Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

Nay Pyi Taw, Myanmar: On October 18 Ministry of Environmental Conservation and Forestry (MOECAF) on behalf of the National Land Resource Management Central Committee publicly released the draft National Land Use Policy.This is the first policy of its type to be developed in Myanmar. 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် သစ်တော သုတေသနစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ စတင် ၍ နေပြည်တော် ရုံးအမှတ် (၃၉)ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ ၌ ကျင်းပမည်ဖြစ်ပြီး သုတေသနစာတမ်း ၁၆ စောင် ဖတ်ကြားဆွေးနွေးမည် ဖြစ်သည်။

နေပြည်တော်၊ Grand Amara Hotel တွင် (၃-၁၁-၂၀၁၄) မှ (၄-၁၁-၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သော အရှေ့တောင်အာရှဒေသ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေး ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၏ CITES သိပ္ပံဆိုင်ရာ တာဝန်ခံဖြစ်သူ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး- ဦးဝင်းနိုင်သော်မှ အဖွင့်အမှာစကားပြောကြားပါသည်။

၁။                ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၂၄)ရက်စွဲပါ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများ မှခေါ်ယူ ထားသည့်သစ်တောဦးစီးဌာနတွင်လစ်လပ်လျှက်ရှိသော တောအုပ်ကြီး(လစာနှုန်းကျပ် ၉၉၀၀၀-၁၀၀၀-၁၀၄၀၀၀)ရာထူး(၂၇)နေရာအတွက် လျှောက်လွှာတင်ထားသောပုဂ္ဂိုလ်များကို   သစ်တောတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအတိုင်း ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် (၆-၁၀-၂၀၁၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အင်းလေးကန်ရေရှည်တည်တံ့ရေး နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး(၅)နှစ်စီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ -ACIAR (အာစီယာ) မှ Team Leader and Catchment Management Specialist ဖြစ်သူ Dr. CHRISTIAN HEINRICH ROTH ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၇-၁၀-၂၀၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် Solar Impulse and Party, Switzerland မှ CEO, Co-Founder Mr. Andre Borschberg နှင့် အဖွဲ့ အား ယနေ့၇-၁၀-၂၀၁၄ ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲနှင့် အာဆီယံ- တရုတ် ပတ်ဝန်း ကျင် ပူးပေါင်းထိန်းသိမ်းရေး ဖိုရမ်၂၀၁၄ သို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးသည် အာဆီယံတရုတ်ပတ်ဝန်းကျင်ပူးပေါင်းထိန်းသိမ်းရေးဖိုရမ် ၂၀၁၄ ၌ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး

Pages