Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၁၆-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ကင်းစိန်စျေးနှင့် ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အသိသက်သေများပါဝင် သောပူးပေါင်းအဖွဲ့သည် မြစ်သားမြို့နယ်၊ မြစ်သားမြို့အနောက်ဘက် ကင်းစိန်စျေး ကျေးရွာ စမာမြောင်းအထက်(၄)ဖာလုံခန့်အကွာ သရက်ခြံအတွင်းတွင် တရားမဝင်(ပျဉ်းကတိုး/အခြား) သစ်/တိုင်/ခွဲသား(၂၂၀)လုံး/ချောင်း၊ (၁၆.၇၀၈၆) တန်၊ ချိန်းဆော(၁)လက်၊ ချန်ချိုင်း(32 H.P) အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများတပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံးနှင့် တရားခံ(၁)ဦး၊ ညောင်ဝန်းကျေးရွာ၊ ကြက်တိုက်ကွေ့ဘုရားအနီး သရက်ခြံအတွင်း တရားမဝင် အခြားခွဲသား(၆၃)ချောင်း၊ (၆.၀၈၂၈)တန်၊ ယူလင်(24 H.P) အင်ဂျင်(၁) လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်းများတပ်ဆင်ထားသည့် တရားမဝင် သစ်စက် (၁) လုံးနှင့် တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၇-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တံခွန်တိုင်ရပ်ကွက်၊ ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူး ပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြကျွန်းအောင်ဘုန်းကြီး ကျောင်းဘေးနှင့် ယာဉ်အမှတ်(MDY-8G/7387)တပ်ဆင်ထားသော Light Truck အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၂၉)ချောင်း၊ (၁.၂၁၇၆)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၇-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်၊ အုပ်ချု့ပ်ရေးအဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဆည်မြောင်း(တည်ဆောက်ရေး-၃)၊ ရုံးဝန်းအနီးတွင် ယာဉ်အမှတ်(1G/9142) တပ်ဆင်ထားသော SKAT အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား သစ်/တိုင် (၂၁)လုံး၊ (၂.၀၆၉၆)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၉-၂-၂၀၁၇)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်(၆၈)၊ ခန့်မှန်းမြေပုံညွှန်း(V-562438) နေရာတွင် တရားမဝင်(ကျွန်း/ပျဉ်းကတိုး/အခြား) သစ်/တိုင်/ခွဲသား(၄၃)လုံး/ချောင်း၊ (၃.၆၉၃၄)တန်အား သိမ်းဆည်းရမိပါသည်။

(၁၇-၂-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့ သည် ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကြိုးတံတားအနီး ခန့်မှန်း မြေပုံညွှန်း(FP.852609) နေရာတွင် ယာဉ်အမှတ်(AYY-2B/9107) တပ်ဆင်ထားသော HINO အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၃၈) ချောင်း၊ (၅.၅၄၄၈)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။

(၁၆-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများကြို့ပင်ကောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ် ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင် (၁၈၄/၂)အနီးတွင် ယာဉ်အမှတ်(ဘ/၃၇၂)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အပြာရောင်ယာဉ်ပေါ်မှ တရားမဝင်(ပျဉ်းကတိုး/အခြား)သစ်/တိုင် (၂၅)လုံး၊ (၄.၃၆၄၂) တန်အား သိမ်းဆည်းရမိပါသည်။

(၁၆-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြွန်တန်ဆာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဝဲဝန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သစ်တောမှုရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၈၈/၁)အနီး ခန့်မှန်းမြေပုံညွှန်း(G-158625) နေရာ၌ မော်တော်ယာဉ်နှင့် အနီးဝန်းကျင်တွင် တစ်စုံတစ်ယောက်မှမတွေ့ရှိဘဲ ရပ်တန့် ထားသည့် ယာဉ်အမှတ်(YGN-4I/1577) တပ်ဆင်ထားသော FOTON အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၃၃၇)ချောင်း၊ (၅.၃၄၉၂) တန်နှင့် ကျော်ဝင်းထွန်းအမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်(၁)ခုအား သိမ်းဆည်းရမိပါသည်။

(၁၆-၂-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ပါဝင်သောအဖွဲ့သည် မြင်းမူမြို့နယ်၊ တန်ပိုစစ်ဆေးရေးစခန်းအနီး၊ မိုင်တိုင် အမှတ် ၄၆/၃ နှင့် ၄၆/၄ ကြား ခန့်မှန်းမြေပုံညွှန်း (GV-673284) နေရာတွင် ရပ်တန့် ထားသည့် ယာဉ်အမှတ်(၈ဇ/၈၅၈၅) တပ်ဆင်ထားသည့် (CANTER) အမျိုးအစား၊ ခေါင်း (ဖြူပြာကြား)အရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၁၂) ချောင်း၊ (၁.၈၆၂၂) တန်အား သိမ်းဆည်းရမိပါသည်။

Pages