Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် မှော်ဘီမြို့တွင် “ဝါးလက်မှုထုတ်ကုန်သင်တန်း”ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ၀၈:၃၀ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ AFoCO Secretariat မှ Program Officer ၊ Ms. Soozin Ryang နှင့် CFDTC(မှော်ဘီ)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့် သင်တန်းသား၊ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။
(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဒုတိယနေ့အဖြစ် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ရေဆင်း၊ သစ်တောသုတေသန၊ စုဝေး ခန်းမ၌ (၂၁-၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သဘာပတိ များအဖြစ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဆင့်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရိုစီနေဝင်းတို့မှ ဆောင်ရွက်ခဲ့ကြပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ကာဗွန်ဆိုင်ရာ စာတမ်း(၂)စောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာစာတမ်း(၄)စောင်၊ သစ်ဂုဏ်သတ္တိနှင့် သစ်အသုံးချခြင်းဆိုင်ရာ စာတမ်း(၅) စောင်၊ မြေအသုံးချမှုပြောင်းလဲခြင်းအား RS, GIS အသုံးပြု၍ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ စာတမ်း(၂)စောင်တို့အား ဖတ်ကြားခဲ့ရာ တက်ရောက်လာသူများမှ ဆွေးနွေးခြင်း၊ အကြံပြုခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ ယနေ့စာတမ်းဖတ်ပွဲ အခမ်းအနားသို့ သဘာပတိများ၊ သုတေသီများ နှင့် တက်ရောက်လာသူများစုစုပေါင်း(၉၀)ဦး ရှိကြောင်းသိရှိရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၁၂-၁-၂၀၂၄)ရက်နေ့မှ (၁၈-၂-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈၃.၈၂၅၄) တန်ဖမ်းဆီးရမိခဲ့ပါသည်။
၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို (၂၀-၂-၂၀၂၄) ရက်နေ့တွင် ဟားခါးမြို့၊ ဗျူဟာကုန်း တွင် ကျင်းပဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး
ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ချင်းအစိုးရ အဖွဲ့ဝင် များတက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသူများ မှ ပြခန်းများအား လှည်လည်ကြည့်ရှုရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပြခန်းတွင် သစ်တောဦးစီးဌာန တာဝန်ရှိဝန်ထမ်းများက ခင်းကျင်းပြသမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြခန်းတွင် ကျောင်းသား/ ကျောင်းသူများ၊ တက် ရောက်လာသောပြည်သူများနှင့် စည်ကားလျက်ရှိကြောင်းသိရှိရပါသည်။
(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား သစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ် များ၊ သုတေသန စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေးကို (၂၀-၂-၂၀၂၄) ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ခေါင်းဆောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးလှမောင်သိန်း အဖွင့်အမှာစကားပြောကြားသည်။ အမြဲတမ်း အတွင်းဝန်က အဖွင့်အမှာစကားပြောကြားရာတွင် မြေအသုံးချမှုများစီမံခန့်ခွဲရာတွင် အထောက်အကူပြုရန်အတွက် မြေနှင့်သက်ဆိုင်သည့်မှတ်တမ်းများ၊ သတင်းအချက်အလက်များ တိကျမှန် ကန်စေရေး၊ အများပြည်သူအား ပွင့်လင်းမြင်သာစွာသိရှိစေရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြေစီမံခန့်ခွဲခြင်း၊ မြေခွဲဝေချထားခြင်း၊ အသုံးချမှုစီမံကိန်းလုပ်ငန်းများ အရည်အသွေးကောင်းမွန် စေခြင်းနှင့် မြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ခြင်းများနှင့်ပတ်သက်ပြီး လမ်းညွှန်ကြီးကြပ် ရမည့်ကိစ္စရပ်များသည် အစဉ်တစိုက်လုပ်ဆောင်ရမည့် ကိစ္စများဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက် နှင့်အညီ ကောင်စီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်အပေါ် ဆောင်ရွက်ပြီးစီးမှုများကို Update လုပ်နေရ မှာဖြစ်သလို အဖွဲ့ဝင်များအနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်တိုက်တွန်းကြောင်း ပြောကြား သည်။ အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူးများအဖွဲ့ဝင် ညွှန်ကြား ရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တတ်ရောက်ဆွေးနွေးကြောင်း သတင်းရရှိ ပါသည်။
(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ပထမနေ့အဖြစ် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ရေဆင်း၊ သစ်တောသုတေသန၊ စုဝေး ခန်းမ၌ (၂၀-၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သဘာပတိများအဖြစ် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဒေါက်တာညီညီကျော်၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ခင်ကြည်တို့မှ ဆောင်ရွက်ခဲ့ကြပြီး ဇီဝမျိုးစုံမျိုးကွဲ လေ့လာဆန်းစစ်ခြင်း၊ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် စိုက်ပျိုးပြုစုခြင်းဆိုင်ရာ စာတမ်း(၅)စောင် ၊ သစ်တောကဏ္ဍဆိုင်ရာ စာတမ်း(၅)စောင်၊ အပင် ရောဂါနှင့် အင်းဆက်ပိုးမွှားကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ စာတမ်း(၂)စောင် စုစုပေါင်းသုတေသနစာတမ်း (၁၂) စောင်ဖတ်ကြားခဲ့ပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၄.၀၇၈၇)တန်၊ သစ်မာ (၁၂.၅၇၈၄)တန်၊ အခြား (၅၁.၁၈၅၈)တန်၊ စုစုပေါင်း (၁၂၇.၈၄၂၉)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၂၂) ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၂-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ မြို့မဘိနယ်၊ သာစည်ကျေးရွာဘုန်းကြီးကျောင်း၏ အနောက်ဘက်ကပ်လျက် ငှက်ပျောြခံအတွင်း/ ကြက်သွန်ခင်းကျေးရွာနေ ဒေါ်စန်းဝင်း၏ နေအိမ်ခြံဝင်းအတွင်း၊ ဦးဇေယျာဦး၏ နေအိမ်ခြံဝင်းအတွင်း၊ ဦးကျော်မင်းအောင်၏ နေအိမ်ခြံဝင်းအတွင်း၊ ဦးလှမိုး၏ နေအိမ်ခြံဝင်းအတွင်း/ ပေါက်ပင်သာ(တဲစု)ရွာ အနောက်ဘက် ဆည်မြောင်းဘောင်ပေါ်/ ရွာဘုန်းကြီးကျောင်းအနောက်ဘက် ခြံဝင်း အလွတ်အတွင်း/ ရွာအနောက်ဘက် လယ်ကွင်းစပ်/ ရွာအရှေ့ဘက် လယ်ဝင်းစပ်/ ပေါက်ပင်သာ(တဲစု)ရွာနေ ဦးနန်းဝင်း၏ နေအိမ်ခြံဝင်းအတွင်း တို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/လုံးပတ်၃ပေအောက်သစ်/ဆက်တီ (၃၂၈) လုံး/ချောင်း (၂၂.၈၇၁၂)တန်၊ ကား (၁)စီး၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ၊ တရားခံ (၅)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-