၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၈-၅-၂၀၁၇ )ရက်နေ့(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား(A.D.B) ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လေ့ကျင့်ပညာပေးရေး ဗဟိုဌာန (RECOFTC- Centre for the People and Forest) ၊ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ယက် (MERN-Myanmar Environmental Restoration Network) နှင့် WWF (World Wildlife Fund) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၉:၃၀) အချိန်တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် “မဲခေါင်သစ်တောများအတွက် ဒေသခံတို့အသံ” စီမံကိန်းဆိုင်ရာ ကနဦးအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး သစ်တောထွက်ပစ္စည်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံးမျိုးကွဲများအား တရားမဝင်ထုတ်ယူဖမ်းဆီးသယ်ဆောင်ရောင်းဝယ် ဖောက်ကားခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၅-၅-၂၀၁၇ ရက်နေ့ (၁၁ : ဝ၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား အီတလီနိုင်ငံ Instituto Oikos မှ Ms.Tania Miorin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

(၉-၅-၂၀၁၇) ရက်နေ့၊ နေ့လည်(၁၃ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၄/၂၀၁၇ CF unit အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational Scientific and Cultural Organization-UNESCO) တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာအဖြစ် အမည်စာရင်းအဆိုပြုနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၉-၅-၂၀၁၇)ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် နေပြည်တော် (အမရဟိုတယ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသိရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၂၁၇/၀) မှ (၂ ) ဖာလုံခန့်အကွာ၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၇၈)တွင် ငလိုက်ဆည်အား အခြေပြု၍ ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို (၈-၅-၂၀၁၇)ရက်နေ့ နံနက် (၈:၀၀)နာရီအချိန် တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မှ ဖွင့်လှစ်ပေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်း မ၌ ၈-၅-၂၀၁၇ ရက်နေ့ (၀၉ : ဝ၀)နာရီအချိန်တွင် ရေဝေရေလဲအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဘိုနီအား JICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Takahiro Morita ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

Pages