Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်/ရန်ကုန်/ရတနာပုံ)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်) နှင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)တို့ကို အတွဲလိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်း ဆောင်ရွက်ခြင်းကော်မတီများ အစည်းအဝေးကို (၄-၃-၂၀၂၄)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင်ကျင်းပပြု လုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီအဖွဲ့ဝင်များ၊ ကြမ်းခင်းဈေးနှုန်းတွက်ချက်ရေးကော်မတီဝင်များ တက်ရောက်ကြပြီး ဆွေးနွေးကြကြောင်းသိရှိရပါသည်။

နေပြည်တော်၊သစ်တောဦးစီးရုံးချုပ်၊တိုးချဲ့ပညာပေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်မိုးတို့သည် ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၃.၃.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမတောင်ပေါ် (၂ )ကြိုးဝိုင်း၊ အကွက်အမှတ် (၁၅)ရှိ ဦးချစ်သိန်းပါ (၁၀၉) ဦး စိုက်ပျိုးထားသောