၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

Request for Proposal (RFP): “Handbook on Myanmar Mangrove Management and Conservation for Climate Resilience”

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ မှော်ဘီမြို့၊ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)၌ “စီမံကိန်း အဆိုပြုလွှာ ရေးသားခြင်းနှင့် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း” AFoCO Regular Training Course on Project Development and Project Proposal Writing)ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံများမှ သင်တန်းသား/သင်တန်းသူ (၂၀)ဦး၊ သင်တန်း ဆရာများအဖြစ် AFoCO Secretariat မှ Dr. Bae Kikang၊ Mr. Orlando Panganiban စုစုပေါင်း (၂၂)ဦးဖြင့် ဖွင့်လှစ် ကျင်းပလျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၂-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၂၃၂/၀)နှင့် (၂၃၂/၁) ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (4I/6596) LIFAN Faw(၆)ဘီး (အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်သစ်ပုတ်/ရုံး/သတီခွဲသား (၃၆)ချောင်း (၅.၇၇၄၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၃-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခင်ဦးမြို့နယ်၊ ရုံးပင် ကျေးရွာတောင်ဘက်(၅)ဖာလုံခန့်အကွာတွင် တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေ အောက် ကျွန်းသစ်/ ပျဉ်းကတိုးသစ်(၆၁)လုံး (၈.၉၆၄၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်းအကွက် အမှတ်၊ (၇၄၊ ၉၂၊ ၉၄)အတွင်း ဝူလင်း(၂၂)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းသစ်/ခွဲသား (၅၀၁)လုံး/ချောင်း (၂၉.၄၂၈၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၂-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်ပက်လက် မြို့နယ်၊ (ချင်း)လက်မွန်ကျေးရွာအနီးတွင် တရားမဝင်အင်ကြင်းခွဲသား (၂၂)ချောင်း (၃.၇၃၇၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ကပြင်းလွင်ကြိုးပြင်ကာကွယ်တောအတွင်း ဂျင်ဒေါင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်(၃၀)လုံး (၈.၉၈၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၃၇၈.၁၀၅၂)တန်၊ သစ်မာ(၂၂၂.၆၀၁၇)တန်၊ အခြား (၃၃၄.၉၉၆၉)တန်၊ စုစုပေါင်း(၉၃၅.၇၀၃၈)တန်၊ တရားခံ(၁၀၅)ဦး၊ ယာဉ်/ယန္တရား(၆၀)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်မြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၂၊ ၅၃၊ ၅၆)တို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/ခွဲခြမ်း (၂၈၀)လုံး/ချောင်း/ခြမ်း (၄၃.၀၈၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

Pages