းက တိုးသစ် (၁၀၀)လုံး (၂၃.၁၁၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ လ/ထညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံသွား ကားလမ်း၊ ဂွေးတောက်ကျေးရွာတောင်ဘက်(၆)ဖာလုံခန့်အကွာ မော်တော်ယာဉ်အမှတ်(MDY-9H/ 3731) CDW-757 SINOTRUK အနီရောင်(၆)ဘီး(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား(၃၀၉)ချောင်း(၄.၉၁၉၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages