၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာ၊ တွင်းနယ်ဘိနယ်စခန်းသို့ ကျောက်ဖျာ ချောင်းအတွင်း မျောပါလာသော တောဆင်ရိုင်းငယ် (၁)ကောင်အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ သစ်တောဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများမှ ဆယ်ယူ၍ ကျောက်ဖျာကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ မိခင်တောဆင်ရိုင်းမကြီး ရှိရာသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ဦးဆောင်၍ ဦးစီး/ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံသစ်တော ကျောင်းတာဝန်ရှိသူများတက်ရောက်၍ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာ (၉) လ သင်တန်း တွင် သင်ကြားပို့ချလျက်ရှိသော သင်ရိုးတမ်းပြန်လည်ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ အမျိုးသားဇီဝအရင်းအမြစ်များ သိပ္ပံဌာန NIBR တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဇီဝအရင်းအမြစ်များအသုံးပြု၍ အလှကုန်၊ ဆေးဝါး အစရှိသည်တို့အား စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် မြန်မာ−ကိုရီးယား ဇီဝအခြေခံ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (၂၀၁၅) Myanmar-Korea Bio-business Forum 2015: Where We Stand and Where To Go သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ ခရိုင် တာဝန်ခံအဆင့် သစ်တောအရာရှိများ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်၊ ဝန်ထမ်းကောင်းတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် စိတ်ဓါတ်၊ စာရိတ္တနှင့် ခံယူချက်၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေ များကို ကျွမ်းကျင်တတ်မြောက်လာစေခြင်းနှင့် လုပ်ငန်းအစီအမံများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တိကျမှန်ကန်စေရန် ရည်ရွယ်၍ ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို သစ်တောသုတေသနဌာန (ရေဆင်း)၊ စုဝေးခန်းမ၌ ယနေ့ (၆-၇-၂၀၁၅) ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် ဖွင့်လှစ်ကျင်းပခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်သည် (၁၇.၇.၂၀၁၅)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီတွင် သစ်တောသုတေသန၊ စုဝေးခန်းမ၌ ကျင်းပသော ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း နိုင်ငံအဆင့် သစ်တောကာဗွန်ထုတ်လွှတ်မှု ရည်ညွှန်းပမာဏ သတ်မှတ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန (IBC) ၌ (၂၀.၇.၂၀၁၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် “မြန်မာနိုင်ငံတွင် ဒီရေတောအခြေပြု ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည် ဆိုင်ရာအဖွဲ့၊ အနာဂတ်အတွက် ဒီရေတောများအဖွဲ့၊ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေး ကွန်ယက်စသည့်အဖွဲ့အစည်းများနှင့် ပျိုးပင်အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုတို့၏ ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၃၇၇ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၆)ရက်၊ (၂၂-၇-၂၀၁၅)ရက်နေ့ နံနက် (၀၅:၃၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပခဲ့ပါသည်။

Pages