Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences-CAS)၊ စစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ်(Xishuangbanna Tropical Botanical Garden-XTBG) တို့ပူးပေါင်း၍ “မြန်မာနိုင်ငံရှိ ဇိဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်း (FD-CAS Project)” အား ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅) နှစ်ကြာသက်တမ်းရှိသော နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ နားလည်မှုစာချွန်လွှာအား ဒုတိယအကြိမ်(၅)နှစ် သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၀၆၈၀)တန်၊ သစ်မာ (၂၆.၉၁၂၆)တန်၊ အခြား (၅၆.၁၇၈၀)တန်၊ စုစုပေါင်း (၉၇.၁၆၇၆)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စိုင်းရဘိနယ်၊ စိုင်းရကြိုးဝိုင်း၊ အကွက် အမှတ်(၆၅)အတွင်း၊ ဂုံမင်းမြောင်တောစပ်အနီးနှင့် ကျောက်မဆင်-၂ဘိနယ်၊ ရိုးမကြိုး ပြင်ကာကွယ်တောအတွင်း တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/လုံး ပတ်(၃)ပေအောက်သစ် စုစုပေါင်း (၁၆၁)လုံး/ချောင်း (၁၉.၁၆၁၆) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင်( ၁၄၅ )ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့သို့ (၇-၂-၂၀၂၄)ရက်နေ့၊ နေ့လည်( ၁၃:. ၃၀)နာရီအချိန် လာရောက်လေ့လာကြည့်ရူကြရာ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်းတို့မှ တာဝန်ရှိသူများမှ လိုက်ပါရှင်းလင်းပြသကြကြောင်း သတင်းရရှိသည်။
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင်( ၁၃၈ )ဦးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရှိတိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာ ပြခန်းတို့သို့ (၇.၂.၂၀၂၄) ရက်နေ့၊နံနက်( ၀၇: ၀၀)နာရီချိန် လာရောက် လေ့လာကြည့်ရူကြရာ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်းတို့မှ တာဝန်ရှိသူများမှ လိုက်ပါရှင်းလင်းပြသကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကာလအလယ် အကဲ ဖြတ်ခြင်းလုပ်ငန်းအစည်းအဝေးအား (၇-၂-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင်၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ဒုတိယညွှန်ကြားရေး မှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ MRRP (၁၀)နှစ်စီမံကိန်း ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလအလယ် ရောက်ရှိပြီ ဖြစ်၍ စီမံကိန်းကြီးကြပ်စစ်ဆေးခြင်းနှင့် စဉ်ဆက်မပြတ်အကဲဖြတ်ရေး လုပ်ငန်းအဖွဲ့ ဝင်များမှ လုပ်ငန်းတစ်ခုချင်းအလိုက် အားသာချက်၊ အားနည်းချက်နှင့် ခွင့်ပြုစံနှုန်းများ စိစစ်သုံးသပ်ခြင်းတို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသော စီမံကိန်းတာဝန်ခံ များနှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများက အကြံပြုဆွေးနွေးခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၃၀)နေရာအတွက် လျှောက်လွှာပိတ်ရက်အား (၉-၂-၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သစ်တောဦးစီးဌာန၏ လျှောက်လွှာခေါ်ယူခြင်း ကြေငြာစာအမှတ် (၁/၂၀၂၄)ဖြင့် ၆-၁-၂၀၂၄ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ သတင်းစာများနှင့် သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mmတွင် ကြေညာခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားရန် ကျန်ရှိသူများ ထပ်မံသိရှိ လျှောက်ထားနိုင်ရေး လျှောက်လွှာပိတ်ရက်အား (၃-၃-၂၀၂၄) ရက်နေ့သို့ တိုးမြှင့်သတ်မှတ်ကြောင်း နှင့် အောက်ပါအချက်အလက်များအား ဖတ်ရှုလေ့လာ၍ လျှောက်ထားနိုင်ကြောင်း ကြေညာအပ် ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးစိုက်ပျိုးပြုစုပျိုးထောင်ခြင်း၊ မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်လက်တွေ့ပြုလုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
၅-၂-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ လာသောဝန်ထမ်း များမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေး မှူးချုပ်ရုံးမှအရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာ သင်းသင်း(လက်ထောက်ညွှန်ကြားရေးမှူး)စီမံကိန်းနှင့်စာရင်းအင်းဌာနကအင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အာဆီယံဒေသအတွင်းရှိ စားရေရိက္ခာစနစ်များရေရှည် တည်တံ့ စေရေးဆိုင်ရာ နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည် အတွေ့အကြုံ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူ များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။