Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၂-၉-၂၀၁၉ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အောင်သာယာရပ်ကွက် ရာဇာဌာနီလမ်း ပန်းခင်းမီးပွိုင့်အနီး မော်တော်ယာဉ် အမှတ် (YGN 3L/8946) WISH ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၅)ချောင်း (၀.၄၁၅၈)တန်၊ TASTO အမျိုးစား လက်ကိုင်စက်လွှ ချိန်းဆော (၁)လက် တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ITTO Regional Workshop on “Enhancing Conservation and Sustainable Management of Teak Forests and Legal and Sustainable Wood Supply Chains in the Greater Mekong Sub-region ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉:၀၀ တွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဤအလုပ်ရုံ ဆွေးနွေးပွဲကို မဲခေါင်ဒေသနိုင်ငံများရှိ ကျွန်းတောများ စဉ်ဆက်မပြတ် စီမံ အုပ်ချုပ်ခြင်းအတွက် သုတေသနလုပ်ငန်းများ၊ ဖွံဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးဖော်ထုတ်သွားရန်၊ ကျွန်းသစ်တောများအပေါ် ရင်းနှီးမြုပ်နှံမှုနှင့် တရားဝင်နှင့် စဉ်ဆက်မပြတ် ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် မူဝါဒနှင့် ဥပဒေကြောင်း ဆိုင်ရာ အစီအစဉ်များအပေါ် ပြန်လည်သုံးသပ်နိုင်ရန်၊ ဒေသခံပြည်သူများအပေါ် သစ်တော များ စီမံအုပ်ချုပ်မှု လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် ပေးအပ်နိုင်မှုအပေါ် မူဝါဒပိုင်း ဆိုင်ရာ အတွေ့အကြုံများ မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် ကိုရီးယား၊ ဂျပန်၊ ဘရာဇီး၊ နယ်သာလန်၊ အင်ဒိုနီးရှားနိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ လေ့လာသူများဖြင့် စုစုပေါင်း (၄၀)ဦး တက်ရောက်လျက်ရှိပါသည်။

၂၀-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၊ ပြည်သူ့စစ် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ကညင် သစ်/ခွဲသား (၁၃၂)လုံး/ချောင်း (၁၈.၉၄၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ Oriental Highway တိုးဂိတ်လ်အနီး မော်တော်ယာဉ် (၃)စီးနှင့်အတူ တရားမဝင် ပိတောက်/ကျွန်း ခွဲသား (၅၃၀)ချောင်း (၄.၆၉၅၄)တန်အား တရားခံ(၄)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သတိပဌာန်ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ တောရကြီးဘုန်းကြီးကျောင်းအနီး၊ ပဲနွယ်ကုန်း-ကျောက်ကြီးသွားကားလမ်း မော်တော်ယာဉ်အမှတ် (BGO-6N/3744) DUTRO(TRUCK)(၆)ဘီး ခေါင်းဖြူ၊ ကိုယ်ထည်ခဲရောင် ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄၈၇)ချောင်း (၄.၆၇၂၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၉-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ မအီခြေတော်ရာလမ်းဘေးမှ တရားမဝင် သင်ပုန်းခွဲသား (၆၁)ချောင်း (၇.၂၆၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် ဦးစီးရုံးချုပ် ၏ ချပြသတင်းပေးပို့ချက်အရ ၁၉-၉-၂၀၁၉ မှ ၂၂-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ(ပူးတွဲ)ရေစကြိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ ပေါင်လောင်ကျေးရွာ အနောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှ တရားမဝင် အင်/ကညင်/သပြေ/သဒီ (၁၂၄)လုံး/ချောင်း (၂၁.၃၈၈၆)တန်နှင့် စက်လှေ(၁)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာအဝင်လမ်းအတွင်း ရပ်တော်မူဘုရား အနီး၊ ရာဘာခြံအတွင်း မော်တော်ယာဉ်အမှတ်-(BGO-4P/1109) BONGO (၆)ဘီး အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၁၆)ချောင်း (၁.၇၂၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages