၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၂-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ အမှတ်(၂၉၅) ခြေလျင်တပ်ရင်း မှ ဗိုလ်မှူး မင်းအောင်ဖြိုး နှင့်ပူးပေါင်းအဖွဲ့သည် လွိုင်အိုင်ကြိုးဝိုင်းပါလိုင်ရွာနှင့် (၃)မိုင်ခန့်တောတွင်းမှ အင်သစ်လုံး (၁၃၀)လုံး (၅၁.၄၇၄၀)တန် ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထွန်း ဦးဆောင်၍၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ဂမုန်းကွင်းချောင်းဘေးမှ ဘောင်ဆန့်/၃ပေအောက် ဘောင်ဆန့် (၃၃၁) လုံး/ခွဲသား(၅၅.၅၄၀၂)တန် ၊ လက်ကိုင်စက်လွှ(၁) ၊ ငမန်းစွယ်လက်ဆွဲလွှ (၁) ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၅-၂၀၁၉)ရက်နေ့မှ (၁၂-၅-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၀၆.၈၂၂၃)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁၁-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြနမာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာ၊ ပန်းရံစုကျေးရွာလမ်းဆုံတွင် မော်တော်ယာဉ်အမှတ်(AYY G/6051) HINO TE-11ယာဉ်ပေါ်မှ တရားမဝင်နဘဲ/သပြေ/ထောက်ကြန့်/သရက်/မျောက်ချော/ချဉ်ယုတ်/သစ်ဆိမ့်/ကုတ်ဟဲ/ဘင်္ဂ/ ဇင်ပြွန်း ခွဲသား(၆၉)ချောင်း (၆.၃၁၅၈)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၅-၂၀၁၉ ရက်နေ့မှ ၁၀-၅-၂၀၁၉ ရက်နေ့ထိ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ သရက်ပင်ကြီးကျေးရွာအနီးနေရာ၊ ပန်းပုကွင်းကျေးရွာအတွင်းနှင့် အနီးဝန်းကျင်နေရာများမှ တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ တရားမဝင်ကြက်ရိုး၊ ကြက်တူရွေး၊ ကတီ၊ တောင်သရက်၊ ကညင်ခွဲသား စုစုပေါင်း(၁၁၄၁) ချောင်း (၁၀၆.၅၂၄၃)တန်နှင့် တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၅-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ ဗိုလ်ကြီးမျိုးသန့်ဇင်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘောလခဲမြို့နယ်၊ ရွာသစ်-လွိုင်ကော်သွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(2I/8054) Super Custom (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၅)ချောင်း (၂.၀၂၉၂)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်လမ်းဟောင်းမိုင်တိုင် (၁၈၃/၂)နှင့် (၁၈၃/၃)ကြား ယာဉ်အမှတ်၊ MDY-4H/2118 (WISH အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆)ချောင်း (၁.၁၅၀၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာဆိပ်ကမ်းနေရာ မော်တော်(၁)စီးပေါ်မှ တရားမဝင်အင်ခွဲသား(၅၈) ချောင်း (၁.၃၈၅၀)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်ဆောင်ရွက်လျက်ရှိ ပါသည်။ ထို့အပြင် အခြားမော်တော်(၂)စီးပေါ်မှလည်း သစ်ပါးလွှာထုတ်အပို (၃၀)ထုတ် ခန့်မှန်း (၁၀)တန်ခန့် တွေ့ရှိရ၍ ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Pages