၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ရုံး၊ အင်ကြင်းခန်းမ၌ ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခါကာဘိုရာဇီ ဒေသအား ကမ္ဘာ့သဘာဝ အမွေအနှစ် အမည်စာရင်း တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ (Steering Committee) (၁/၂၀၁၇) ပထမအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ရာ ကမ္ဘာ့သဘာဝအမွေအနှစ် အမည်စာရင်း တင်သွင်းရေး ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် UN- REDD+အစီအစဉ် တို့ပူးပေါင်း၍ ၂၉-၃-၂၀၁၇ ရက်နေ့ ၊ နံနက်(၉:၀၀)နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် REDD+ Safeguard Roadmap အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

(၁၇-၃-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅းဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာ စီမံကိန်းအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

၁၆-၃-၂၀၁၇ ရက်နေ့ နံနက်(၁ဝ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့်ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ “သစ်တောဦးစီး ဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Human Resource Development Plan) အစည်းအဝေး ” ကျင်းပပြုလုပ်ခဲ့ပါသည်။

တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT-VPA) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို (၁၀-၃-၂၀၁၇)ရက်နေ့တွင် မကွေးမြို့နန်းထိုက်သူဟိုတယ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။

၂၀၁၇ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်၊ ၁၂-၃-၂၀၁၇ ရက်နေ့၊ နေ့လယ်(၁ : ဝ၀)နာရီတွင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသည်။

၁၀-၃-၂၀၁၇ ရက်နေ့၊ မွန်းလွဲ(၁၅းဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages