၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် FAO တို့ပူးပေါင်းပြုလုပ်သည့် “အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ပိုင်ခွင့်အား စီမံခန့်ခွဲရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို (၉-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နေပြည်တော် Hotel Max တွင်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်သည် (၉-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပသည့် ကိုရီးယားနိုင်ငံမှ အလှူရှင်များ လှူဒါန်းဖွင့်လှစ်သော သစ်တောသုတေသနဌာန ဆေးခန်းဖွင့်ပွဲနှင့် ဝန်ထမ်းမိသားစုများအား အခမဲ့ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

စက်တင်ဘာ ၃၀၊ နေပြည်တော်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးမြင့်မောင် သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းမြို၊ အမျိုးသားဇီဝအရင်းအမြစ်များဆိုင်ရာသိပ္ပံဌာန National Institute of Biological Resources ၌ ကျင်းပပြုလုပ်သည့် ဇီဝအရင်းအမြစ်ဆိုင်ရာသုတေသန လုပ်ငန်းများ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပြပွဲ Special Exhibition on Biological Resources နှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် နိုင်ငံတော်၏ သစ်တောသယံဇာတများကို ပြည်သူလူထုအကျိုးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိနေသလို ဝိသမလောဘသားများ၏ တရားမဝင် သစ်ခိုးထုတ်ယူမှုနှင့် သယ် ဆောင်မှုများအား အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်း၍သော်လည်းကောင်း မိမိအစီအစဉ် ဖြင့်လည်းကောင်း အရှိန်အဟုန်မြှင့် ဖမ်းဆီးဖော်ထုတ် အရေးယူလျက်ရှိနေပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား Ms. Henrike Brecht ၊ Senior Infrastructure Specialist နှင့် Mr. Armando Guzma ၊ Senior Disaster Risk Management Specialist (TTLs) တို့ ဦးဆောင်သည့် The World Bank မစ်ရှင်အဖွဲ့မှ ယနေ့ ၇-၉-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၆:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြယ်ခေါင်မြို့ အကောက်ခွန်စခန်းနှင့် နောင်တောင်းမြို့ ကြော်ငြာသင်ပုန်းများတွင် တရုတ်ဘာသာဖြင့် ရေးသားဖော်ပြထားသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တရားမဝင်သစ် ကုန်သွယ်ခြင်းကိစ္စရပ်များ ရပ်တန့်စေခြင်းအတွက် တရားမဝင်သစ် တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်ချက်များ၊ မြန်မာနိုင်ငံအတွင်းဝင်ရောက်၍ တရားမဝင်သစ် ခိုးထုတ်သူများအား တရားဥပဒေအရ အရေးယူမည့် သတိပေးကြေညာချက်များကို လေ့လာ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဦးစီးအရာရှိများ စွမ်းဆောင် ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၇)ဖွင့်ပွဲအခမ်းအနားကို (၁၄.၉.၂၀၁၅) ရက်နေ့ ၊နံနက် (၈:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)၌ကျင်းပခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် Agroforestry စနစ်၏ ရှေးပြေး ဖြစ်သော တောင်ယာစနစ်'' Taungya System"သည် ၁၈၅၆ ခုနှစ်မှ စတင်၍ သစ်တောဦးစီး ဌာနတည်ထောင်ခြင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ရာ မကြာမီလအနည်းငယ် အတွင်းနှစ်ပေါင်း ၁၅၀တိတိရှိပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သိပ္ပံနည်းကျ သစ်တောအုပ်ချုပ်မှုကို ဂျာမန် လူမျိုး ဒေါက်တာ ဘရန်းဒစ်မှစတင်ခဲ့ပါကြောင်း၊ ၎င်းစနစ်များသည် မြန်မာနိုင်ငံမှတဆင့် အိမ်နီးချင်းနိုင်ငံများ ထိုမှတစ်ဆင့် အပူပိုင်းဒေသများသို့ ပျံ့နှံ့သွားခဲ့ကာ တောင်ယာဆိုသည့် မြန်မာစကားလုံးသည် အပြည်ပြည်ဆိုင်ရာ သစ်တောဝေါဟာရအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ ပါကြောင်း၊

Pages