၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ တောရိုင်းတိရ စ္ဆာန်များ၏ အစိတ်အပိုင်းများအား တရားမဝင်လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်အတူ သတင်းရယူ စုံစမ်းဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ တောရိုင်းတိရစ္ဆာန်များအား  တရားမဝင် ဖမ်းဆီးသတ်ဖြတ် ၍ ယင်းတို့၏ အစိတ်အပိုင်းမျာအား  သယ်ယူခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများအား ဖမ်းဆီးရမိသည့် ဖြစ်စဉ် တစ်ခုအနေဖြင့်    (၉-၇-၂-၁၇) ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်ခန့်တွင်   တာချီလိတ်ခရိုင်၊     တာချီလိတ်မြို့နယ်၊    သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးအောင်မိုး ဦးဆောင်သည့်သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် တာချီလိတ်မြို့နယ်၊  မယ်ယမ်းပူးပေါင်း စစ်ဆင် ရေးစခန်း၌ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် တာချီလိတ်မှ ကျိုင်းတုံဘက်သို့   ယာဉ်မောင်း   ဦးစိုင်းနွဲ့  ၁၃/ကတလ(နိုင်)၀၂၅၂၉၀  (ဘ) ဦးအိုက်စိုက် မောင်းနှင်လာသည့်  ယာဉ် အမှတ် (4E/8471)  တပ်ဆင်ထားသော probox  အမျိုးအစား ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်ရေခဲပုံးအတွင်း ထည့်သွင်းသယ်ယူလာသည့် အလျား (ခေါင်းမှအမြီးဖျားထိ) ၈ပေ ၈လက်မ၊ ခါးလည်လုံးပတ် ၃ ပေ ၁၀ လက်မ၊ ဦးခေါင်းလုံးပတ် ၂ ပေ၊ အမြင့် ၂ ပေ ၄ လက်မနှင့် အလေး ချိန် ၁၂၅ ကီလို/၂၇၅ ပေါင် ရှိ(ဝမ်းဗိုက်ခွဲ/အတွင်းကလီစာ)  ထုတ်ထားပြီး ကျားသေ အထီး (၁) ကောင်အား သယ်ယူလာသည့် ပိုင်ရှင်ဖြစ်သူ  ဦးငြိမ်းချမ်း  ၁၃/ကတန (နိုင်)  ၁၂၂၂၄၀ (ဘ) ဦးအိုက်ရီနိုင်  တို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။
 
 

လူသားတို့၏ စားဝတ်နေရေးကို ထောက်ပံ့ပေးသည့်အပြင် သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေး၍ အခြားဝန်ဆောင်မှုများရှာပေးစွမ်းနိုင်သည့် မြန်မာ့ရေဝပ်ဒေသများအား သစ်တောဦးစီးဌာနမှ တိုးချဲ့ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူတရပ်လုံးမှ ပူးပေါင်းပါဝင်ထိန်းသိမ်းကြစေရန် ရည်ရွယ်ချက်ဖြင့် သိရှိနည်းလည် နိုင်စေရန် ရည်ရွယ်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အစဉ်ပြေ ချောမွေ့စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး၊ မြန်မာ့ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် စီမံအုပ်ချုပ်မှုစနစ် များကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက်ထိရောက်မှန်ကန်သည့်ဆုံးဖြတ်ချက် များ ရရှိနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ရိုးစုံဒေသခံတို့၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဓါတ် အပြည့်အဝဖြင့် စုပေါင်းအကကောင်အထည်ဖော်ခဲ့သည့် ရိုးစုံဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောများသည် အောင်မြင်မှု အရှိန်အဟုန်တိုးမြင့် လာခဲ့ပြီး နိုင်ငံအဆင့်မှသည် ကမ္ဘာ့အဆင့်အသိအမှတ်ပြုခဲ့ရသည်အထိ အောင်မြင် နေမှုများအား နိုင်ငံသားများသိရှိအတုယူနိုင်ရေးကို သိရှိနည်းလည်နိုင်စေရန်

(၈၆) ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန်မည်ကဲ့သို့လျှောက်ထားရမည်၊ မည်သည့် နေရာ များတွင် ခွင့်ပြုနိုင်ပါသလဲ?
ဖြေ။ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်လိုသည့် ပုဂ္ဂလိက/အဖွဲ့အစည်း/ကုမ္ပဏီများသည် သစ် တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြလျှောက်ထားနိုင်ပြီး သစ်တော စီမံအုပ်ချုပ် ခွင့်ရှိသောမြေ(ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော)များရှိ တောပျက်မြေ/ ဌာနမှဆောင်ရွက်သည့် စိုက်ခင်းအခြားမြေအသုံးချသည့် အစီအစဉ်များနှင့် လွတ်ကင်းသောမြေများတွင် ပုဂ္ဂလိကစိုက်ခင်း လျှောက်ထား ခြင်းအား စိစစ်ခွင့်ပြုပေး လျှက်ရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် International Union for Conservation of Nature (IUCN) ၏ Mangroves for the Future (MFF)၊ Wildlife Conservation Society (WCS)နှင့် Fauna and Flora International (FFI) တို့ ပူးပေါင်းကျင်းပသည့်နိုင်ငံ အဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉-၆-၂၀၁၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၇-၆-၂၀၁၇)ရက်နေ့၊ (၁၄ : ဝ၀)နာရီ အချိန်တွင် Edotco Myanmar Limited မှ သစ်တောဦးစီးဌာနသို့ မော်တော်ဆိုင်ကယ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ် ပါသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို (၂၇-၆-၂၀၁၇) ရက်နေ့ နံနက်(၀၉:၀၀)နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

Pages