Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၂၇)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံ ကျင်းပမည်ဖြစ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော ကျွမ်းကျင်သူ(အဆင့်-၄) လစာနှုန်း (ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တောအုပ်ကြီး(၇၆) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀) နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသန၊ ရေဆင်းစုဝေးခန်းမ၌ (၄-၇-၂၀၁၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအား ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ချက်များအပေါ် အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
ဂျပန်နိုင်ငံ Sapporo Zoo တို့၏ တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ Sapporo Zoo က ပေးပို့လာသော အာဖရိကမှ တင်သွင်းသည့် မြင်းကျား အထီး(၂)ကောင်၊ အမ(၁)ကောင်၊ ပေါင်း (၃)ကောင် သည်(၃၁-၅-၂၀၁၆)ရက်နေ့ည (၁၉:၀၀)နာရီတွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ မှ တစ်ဆင့် လေယာဉ်ခရီးစဉ်အမှတ် TG 305 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
ဇွန်လ (၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို (၅-၆-၂၀၁၆) ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်ကာ အဖွင့်မိန့်ခွန်းမြွက်ကြားခဲ့ပါသည်။
သစ်တောများ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီ တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ အင်းကြင်းခန်းမ၌ (၃-၆-၂၀၁၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် အမျိုးသားပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်း အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍အဖွင့် အမှာစကား ပြောကြားသည်။