၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲနှင့် အာဆီယံ- တရုတ် ပတ်ဝန်း ကျင် ပူးပေါင်းထိန်းသိမ်းရေး ဖိုရမ်၂၀၁၄ သို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးသည် အာဆီယံတရုတ်ပတ်ဝန်းကျင်ပူးပေါင်းထိန်းသိမ်းရေးဖိုရမ် ၂၀၁၄ ၌ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား အိန္ဒိယနိုင်ငံ၊ KCT Group of Companies, Mining Division မှ Head of Business Development ဖြစ်သူ Mr. Joydeep Banerjee ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ မှ ယနေ့ နေ့လည် (၁၃:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ (၁၂-၉-၂၀၁၄) ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် ကျင်းပပြုလုပ်သည့် ဒေသတွင်း အတွေ့ အကြုံကောင်းများကို ဆင့်ပွား၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ဖြန့်ဖြူးမှု မြှင့်တင်ရေး စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် United Nations Development Programme - UNDP မှ Country Director ဖြစ်သူ Mr. Toily Kurbanov ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၂၈-၈-၂၀၁၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ တောအုပ် အဆင့် သစ်တောဝန်ထမ်းများ    ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဝန်ထမ်းစိတ်ဓာတ်မြင့်မားစွာ ထားရှိတတ်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ “REDD+ဆိုင်ရာ လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စာင့်ရှောက်မှု အစီအမံများ နှင့်ပြည်သူများ၏ ဆန္ဒသဘောထား ရယူခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားအား ယနေ့ နေ့လယ်(၁၄:၃၀) နာရီအချိန် တွင် နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

၁။ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ
(က)နောက်ခံသမိုင်းဖွဲ့စည်းမှုဆိုင်ရာ ဆောင်ရွက်ချက်များ
(ခ)ဖွဲ့စည်းမှုဆိုင်ရာ ဆောင်ရွက်ချက်များ
(ဂ)ဥပဒေ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ
၂။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ
 

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကြည့်ရှုစစ်ဆေး မြန်မာနိုင်ငံ၏ ပထဝီဝင်အခြေအနေနှင့် ရာသီဥတုကွဲပြားမှုပေါ်မူတည်၍ မြန်မာပြည်မြောက်ဖျား ရေခဲဖုံးဟိမဝန္တာတောင်တန်းမှသည် မြန်မာပြည်တောင်ဘက်ပိုင်းပင်လယ်ကမ်းရိုးတန်းဒေသအတွင်း ဂေဟစနစ်ကွဲပြား ခြားနားလျက် ရှိရာရေတိမ်ဒေသသည်လည်းဂေဟစနစ်(၈)မျိုးတွင် တစ်မျိုးအပါ အဝင်ဖြစ် သည်။ ရေတိမ်ဒေသသည် ကမ္ဘာနိုင်ငံအသီးသီးတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးမရှိမဖြစ်လိုအပ်သောသံယံဇာတနှင့် ဂေဟစနစ်များထိန်းသိမ်းထားရှိရာဒေသဖြစ်သည့် အတွက် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ်ဖွဲ့စည်းပြီးဆောင်ရွက်လျက် ရှိသည်။

သစ်တောတက္ကသိုလ်၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ သိပ္ပံ(သစ်တောပညာ)ဘွဲ့၊ (၆)နှစ်သင်တန်းသို့ ၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ လျောက်ထားနိုင်ကြောင်း ကြေငြာအပ်ပါသည်။

Pages