၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၃၁-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်း များသည် တရားမဝင်သစ်ရှာဖွေ ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်ရာ မှော်ဘီမြို့၊ မြို့မ(၁)ရပ်ကွက်၊ ပေါ်တော်မူလမ်း၊ သိဒ္ဓိမင်္ဂလာ အခမဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းအနီးတွင် ယာဉ်အမှတ်YGN-1C- 2388 တပ်ဆင်ထားသော AD Van အဖြူရောင်ယာဉ် (ယာဉ်ပေါ်ပါသူများ ထွက်ပြေး) ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ် (၃၁)ချပ် (၀.၆၈၂၆)တန် ဖမ်းဆီးရမိခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများအား တရားမဝင်လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားမှုများအား သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်အတူ စုံစမ်းဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(၃၀-၁-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လယ်ဝေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ ရွာလယ်လမ်းတွင် တရားမဝင် ကျွန်းတိုင်(၁၆)လုံး၊ (၀.၈၅၆၀)တန်၊ အဆိုပါ တိုင်လုံးများအား သယ်ယူလာသည့် ယာဉ်အမှတ်(8E/5002) တပ်ဆင်ထား သည့် Light Truck အမျိုးအစား အဖြူရောင်(၄)ဘီးယာဉ်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၃၀-၁-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံ ခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ အနောက်ဘက်၊ စီမံကိန်းရုံးရှေ့တွင် ယာဉ်အမှတ် (8L/6414)နှင့် (5F/4013) တပ်ဆင်ထားသော ကင်တာအမျိုးအစား၊ အဖြူရောင်(၆) ဘီးမော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်(ကျွန်း/ပိတောက်)သစ်၊ဓားရွေ၊ဗုံတို၊ (၄၆) လုံး/ ချောင်း၊ (၉.၂၃၉၄)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ပါဝင်သောအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ တောင်မြဝတီကြိုးဝိုင်း အတွင်းရှိ (၂/၁၉၉၁)စီးပွားရေးကျွန်းစိုက်ခင်း (၇၅)ဧကအတွင်းမှ ခုတ်လှဲ၍ ထော်လာဂျီ ယာဉ်ဖြင့် သယ်ယူလာသည့် တရားမဝင် ကျွန်း(သစ်/တိုင်) (၅)လုံး၊ (၀.၃၁၈)တန်နှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရပ်ကွက်၊ စကားဝါလမ်း၊ ခြံအမှတ်(၄၀၂)၊ ဝါဝါဝင်းကုမ္ပဏီပိုင်ခြံဝင်းအတွင်းမှ ကုန်သေတ္တာ(၁၆)လုံးအတွင်း ထည့်သွင်းထားသည့် တရားမဝင် ပိတောက်စကွဲယား ခန့်မှန်း(၃၇၅)တန်ခန့်၊ တမလန်း စကွဲယားခန့်မှန်း (၂၀)တန်ခန့်၊ စုစုပေါင်း(၃၉၅)တန်ခန့်နှင့်အတူ ကွန်သေတ္တာသယ် ဆောင်သည့် (၁၀)ဘီးယာဉ် (၆)စီး၊ ယာဉ်(၇)စီး၊ ပိုင်ရိုက်စက်(၃)လုံး၊ ကုန်သေတ္တာ အလွတ်(၈)လုံး၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စံဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့၊ Oriental High Way ဂိတ်တွင် ယာဉ်အမှတ်- YGN-6G/3961 တပ်ဆင်ထားသော IPSUM အမျိုးအစား အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၉)တုံး (၀.၆၈၁၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ စစ်ဆေးထွက်ဆိုချက်များအရ တရားခံနှင့်ပါဝင်ပတ် သက်သူများအား သီပေါမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ထားရှိ ပါသည်။

(၁၇-၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages