၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်ဦ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ခမ်းပတ်မြို့၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာမှ တရားမဝင် ကျွန်း/ကညင် ခွဲသား(၂၀၂) ချောင်း (၆.၈၁၉၂) တန်၊ အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်း(၅)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၅-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းအုပ်စု၊ ကုလားပုန်းချောင်းအတွင်း စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကန့်ပလာ/လဘ/သမဲ့ကြီး ထင်း (၂၀၂၂) ချောင်း (၁၀.၄၅၄၄) တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၅-၂၀၁၆ ရက်နေ့၊ (နံနက် ၀၉:၃၀ ) အချိန်တွင် နေပြည်တော် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု အကြံပေး ကော်မတီ၏ စတုတ္ထအကြိမ် အစည်း အဝေး ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ဦး မှ အဖွင့်အမှာစကားပြောကြားပါသည်။အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ”ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့မှာ လုပ်ငန်းတာဝန် (၁၀)ချက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီနဲ့ အကြံပေး ကော်မတီတို့ကို ဆက်လက်ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအစည်းအဝေး (၆)ကြိမ်၊ လုပ်ငန်း ကော်မတီအစည်းအဝေး (၄)ကြိမ်နဲ့ အကြံပေးကော်မတီအစည်းအဝေး (၃)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသနဲ့ထိစပ်နေတဲ့ တိုင်း ဒေသကြီး၊ ပြည်နယ် (၆)ခုမှာလည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီ (၆)ခုနဲ့ ခရိုင်အဆင့် ကော်မတီ (၁၃)ခုတို့ကို ဖွဲ့စည်းခဲ့ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်း၊ နည်းပညာနှင့် ငွေကြေးအင်အားတွေ ရယူပြီး အရှိန်အဟုန်မြှင့်် ဆောင်ရွက်လျက်ရှိပါသည်။

၇-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဆီပုတ်ခုံအထက်(၃)ဖာလုံခန့်အကွာ၊ ချောင်းမငယ်ချောင်းဘေးမှ တရားမဝင် ကျွန်းခွဲသား (၁၀၄၄) ချောင်း(၆.၈၃၇၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့၏ ပူးပေါင်းချိတ်ဆက် သတင်းချပြချက်ဖြင့် ၉-၅-၂၀၁၉ ရက်နေ့တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ညောင်ဦးမြို့နယ်၊ ကြူပင်ကွေ့တောရကျောင်းအနီး၊ ရေကန်ဘောင်တွင် ကားခေါင်းတွဲမပါ နောက်တွဲယာဉ်အား တရားမဝင်ပိတောက်ခွဲသား(၁၅)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ ခရိုင်စစ်ကြောင်းအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ တောင်ပိတောက် ကုန်းကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့ဘက်နေရာတို့မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ အင်/ သန်း/ နှော/ တယ်/ ကြို့/ ထောက်ကြံ့ သစ်/ခွဲသား(၁၂၀)လုံး/ချောင်း (၁၉.၃၂၃၆)တန်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ကန်ပေါက်ကျေးရွာအရှေ့ဘက်(၃)ဖာလုံခန့်အကွာ ရေချမ်းစင်အနီးနေရာမှ နံပါတ်မပါသုံးဘီးဆိုင်ကယ်(၅)စီးနှင့်အတူ တရားမဝင်အင်ခွဲသား (၃၁၆)ချောင်း (၃.၄၁၅၂)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မြို့မ(၁)နယ်မြေ၊ တိုက်ကြီး-ဖူးကြီးလမ်းပေါ်မှ မော်တော်ယာဉ်အမှတ်မပါ NISSAN ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား/တံခါးရွက်(၁၈၇) ချောင်း /ချပ် (၆.၅၉၉၃)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages