Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၁၁-၂-၂၀၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ် ကူကားအုပ်စု မြေနီ(တ)ကျေးရွာ၊ ခန့်မှန်းမြေပုံညွှန်း FV.369635, 370635 နှင့် မြေနီ(တ)ကျေးရွာ အနောက်ဘက် ၁ ဖာ လုံခန့်အကွာ နဂျီပင်ချောင်းအနီး ခန့်မှန်းမြေပုံညွှန်း FV-366637 နေရာများတွင် တရားမဝင် (ကျွန်း/သစ်မာ/အခြား)တိုင်/ခွဲသား (၆၄)လုံး/ချောင်း (၂.၂၄၈၆)တန်နှင့်အတူ တရုတ်အင်ဂျင်(၃၂)H.P(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံး၊ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။
၂၆-၂-၂၀၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးနှင့် ကျောက်ထုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းကားလမ်း၊ ပန်းဆန်လမ်းဆုံတွင် ယာဉ်အမှတ် (7G/8001) တပ်ဆင်ထားသော အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးတိုင်(၃၄)လုံး၊ (၀.၇၂၂၅)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။
၂၅-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ကြို့ပင်ကောက်မြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စု၊ ပိတောက်မြိုင်ရွာ၏အရှေ့မြောက်ဘက် ခန့်မှန်းမြေပုံညွှန်း GR-938315,937316,937314 နေရာများတွင် တရားမဝင် ကျွန်း/သစ်မာ/အခြား (သစ်/တိုင်/ခွဲသား) (၂၅) ချောင်း၊ (၅.၅၀၃၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။
၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများသည် ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက်ပိုင်း၊ မြို့ပတ်လမ်းဘေးတွင် တရားမဝင် ပျဉ်းကတိုးသစ် (၁၁)လုံး၊ (၂.၀၇၉၈)တန်အား သိမ်းဆည်းရမိပါသည်။
၂၅-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စ.ရ.ဖ တပ်ဖွဲ့ဝင်များသည် တောင်ငူမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၁၅၄/၀ အနီး၊ ဂျပန်လမ်းထိပ်တွင် ယာဉ်အမှတ် မ/၁၁၄၅ တပ်ဆင်ထားသည့် ကာဂိုအမျိုးအစား၊ (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားသား(၃၄၂)ချောင်း၊ (၃.၇၈၉၈)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။
၂၆-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပေါက်မြို့နယ် ကမာကဘန်ရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ကမာကဘန်ရွာအုပ်စု၊ လေးအိမ်စုကွင်း၊ ခန့်မှန်းမြေပုံညွှန်း KV-546283 တွင် တရားမဝင် (သစ်မာ/အခြား) သစ်လုံး/ ခွဲခြမ်း/ ခွဲသား(၇၈)လုံး/ ခြမ်း/ ချောင်း(၁၈.၆၂၅၆)တန်၊ ဂျင်းမားအမျိုးအစား(၁၆)H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံးနှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းအား သစ်တောဦးစီးဌာနနှင့် အကျိုးတူဆောင်ရွက်နေသည့် ထူးကုမ္ပဏီများ စီးပွားရေးအုပ်စု(HTOO ZOO & GARDENS BUSINESS UNIT) တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission (NDRC) တို့ပူးပေါင်း၍ (၂၈-၂- ၂၀၁၇)ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေး ခန်းမ၌ စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံးဆိုလာပစ္စည်းများ အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း၊ လက်တွေ့သရုပ်ပြသင်တန်းဖွင့်လှစ်ကျင်းပရာ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာသောင်းနိုင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Global Environment Institute မှ Dr. Kui PENG မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပါသည်။








