Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ ပထမအကြိမ် အစည်းအဝေးအား ၁၈-၉-၂၀၁၉ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ ဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် များပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နောက်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း ပေးနိုင်ရေး ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတများအား ရေရှည် တည်တံ့စေရန် ထိန်းသိမ်းကာကွယ်၊ စီမံအုပ်ချုပ်၊ စနစ်တကျ အသုံးပြုခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် ထူးခြားသည့် ဘူမိသွင်ပြင်များကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းထားပါကြောင်း၊ အာဆီယံ ဒေသအဆင့်တွင် သတ်မှတ်သည့် အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park)၊ ကမ္ဘာ့ အဆင့်တွင် သတ်မှတ်သည့် ကမ္ဘာ့အမွေအနှစ် (World Heritage)၊ ရမ်ဆာရေဝပ်ဒေသ (Ramsar Site)၊ လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) စသည့် နိုင်ငံတကာနှင့် ဒေသအဆင့် အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခံရရန် ကြိုးပမ်းနေပါကြောင်း၊

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၀၇.၇၈၅၁)တန်၊ သစ်မာ(၈၃.၇၁၅၀)တန်၊ အခြား (၁၇၄.၉၈၁၇)တန်၊ စုစုပေါင်း(၃၆၆.၄၈၁၈)တန်၊ တရားခံ(၄၆)ဦး၊ ယာဉ်/ယန္တရား(၃၂)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၉-၂၀၁၉ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်(ပူးတွဲ) မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုကြီးကြိုးပြင်ကာကွယ်တော ဝန်းကျင်၊ ကျေးရွာအနောက်တောင်ဘက် (၁)မိုင်ခွဲခန့်အကွာနေရာမှ တရားမဝင် ပိတောက် သစ်လုံး/ခွဲသား (၁၄၇)လုံး/ချောင်း (၂၂.၀၆၄၅)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၉-၉-၂၀၁၉)ရက်နေ့မှ (၁၅-၉-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၆.၈၆၁၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁၅-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ကျားခဲရွာအနီးတွင် မော်တော်ယာဉ်အမှတ် (MGY 3B/5935) NISSAN Diesel (ခေါင်းစိမ်း)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၉၈)ချောင်း (၈.၉၄၄၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၄-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၅၆/၃)လမ်းလယ်ကျွန်းနေရာ၊ ယာဉ်အမှတ်-(YGN-8I/4656) Super Custom (ခဲဖြူရောင်) ပေါ်မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၃၄)ချောင်း (၁.၅၇၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းလမ်း မိုင်တိုင်အမှတ်၊ (၆၅/၃)အနီး ဒေသအခေါ် (၅)မိုင်နေရာ၊ မော်တော်ယာဉ်အမှတ်-(YGN-8D/8808) TOYOTA Dyna (အပြာရောင်)ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၂၉)ချောင်း (၁.၄၄၆၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး ကန်သာယာမီးပွိုင့်အနီး မြဝတီဓါတ်ဆီဆိုင်ရှေ့တွင် မော်တော်ယာဉ်အမှတ် (YGN P/3320) (Nissan Diesel (၆)ဘီး ခေါင်းဖြူ/ပြာကြား ကိုယ်ထည်မီးခိုးရောင်) ယာဉ်ပေါ်မှ တရားမဝင် ကျွန်း(၁၄၀)ခွွဲခြမ်း/ခွဲသား/တံခါး/ပြတင်း (၉.၇၃၇၆)တန်အား ပိုင်ရှင်မပါရှိပဲ ဖမ်းဆီးရမိခဲ့သဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ ပခုက္ကူ-မြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်၊(၁၂/၅) အနောက်ဘက်(၄)ဖာလုံခန့်အကွာ မုံညှင်းရွာအဝင်လမ်းဘေးအနီးနေရာတွင် တရားမဝင်ပိတောက်ခွဲသား (၄၅)ချောင်း (၃.၅၇၀၆)တန်အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages