Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၁.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-ဉသျှစ်ကုန်းလမ်း၊ မြို့အဝင် တိုက်ညီနောင် ဆီဆိုင်အနီး၊ ယာဉ်အမှတ် MDY-11/1797FOTON (အပြာရောင်)ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၃၄)ချောင်း (၄.၁၅၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၉.၄.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပ.လ.န(၂)ကျေးရွာမှ (၂)ဖာလုံခန့်အကွာ ရာဘာခြံအနီးနေရာမှ တရားမဝင်သစ် ကညင်/ကြေးလံ/ဆေးခါး/တောဇီး (၄၀)လုံး(၃၃.၂၁၆၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၂၁-၄-၂၀၁၉ ရက်နေ့မှ ၂၂-၄-၂၀၁၉ ရက်နေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် မိုးမိတ်မြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ ဖောင်းကတောကြိုးဝိုင်းနှင့် မိုင်းသာကြိုးဝိုင်းတို့အတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား(၁၂၃၂)ချောင်း (၃၀.၁၄၃၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၀.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်နှင့် နန်းမော်ကယ်ရွာတောင်ဘက်နေရာတို့မှ တရားမဝင် ကျွန်းခွဲသား(၅၆၅)ချောင်း (၂၅.၁၆၀၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၁၉-၄-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း တရားမဝင် ကတွဒ်/သင်္ကန်း/ လေသရက်/သရဖီခွဲသား (၅၈)ချောင်း (၁၈.၈၂၉၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၄-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀)တွင် တရုတ်-မြန်မာ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၄-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်၊ကညင်ကွင်းရွာ၊ ဥယျာဉ်ခြံ၊ အမှတ်(၆)ရပ်ကွက်တို့အတွင်းမှ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်လင်းလွန်း/တောင်သရက်/မအူ/ဘောင်ဆန့်/ သစ်ပုတ်/သစ်/ခွဲသား (၂၈၀၈)လုံးချောင်း (၁၆၂.၇၄၃၆)တန်အား တရားခံ(၁၀)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀.၄.၂၀၁၉ ရက်နေ့မှ ၂၁-၄-၂၀၁၉ ရက်နေ့ထိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် တရားမဝင်သစ်ဖော်ထုတ်ရှာဖွေဖမ်းဆီးရေးဆောင်ရွက်လျှက်ရှိရာ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ပိတောက်သစ်/ ခွဲသား(၉၇)လုံး/ချောင်း (၂၂.၈၄၇၈)တန် အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages