Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၃-၂-၂၀၁၉ ရက်နေ့တွင် ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများ ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးချိုင့် မြို့နယ်၊ ဆူးပုတ်ကုန်းရွာအနောက်နေရာများမှ တရားမဝင် ကျွန်း/အင်ကြင်း သစ်လုံး/ခွဲသားစုစုပေါင်း (၂၇၃)လုံး/ချောင်း (၁၄.၇၀၈၂)တန်၊ အင်ဂျင်(၂)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ရေတာရှည်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောရဲတို့ပါဝင်သော ခရိုင်စစ်ကြောင်းပူးပေါင်းအဖွဲ့သည် အုတ်တွင်း-တောင်ငူ ဆက်စပ်နေရာ များအား ရှင်းလင်းဆောင်ရွက်ရာ ခပေါင်းကြိုးဝိုင်းအတွင်း နေရာ(၆)နေရာမှ စုစုပေါင်း တရားမဝင် ကျွန်းသစ်လုံး/ခွဲသား/ခွဲခြမ်း (၁၆၀)လုံး/ချောင်း/ခြမ်း၊ (၄၅.၆၄၂၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရာသို့ သယ်ယူပြီးပါကြောင်း တင်ပြအပ်ပါသည်။

၁၃-၂-၂၀၁၉ ရက်နေ့၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သာသနာရေးဦးစီးဌာနအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု၊ ဘာဝနာရွာ၊ ဘာဝနာ ဘုန်းကြီးကျောင်းဝင်း၊ ညောင်မြစ်ဆွဲအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ဇေယျသုခဇီးကန်ဘုန်းကြီးကျောင်းဝင်း၊ ကြာနီကန်ကျောင်း တိုက်ကြီးလမ်း၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်ဌေးရီ၏နေအိမ်ခြံဝန်းအတွင်းနှင့် ရန်နိုင်အေး (၅)လမ်း၊ အမှတ်(၄)ရပ်ကွက်နေ ဦးကျော်ထွန်းအောင်၏ နေအိမ်ခြံဝန်းအတွင်းတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ထောက်ကြံ့/အင်/လုံးပတ်၃ပေအောက် သစ်/ခွဲသား စုစုပေါင်း (၈.၄၀၃၈)တန်နှင့်အတူ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြန်အောင်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRSဖြင့် ရရှိသောသတင်း အရ ၁၃-၂-၂၀၁၉ ရက်နေ့၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဗန်းမောက်မြို့နယ်၊ မံကပ်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား (၃၇၆)လုံး/ချောင်း (၆၉.၂၇၂၄) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၂-၂၀၁၉ ရက်နေ့၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မူခင်းကူညီမှုပရဟိတအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်း မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဝဲကြီးရွာ၏ တောင်ဘက် (၁)မိုင်ခန့်အကွာ၊ ကျောက်ပေါက်ချောင်းဝ ယာခင်းတောစပ်၊ ပေါ်တော်မူကျေးရွာ၏ အရှေ့တောင်ဘက်(၄) ဖာလုံခန့်အကွာနှင့် (၇)မိုင် တကောင်း ကားလမ်း အနောက်ဘက်(၁)မိုင်ကွာဝဲကြီးရွာ၏အရှေ့ဘက်နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်ကတိုး စုစုပေါင်း (၂၄.၄၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၂-၂၀၁၉ ရက်နေ့၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ဘိုလဲကျွန်းအနီး၊ တောင်ဟင်း အိုးချောင်းအတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင် ကညင်/ရှစ်ခေါ/တောင်သရက်/ကတွက်/ သစ်တို/ ကံကော် သစ်/ခွဲသား စုစုပေါင်း (၈၁)လုံး/ချောင်း (၅၀.၈၄၁၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံ များအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၂-၂၀၁၉ ရက်နေ့၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဆင်ကုန်တိုင်ရွာအနောက်ဘက်၊ ရေနီကျေးရွာမြောက်ဘက်နှင့် မြောက်မိုးတားကြိုးဝိုင်းအကွက်(၂၉)အတွင်း မှ တရားမဝင် ကညင်သစ် (၂၂)လုံး (၆၅.၁၁၂၀) တန်၊ တရားခံ (၁)ဦးနှင့်အတူ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁) ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃/၁၄-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောရဲတို့ပါဝင်သော ခရိုင်စစ်ကြောင်း ပူးပေါင်းအဖွဲ့ သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်အတွင်းနှင့် ပိန်းချောင်းတစ်လျှောက် နယ်မြေရှင်းလင်းရာ ကျွန်း/ ပျဉ်းကတိုး/ အခြားခွဲသားများ တန်(၂၀)ကျော်ခန့်၊ ချိန်းဆော(၄) လုံး (၁ လုံးပျက်- ၃ လုံးကောင်း)၊ မီးသွေးအိတ်(၁၂၀)နှင့် အင်ဂျင်မပါ စက်လှေအသစ်(၁)စီး၊ တို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုဖွင့်ဆောင် ရွက်လျက်ရှိပါသည်။

Pages