Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ ဦးစီးအရာရှိနှင့် ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ပါဝင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်း၊ လက်ယာဘက်ခြမ်း (၆)ဖာလုံခန့်နေရာ၌ မော်တော်ယာဉ်(၂)စီး၊ ထွန်စက်(၁)စီးနှင့်အတူ တရားမဝင်ပိတောက်ခွဲသားဆိုဒ်စုံ (၁၀၉) ချောင်း (၂.၆၉၉၀)တန်၊ (၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားခံ(၁၀)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၉-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ဆီဆုံကျေးရွာအရှေ့မြောက်ဘက်(၄)ဖာလုံ ခန့်အကွာ၊ သရက်တောမှ တရားမဝင်ပျဉ်းကတိုးခွဲသား(၆၉၈)ချောင်း (၁၄.၅၈၅၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မဟာမြိုင်ဘိနယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင် သစ် (၆)လုံး (၁၁.၅၃၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် ကနီမြို့နယ်၊ လာပို့-မင်းကင်းကားလမ်းအနောက်ဘက်ခြမ်း၊ မုံတုံးတံတားအနီးတွင် မော်တော်ယာဉ်အမှတ်(YGN 4B/5430) Super Custom (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၁၁)ချောင်း (၁.၃၇၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် မှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရဟတ်ယာဉ်မှတစ်ဆင့် သစ်စေ့မြေလုံး (Seed Balls ) များ ကြဲချရခြင်းအကြောင်းအရင်းများအား ရှင်းလင်းပြောကြားပါသည်။ ရဟတ်ယာဉ်ဖြင့် သစ်စေ့ မြေ လုံးများ ကြဲချရန် ပြည်ထောင်စုအစိုးရ အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုခံယူကာ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အင်းလေးကန် ရေဝေရေလဲ တောင်ကတုံများအား ပြန်လည်၍ စိမ်းလန်းစိုပြည်လာစေရန်၊ အင်းလေးကန်ကြီး ရေရှည်တည့်တံ့စေရေးအတွက် ရည်ရွယ်၍ သစ်စေ့များ ကျဲချရခြင်းဖြစ်ကြောင်း၊ ဤကဲ့သို့ အင်းလေးကန်တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး များ ကြဲချရခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် အင်လေးကန် ရေရှည်တည်တံ့နေစေရေးအတွက် စီမံကိန်းများ ချမှတ်အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ အလားတူ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြ မှ တက်ရောက်လာသူများအား ကြဲချမည့် သစ်မျိုးများ၊ သစ်စေ့ပြုလုပ်ကြဲချရခြင်းအကြောင်းများအား ရှင်းလင်းပြောကြားပါသည်။ သစ်စေ့မြေ လုံးများတွင် သစ်မျိုးများအနေဖြင့် ထင်းရှူး (၁) ပြည်၊ ချယ်ရီ (၇) ပြည်၊ ဘင်္ဂ (၁) ဗူး၊ တမလန်း (၁) ဗူး၊ ယင်းထိုက် (၁) ပြည်၊ သံသတ် (၁) ပြည်၊ ဘုံမဲဇာ (၁) ပြည်၊ ထောပတ် (၄၅၀) စေ့၊ စန္ဒကူး (၃) ပြည်၊ သစ်ချို (၁) ဗူး ၊ မဲဇလီ (၃) ပြည်၊ ညောင် (၃) ပြည်၊ စိန်ပန်းနီ (၂) ပြည်၊ စိန်ပန်းပြာ (၂) ပြည်၊ ကုက္ကို (၃) ပြည်၊ဩရီရှား (၄)ဗူး၊ သစ်အယ် (၃) ပြည်၊ ခါတော်မီ (၄) ဗူး သစ်မျိုးများပါဝင်ကြောင်း၊ ဖော်ပြပါ သစ်မျိုးများ အား သစ်စေ့မြေလုံး (၁၅၀၀၀၀) ကျော် ကြဲချစိုက်ပျိုးသွားမှာဖြစ်ပြီး၊ အသင့်ပြုလုပ်ပြီးငုတ်တက် (၃၀၀၀၀) ကျော်အား မြေအစို ဓါတ်ရှိ သောနေရာ၌ တိုက်ရိုက်ကိုင်းထိုးစိုက်ပျိုးသွားမှာဖြစ်ကြောင်း ပြောကြားပါသည်။
