Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၆-၂-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်မှ အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ပြည်-အောင်လံ-တောင်တွင်းကားလမ်းမပေါ် တောစိမ်းကျေးရွာနှင့် ရထား လမ်းကူးကြားတွင် ယာဉ်အမှတ် ဆ/၆၄၄၃ တပ်ဆင်ထားသော HINO အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်(ကျွန်း/ ပျဉ်းကတိုး) ခွဲသား (၆၀) ချောင်း၊ (၃.၃၆၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

(၆-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တော ဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်ငူမြို့နယ်၊ စမိုးထင်းကြိုးဝိုင်းအတွင်း ခန့်မှန်းမြေပုံညွှန်း (V-769186)နေရာတွင် ယာဉ်အမှတ်(8B/1639) တပ်ဆင်ထားသော (၁၀)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး(သစ်လုံး၊ ခွဲသား) (၈၂)လုံး/ ချောင်း၊ (၅.၈၆၄၂)တန်နှင့်အတူ လက်ကိုင်စက်လွှ(၁)လက်အား သိမ်းဆည်းရမိပါသည်။

(၆-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၁၂၄/၀ နှင့် ၁၂၄/၁)ကြား တွင် ယာဉ်အမှတ်(5J-1373) တပ်ဆင်ထားသော HINO အမျိုးအစား၊ နို့စိမ်းရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၈) ချောင်း၊ (၇.၀၉၆၀) တန်အား သိမ်းဆည်းရမိပါသည်။

(၅-၂-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် စံပါယ်နံ့သာရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ် စံပါနယ် နံ့သာ-ကန့်ဘလူကားလမ်း မိုင်တိုင် (၁/၀) အနီးတွင် ယာဉ်အမှတ် (M/709)နှင့် (SHN-L/5645) တပ်ဆင်ထားသော TE အမျိုးအစား၊ (၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်မာခွဲသား(၁၉၀)ချောင်း၊ (၆.၉၈၇၆) တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။

(၅-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြစ်ငယ်ရဲစခန်းမ ရဲတပ်ဖွဲ့ဝင်များ စာတိုးမြို့ပြင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီး ကျေးရွာ၊ မြို့သစ်ရပ်ကွက်၊ ဒေါ်အေးတင်၏ခြံဝင်းအတွင်းမှ တရားမဝင် (တမလန်း၊ ပိတောက်) ဓားရွေ(၃၂၁)တုံး၊ (၁၀.၇၉၆၄)တန်အား ဖမ်းဆီး ရမိပါသည်။

(၅-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးပြင်ကာကွယ် တော ခုတ်ကွက်ကြီး(၁၇)တွင် ယာဉ်အမှတ်(9I-9403) တပ်ဆင်ထား သော FAW အမျိုးအစားယာဉ်(၁)စီး၊ ယာဉ်နှင့် 6E/7875 တပ်ဆင်ထား သော WISH အမျိုးအစား ယာဉ်(၁)စီး၊ ယာဉ်အမှတ် 4I-2846 တပ်ဆင် ထားသော လိုက်ထရပ်အမျိုးအစား ယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၃)စီး ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၇၅)ချောင်း၊ (၉.၀၀၂၂)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။

(၄-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လာရှိုးမြို့မရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် လားရှိုး မြို့၊ မြို့ရှောင်လမ်းတိုးလ်ဂိတ်တွင် ယာဉ်အမှတ်(MDY-8A/1151) တပ်ဆင်ထားသော Dyna အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရား မဝင် ပိတောက်ဓားရွေ(၂၁)တုံး၊ (၂.၉၇၈၄)တန်နှင့်အတူ တရားခံ (၃)ဦး ဖမ်းဆီးရမိပါသည်။

(၄-၂-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပလွေးအမြန်လမ်းရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၂၀၁/၆)အနီးတွင် ယာဉ်အမှတ် (7A-9167) တပ်ဆင်ထားသော FUSO အမျိုးအစား(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၅၉)ချောင်း၊ (၈.၀၄၃၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

Pages