Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၂-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကောလိယဆည်အတွင်း ခန့်မှန်းမြေပုံညွှန်း (F-886656, 874649) နေရာများတွင် တရားမဝင်(သစ်မာ/အခြား) သစ်လုံး/ ခွဲခြမ်း/ ခွဲသား(၉၄)လုံး/ ခြမ်း/ချောင်း (၂၃.၃၉၃၄)တန်အား သိမ်းဆည်းရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပုသိမ်မြို့နယ် ကိုးဆူတိုးလ်ဂိတ်တွင် ယာဉ်အမှတ်(1M/6569)တပ်ဆင်ထားသော အပြာရောင်(၆)ဘီး ယာဉ်နှင့် ယာဉ်အမှတ်(1J/4183)တပ်ဆင်ထားသော အပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်အခြားသားခွဲသား(၁၃၄၉)ချောင်း၊ (၉.၉၇၇)တန်နှင့် တရားခံ(၈)ဦးဖမ်းဆီးရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်၊ မိုးစစ်ကြိုးဝိုင်း၊ အကွက်အမှတ်(၃)၊ ခန့်မှန်းမြေပုံညွှန်း(KG-858983)နှင့် အကွက် အမှတ်(၆)၊ ခန့်မှန်းမြေပုံညွှန်း(KG-865982) နေရာများတွင် တရားမဝင် ကညင်သစ် (၁၀၅)လုံး၊ (၇၁.၂၄၀)တန်အား သိမ်းဆည်းရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအစည်းအဝေးခန်းမတွင် Ms. Francesca Marzatico (FLEGT Advisor) သည် သစ်တောဦးစီးဌာနရှိ FLEGT Unit အဖွဲ့ဝင်တို့နှင့်တွေ့ဆုံခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်းမတွင် Sustainable cropland and forest management in priority agroecosystems of Myanmar စီမံကိန်း မှ Senior Technical Advisor ဖြစ်သူ Mr. Soren Dalsgaard က သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် နှင့် အရာရှိများအား လာရောက်တွေ့ဆုံခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ရန်ကုန် မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး နော်ဝေနိုင်ငံ၊ မြို့တော် အော်စလိုမြို့သို့ ရောက်ရှိလာရာ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် နော်ဝေနိုင်ငံ ရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန (Ministry of Climate and Environment) ဝန်ကြီး H.E Mr. Vidar Helgesen နှင့်တွေ့ဆုံ၍ သစ်တောသယံဇာတများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေးဆိုင်ရာ နော်ဝေ-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုစီမံကိန်းများ အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ဆွေးနွေးကြသည်။

၂၂-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့မရဲစခန်း၊ သတင်းတပ်ဖွဲ့၊ စ.ရ.ဖ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင်လမ်း တိုးလ်ဂိတ်တွင် ယာဉ်အမှတ် (SHN- 8G/1591) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ဓားရွေ) (၃၇)လုံး/တုံး၊ (၄.၂၃၀၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၂၂-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ဆားတောင်ရဲစခန်း နှင် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်း-ရွှေဘို - မုံရွာကားလမ်း မိုင်တိုင်(၃၁/၇)၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာအနီးတွင် ယာဉ်အမှတ်(3G/9746)တပ်ဆင်ထားသည့် MITSUBISHI အမျိုးအစား ခေါင်းအဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် တမလန်း ဓားရွေ(၁၅)တုံး၊ (၃.၁၀၂၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

Pages