သစ်စေ့မြေလုံးများကြဲချမည့် နေရာများသည် အင်းလေးကန်၏ ရေဝေရေလဲ ဧရိယာတွင် ပါဝင်သော အင်းလေးအရှေ့ကြိုးဝိုင်း၊ အင်းလေးကန်အနောက်ကြိုးပြင်ကာကွယ်တော ဧရိယာများ ဖြစ်ကြောင်း သစ်စေ့မြေလုံများ ပြုလုပ်ရခြင်းမှာ မြေကြီးမြေဆွေးနှင့် သစ်စေ့ရောနှော၍ သစ်စေ့မြေလုံး (Seed Balls) သည် ရေအစိုဓာတ်ရရှိပြီးဖြစ်ခြင်း ၊ ရဟတ်ယာဉ်ပေါ်မှ ကြဲချရာတွင် သစ်စေ့အနေဖြင့် အလေးချိန်ရှိပြီး ဖြစ်သောကြောင့် မိမိကြဲချလိုသည့် နေရာသို့ တိကျစွာကြဲချခြင်းအကျိုးကျေးဇူး ရရှိကြောင်း၊ သစ်စေ့အနေဖြင့် မြေကြီးနှင့် လုံးထားပြီးဖြစ်သည့်အတွက် မြေအစိုဓါတ်နှင့် ရေအစို ဓါတ် လုံလောက်စွာရရှိပြီးဖြစ်ကြောင်း၊ ထို့အတွက် သစ်စေ့အနေဖြင့် ကောင်းစွာအပင်ပေါက် ရောက် နိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ သစ်စေ့များကြဲချရာတွင် ရဟတ်ယာဉ်၏ ဝန်သယ် ဆောင်နိုင်မှုအပေါ်မူတည်၍ ရဟတ်ယာဉ် အကြိမ်ရေ (၅ ခေါက်မှ ၆ ခေါက်ထိ ) ပျံသန်း ဆောင်ရွက် ရကြောင်း ပြောကြားပါသည်။ သစ်စေ့မြေလုံး (Seed Balls )များကြဲချရန် ရဟတ်ယာဉ်သည် ပထမအခေါက်အနေဖြင့် နံနက် (၀၉ : ၃၀)တွင် စတင်ပျံသန်းပါသည်။
အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် ရှမ်းပြည်နယ် သစ်တောဦးစီး ဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ Korea Forest Service and Asian Forest Cooperation Organization (AFoCO)မှ မီးသတ်ယာဉ်နှင့် ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၂-၉-၂၀၁၉ ရက်နေ့ (၁၀:၄၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(သစ်တော)ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကိုရီးယားသမ္မတနိုင်ငံမှ Mr. Kim Jae Hyun (Minister Korea Forest Sevice)နှင့် ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန အရာရှိကြီးများဖိတ်ကြားထားသည့်ဧည့်သည်တော်များတက် ရောက်ကြပါသည်။

၁၀-၉-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရေကျော်ချောင်း၊ ကြာအင်းချောင်းဘေးတွင် တရားမဝင် တောင်သရက်ခွဲသား (၉၈)ချောင်း (၁၁.၉၀၇၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၉-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားလမ်းဘေး ယာဉ် (၁)စီးပေါ်မှ တရားမဝင် တမလန်းခွဲသား/(တယောပုံ) (၃၉)ချောင်း (၂.၅၇၃၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages