၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၇-၇-၂၀၁၇ရက်နေ့(၀၉:၃၀)နာရီအချိန်ခန့်၌ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်ဦးစီးအရာရှိခေါင်းဆောင်သောသစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊လ.ဝ.ကနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ခိုးယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေလျက်ရှိရာ မြန်အောင်မြို့ နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၀၄/၅)အနီးတွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင်ပိတောက်ခွဲသား (၃၈)ချောင်း (၃.၇၂၇၆)တန်ကို ယာဉ်အမှတ်၊ 8H/2657 Canter (၆)ဘီးယာဉ်ပေါ်မှ တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားမဝင်သစ်/ယာဉ်နှင့် တရားခံများအား ဥပဒေနှင့်အညီ တရား စွဲဆိုဆောင်ရွက်လျက်ရှိပါသည်။

၄-၇-၂၀၁၇ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ ကောလင်း/ဝန်းသိုမြို့နယ် ဦးစီးအရာရှိများ နှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တရားမဝင်သစ်ထွက်ရှိရာ တောတွင်းနေရာများတွင် ရှာဖွေဖော် ထုတ်ဖမ်းဆီးခဲ့ရာ ဝန်းသိုမြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက်အမှတ် (၂၅၊ ၂၇)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၂၀၉)လုံး/ချောင်း (၂၀.၃၁၆၉)တန်ကို သစ်စက် (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/ သစ်စက်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အစီအစဉ်အရ ကိုရီးယားနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်ပေးသည့် ဆေးပေးခန်းအား သစ်တောဦးစီးဌာန ၊ သစ်တောသုတေသနဌာန(ရေဆင်း)၌ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ထားရှိပြီး ကိုရီ:ယားနိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များသည် သစ်တောသုတေသနဌာနသို့ နှစ်စဉ်လာ ရောက်၍ ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ယခုအခါ ကိုရီးယားနိုင်ငံ၊ ချွန်းဘွတ် အမျိုးသားဆေးရုံမှ အငြိမ်းစားပါမောက္ခ Dr.Yang Kyung Mou ဦးဆောင်သော ဆရာဝန်(၃)ဦး၊ ဆေးမှူးနှင့်သူနာပြု(၇)ဦး စုစုပေါင်း(၁၀)ဦးပါဝင်သော ဆေးပညာရှင်အဖွဲ့သည် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနသို့လာရောက်၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁ ရက်နေ့မှ ၁၆)ရက်​နေ့အထိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းစဉ်အဆင့်(၁)နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုတွေ့ရှိချက်နှင့် အဆင့်(၂)လုပ်ငန်းများအပေါ် ဖြည့်စွက် ဆွေးနွေးခြင်းနှင့် စီမံကိန်းဧရိယာများအား ရွေးချယ်အတည်ပြုခြင်း၊ စီမံကိန်းလုပ်ငန်း စဉ်အဆင့်(၂)လုပ်ငန်းအပေါ် ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် အတည်ပြုဆုံးဖြတ်ခြင်းနှင့် စီမံကိန်းအကောင်းအထည်ဖော်ဆောင်ရွက်မှုနှင့် အခြားအကြောင်းအရာများအား ဆွေး နွေးခဲ့ကြပါသည်။

၂၆-၆-၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဦးစီးအရာရှိ၊ သံဖြူဇရပ်မြို့နယ် ဦးစီးဌာနမှူးနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ လ.စ.ရ (၂)မှ ဗိုလ်ကြီး၊ မုဒုံ/သံဖြူဇရပ်/ကမာဝက်/ကျိုက္ခမီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြောင်းခရီးဖြင့် တရားမဝင်သစ် ခိုး ယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေခဲ့ရာ မုဒုံမြို့နယ်၊ အဘစ်ဘိနယ်၊ ကမာအုပ်ကျေးရွာ၊ ဝယ်ဗြဲချောင်းအတွင်း စက်လှေ(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း (၄၀) တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/စက်လှေများနှင့် ဆက်စပ်ပတ်သက်သူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်ပေးရန် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်သွားပါမည်။

၂၆-၆-၂၀၁၇ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ အောင်မြေသာစံမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန ဝန်ထမ်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ခိုးယူစုဆောင်းထားရှိမှုအား စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက် (၁၁၁)မှ တရားမဝင် ကျွန်းခွဲသား/သစ်ယာခွဲသား (၁၄၆၂)ချောင်း (၂၁.၃၂၅၆)တန် ကို တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး၊ တရားမဝင်သစ်နှင့် တရားခံများအား ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အ-ပ-က (၃)ဖြင့် အမှုဖွင့်လှစ်ထားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့၏ဖိတ်ကြား ချက်အရ ဘရာဇီးနိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ သွားရောက်၍ ဘရာဇီးလီးယားမြို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရုံးချုပ်တွင် ဌာနေ ကိုယ်စားလှယ် Mr. Niky Fabiancic နှင့် အဖွဲ့အားတွေ့ဆုံ၍  ဘရာဇီးနိုင်ငံ သစ်တောများ ပြုန်းတီးမှု လျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ဘရာဇီးနိုင်ငံ၏ အတွေ့အကြုံနှင့် ရင်ဆိုင်ရသော စိန်ခေါ်မှုများကို လေ့လာ၍ မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ ချခြင်း (REDD+)  လုပ်ငန်းများ အောင်မြင် စွာအကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၁၀-၇-၂၀၁၇)ရက်နေ့၊ (၁၃:ဝ၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာနတွင် အသုံးပြုရန် လိုအပ်သည့် ရုံးလုပ်ငန်းသုံး ပစ္စည်း များအား တင်ဒါစနစ်ဖြင့် ဝယ်ယူနိုင်ပါရန်အတွင် တင်ဒါပွဲ ကျင်းပပြုလုပ်ရာ တင်ဒါပွဲ ကျင်းပရေးကော်မတီ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်…
တင်ဒါအခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ဝယ်ယူလိုသည့် လုပ်ငန်းသုံး ပစ္စည်းများအား ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များမှ စျေးပြိုင်တင်ဒါစနစ် ဖြင့် စျေးနှုန်းတင်သွင်းကြပြီး စျေးပြိုင်တင်ဒါစနစ်ဖြင့် တင်သွင်းမှုများအပေါ် တင်ဒါကျင်းပရေးကော်မတီမှ တင်ဒါစည်းကမ်းချက်များနှင့်အညီ အောင်မြင်သူများ အား ရွေးချယ်အတည်ပြုခဲ့ကြပါသည်…

Pages