၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

  သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော ဦးစီးအရာရှိ(ငွေစာရင်း)         (လစာနှုန်းကျပ် ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀)  ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် စာရင်းစစ်(၁)/ ရုံးအုပ်များအား လူတွေ့စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
 ပြည်ထောင်စုရာထူးဝန်အဖွဲ့၏(၉-၆-၂၀၁၇)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်သည့်နိုင်ငံဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများအရ ရေးဖြေစစ်ဆေးခြင်းပြုလုပ်ရမည်ဖြစ်ပါသဖြင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ဝန်ထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန် ၁၇-၇-၂၀၁၇ ရက်နေ့ နံနက်(၉:၃၀)တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ထမင်းစားဆောင်တွင် ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်…

(၁၄-၇-၂၀၁၇)ရက်နေ့၊ (၁၄:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ     ဒေါ်ဆုစန္ဒာအောင်(တောအုပ်ကြီး)ဝန်းကျင်/သားငှက်ဌာနမှ ထိုင်းနိုင်ငံတွင် သွားရောက်လေ့လာခဲ့သည့် (ရေဝပ်ဒေသများ စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းဆိုင်ရာ လေ့လာရေးခရီးစဉ်)အတွေ့အကြုံများနှင့် ဦးအောင်ဆန်း(လက်ထောက်ညွှန်ကြားရေမှုး) ဝန်းကျင်/သားငှက်ဌာနက တရုတ်နိုင်ငံတွင်တက်ရောက်ခဲ့သည့် (Thaining On Tourism Management in BIMP-DAGA,IMT-GT and GMS-Enhaning People to People Connetivity for Inclusive Growth) အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

၁၄.၇.၂၀၁၇ ရက်နေ့ (၁၁:ဝဝ)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား USAID,NASA တို့နှင့်ပူးပေါင်းဆောင်ရွက်နေသော SERVIR-Mekongm ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ Regional Land Cover Monitoring Systerm မှ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများဆောင်ရွက်ရေးနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်….

၁၄.၇.၂၀၁၇ ရက်နေ့ (၁ဝ:ဝဝ)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား ဂျပန်နိုင်ငံ Oji Asia Packaging Sdn Bhd(Myanmar Branch)မှ Mr. Seiro Tokunaga ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ပုဂ္ဂလိကစို်က်ခင်းတည်ထောင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်…

သင်တန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ သစ်တောကဏ္ဍအဆင့်မြင့်နည်းပညာ အသုံးပြုမှုဆိုင်ရာ လုပ်ငန်းများတွင် လူငယ်မျိုးဆက်သစ်များ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေးပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သစ်တောပြုန်းတီးခြင်းနှင့် သစ်အတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (REDD+)လုပ်ငန်းစဉ်တွင် သစ်တောဧရိယာများတိုးပွားလာခြင်း၊ လျော့ကျလာခြင်း၊ သစ်တောတစ်ယူနစ် ဧရိယာရှိပါဝင်ပင် သစ်ထုထည်များ တိုးပွားလာခြင်း၊ လျော့ကျလာခြင်း ကိန်းဂဏန်းအချက်အလက်များနှင့် သစ်တောများမှ စုတ်ယူသိုလှောင်သည့် ကာဗွန်ပမာဏကို ကာလအပိုင်းအခြားအလိုက် တိုင်းတာတွက်ချက်ရန် လိုအပ်ပါ၍ RS/GIS နည်းပညာများကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာပြီး နိုင်ငံအဆင့် သစ်တောဖုံးလွှမ်းမှု ပမာဏနှင့် ကာဗွန်တွက်ချက်ခြင်း လုပ်ငန်းစဉ်များကို ကာလအပိုင်းအခြားအလိုက် အချိန်တို အတွင်း တိကျစွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၁၃.၇.၂၀၁၇ ရက်နေ့ မွန်းလွဲ(၁၄:ဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား (ဂျပန်နိုင်ငံ မာကီဒိုရုက္ခဗေဒဥယျာဉ်(MBK)မှ ညွှန်ကြားရေးမှူးချုပ် Dr. Hajime Mizukani နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ၍ ဂျပန်နိုင်ငံ မာကီဒိုရုက္ခဗေဒ ဥယျာဉ်(MBK)နှင့် သစ်တောဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ရုက္ခဗေဒနှင့် အပင်မျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက် နိုင်ရေးနှင့် ပန်းပုံစံပြတိုက် အဆင့်မြင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ အားဆွေးနွေးခဲ့ကြပါသည်…

၁၀-၇-၂၀၁၇ ရက်နေ့ (၀၈:၄၀)နာရီ၌ ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများသည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိရာ မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ကြောင်းအတွင်းနှင့် ပတ်ဝန်းကျင်နေရာတို့မှ တရားမဝင်ကျွန်းသစ်လုံး(၁၄၆)လုံး (၂၁.၀၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရား မဝင်သစ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

၉-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဦးစီးအရာရှိ ခေါင်းဆောင်သော သစ်တောဦးစီးဌာန ဝန်ထမ်းများသည် သတင်းအရ တရားမဝင်သစ် ခိုး ယူသယ်ဆောင်ခြင်းအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ တောင်ငူမြို့နယ်၊ (၁)ရပ်ကွက်၊ ထီးလှိုင်လမ်းဘေးနေရာတွင် လမ်းခင်းကျောက်များဖြင့် ဖုံးအုပ်လျက် တရားမဝင် ပိတောက် ခွဲသား(၇.၉၅၄၂)တန်တင်ဆောင် ရပ်တန့်ထားသည့် ယာဉ်(၂)စီးအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/ယာဉ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာ ဖွေဖော်ထုတ်ရန် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်လျက်ရှိပါသည်။

Pages