၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ကျောင်းကုန်း-သုံးဂွလမ်းဆုံ၊ ဆပ်ကွင်းကျေးရွာအုပ်စု၊ သုံးဂွကျေးရွာအနီး မိုင်တိုင်အမှတ် (၇/၆)နှင့် (၇/၇)ကြားတွင် မော်တော်ယာဉ်အမှတ်-5D/1533 Nissan Diesel (12)ဘီးခေါင်းပြာပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၅၃) ချောင်း (၁၁.၀၃၁၂)တန်နှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ၂၃-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်မြို့နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ တိုင်ကျိုးချောင်းတောင်ဘက် ဓနိခင်းနှင့် အုန်းခင်းကြားတွင် တရားမဝင် ကညင်/တောင်ပိန်း/ပိန္နဲ/တောင်သရက်ခွဲသား (၂၁၀)ချောင်း (၃၀.၀၃၀၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္ပလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟုမ္ပလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးတောင်ရွာအနီးဝန်းကျင်တွင် တရားမဝင်ကျွန်း/တမလန်း/အင်သစ်/ခွဲခြမ်း/ခွဲသား (၂၅၇)လုံး/ခြမ်း/ချောင်း (၃၁.၄၇၀၄)တန်နှင့် တရားမဝင်သစ်စက်နှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃.၅.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် လေးမျက်နှာကြိုးဝိုင်းအကွက် (၄၇)၊(၅၀)အတွင်း တရားမဝင် တောင်သရက်ခွဲသား(၉၂)ချောင်း (၁၆.၂၄၅၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ဉတ္တရခရိုင်၊ ဉတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ညောင်လူးကျေးရွာ ရာအိမ်မှူး ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်လူးကျေးရွာ အရှေ့မြောက်ဘက် သိမ်ချောင်းတစ်လျှောက်တွင် တရားမဝင် သစ်အယ်/သပြေ/တောင်ပရုတ်/သင်္ဂဒူ/မျောက်ငို (၂၄)လုံး (၈.၆၉၂၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၁.၅.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လွယ်ခေါကျေးရွာ အုပ်ချုပ်ရေးမှူး ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမိုးကောင်းကားလမ်တွင် သုံးဘီးဆိုင်ကယ်/ကား၊ သရီးကရောင်းကားပေါ်မှ တရားမဝင် ကညင်/ခလောင်ခွဲသား(၃၆၀)ချောင်း (၄.၉၂၄၆)တန် ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီးယင်းကြိုးဝိုင်းအကွက် (၁၃၆)၊ ခိုင်ကမ်း- ဒေါ်လွင်ကားလမ်းတွင် တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ခွဲသားဆိုဒ်စုံ (၆၃)ချောင်း၊ (၁.၅၁၅၀)တန်၊ ကျွန်းပကာ(၅၀)(၁.၂၆၇၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ သုဿာန်အနီး မော်တော်ယာဉ်အမှတ်(SHN-D/2025 Nissan Diesel အပြာရောင်)ပေါ်မှ တရားမဝင်သစ် ကျွန်း/သစ်ယာ/အင် ခွဲသား (၆၂၆) ချောင်း (၇.၇၀၉၂)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

Pages