၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၀-၃-၂၀၁၇ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ အဌမအကြိမ်မြောက် ဒီရေတောဆိုင်ရာ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်း အဝေးကျင်းပပြုလုပ်ရာ ဒီရေတောဆိုင်ရာ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့ဥက္ကဌ၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း (Mekong Region Land Governance – MRLG) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော မဲခေါင်ဒေသ မြေယာစီမံအုပ်ချုပ်မှု စီမံကိန်းနှင့်ပတ်သက်၍ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Customary Tenure) ကို Grand Amara Hotel ၊ နေပြည်တော်၌ ၇-၃-၂၀၁၇ မှ ၉-၃-၂၀၁၇ ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပပြုလုပ် ခဲ့ပြီး သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင် က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။

အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကော်မတီ (National Biodiversity Conservation Committee-NBCC) ပထမအကြိမ်အစည်းအဝေးကို (၈-၃-၂၀၁၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ Forst Law Enforcement, Govermance and Trade, Voluntary Partenership Agreenaent (FLEGT-VPA) သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် လုပ်ငန်းစဉ် ဆောင်ရွက်နေမှု ရှင်းလင်းတင်ပြဆွေးနွေးပွဲ အခမ်းအနားအား (၉-၃-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၇-၃-၂၀၁၇ ရက်နေ့၊ နံနက်(၀၉ : ဝ၀)နာရီအချိန်တွင် မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း (Mekong Region Land Governance-MRLG)နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ(Regional Workshop on Customary Tenure) ကို Grand Amara Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

၇-၃-၂၀၁၇ ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ CF Unit အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား (Forest and Farm Facility - FFF) မှ စီမံကိန်းအရာရှိ Mr.Jhony Zapata မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

၃-၃-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် လက်ပံတန်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လက်ပံတန်းမြို့၊ ကံကြီးလမ်း၊ ဘီးလင်းတန်းလမ်းဆုံတွင် အစိမ်းရောင် ဂွန်ဒေါင်းယာဉ်ပေါ်မှ တရားမဝင် (ကျွန်း၊ ပျဉ်းကတိုး၊ အခြား) ခွဲသား(၂၈၄) ချောင်း (၄.၇၁၄၆) တန် နှင့်အတူ တရားခံ (၃) ဦးဖမ်းဆီးရမိပါသည်။

၃.၃.၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် တောင်ကုတ်မြို့နယ်၊ မအီချောင်း၊ သဒွန်ဆိပ်ကမ်းနှင့် (၃) ဖာလုံခန့်အကွာ ခန့်မှန်းမြေပုံညွှန်း (Y-313445)နေရာတွင် စက်လှေတစ်စီးပေါ်မှ တရားမဝင် အခြားခွဲသား (၅၀) ချောင်း၊ (၅.၄၀၈၄) တန် အား သိမ်းဆည်းရမိပါသည်။

Pages