၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာအဝင်လမ်းအတွင်း ရပ်တော်မူဘုရား အနီး၊ ရာဘာခြံအတွင်း မော်တော်ယာဉ်အမှတ်-(BGO-4P/1109) BONGO (၆)ဘီး အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၁၆)ချောင်း (၁.၇၂၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၉-၂၀၁၉ ရက်နေ့မှ ၂၂-၉-၂၀၁၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၏ ညွှန်ကြားချက်ဖြင့် ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ပလ္လင်ကြိုးဝိုင်း၊ ရှဲကျေးရွာ၊ သေမသောက်ကျေးရွာ၊ သံပေါက်ချောင်း၊ မောက္ကတောချောင်းနှင့် ငါးနန္ဒကျေးရွာ နေရာအနီးဝန်းကျင်တို့မှတရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်/သရက်သစ်/ခွဲသား(၁၀၂)လုံး/ချောင်း (၂၇.၉၇၄၆) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈.၉.၂၀၁၉ ရက်နေ့နှင့် ၁၉-၉-၂၀၁၉ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ကြီးကြပ်ဦးဆောင်၍ ဂွမြို့နယ် သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်ပူးပေါင်းအဖွဲ့ဖြင့် ဂွမြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ ၁၈-၉-၂၀၁၉ ရက်နေ့တွင် မွေးလွန်းချောင်း ပတ်ဝန်းကျင် တောတွင်းနေရာများမှ တရားမဝင် ကညင်၊ ကညောင်း၊ တောင်ပိန္နဲ၊ တောင်သရက် သစ်လုံး/ခွဲသား စုစုပေါင်း (၂၁၉)လုံး/ချောင်း၊ (၁၂၂.၄၈၉၄)တန် အား လည်းကောင်း ၁၉.၉.၂၀၁၉ ရက်နေ့တွင် လိပ်ပုတ်ချောင်းနှင့် ငထွးချောင်း ပတ်ဝန်းကျင် တောတွင်းနေရာများ မှ တရားမဝင် ကညင်၊ ကညောင်း၊ တောင်သရက်၊ မကျည်းပွေးခွဲသား(၃၀၀)ချောင်း၊ (၄၆.၉၃၆၈)တန် အားလည်ကောင်း စုစုပေါင်း(၁၆၉.၄၂၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

၁၈-၉-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ ရတ ခလရ(၂၇၆)တပ်မှ ဗိုလ်ကြီးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်းဂျယ် ကားလမ်းတစ်လျှောက်နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ပန်မူကျေးရွာအနီး စိန်လုံ-ပန်မူသွားတောလမ်း ဘေး၊ စိန်လုံကျေးရွာအရှေ့ဘက်မိုင်တိုင်အမှတ်(၂၂)၊(၂၃)နှင့်အနီးဝန်းကျင် နေရာတို့တွင် တရားမဝင်သစ် တင်ယာဉ် (၃)စီးနှင့် တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၅၂)ချောင်း (၆.၅၅၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၉-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ စီကော်ကျေးရွာ အရှေ့မြောက်ဘက် (၅)မိုင်ခန့် အကွာ၊ နမ့်မဲကြိုးဝိုင်း၊ အကွက်အမှတ် (၆၀)အတွင်းမှ တရားမဝင် ကညင်သစ်လုံး(၁၀၂)လုံး (၄၈.၇၈၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး သစ်များအား လုံခြုံရာအရောက် သယ်ယူနိုင်ရေးနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၉-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ် လှိုင်ဝစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် အမှတ် (BGO-1M/9887) NISSAN (၆)ဘီး၊ အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသားဆိုဒ်စုံ (၅၃၂၂)ချောင်း (၅.၂၉၀၆)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၇-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ကျောက်ထု-ပေါက်-ပခုက္ကူကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၂)၏ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ကျောက်မဲတောင်တောတိုက်၊ က.ပ.စ(၂၄)နယ်နိမိတ်အစပ်တောတွင်း နေရာမှ တရားမဝင် ပိတောက်ခွဲသား(၃၄)ချောင်း (၂.၈၃၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲသည် ရန်ကုန်-ပြည်လမ်းတစ်လျှောက် တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ အင်းစိန်မြို့နယ်၊ ဘိုခြံမှတ်တိုင်အနီးတွင် ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(SHN 5P/1782) အား မသင်္ကာဖွယ်တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား/ခွဲခြမ်းမျာဖမ်းဆီးရမိခဲ့ပြီး တိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages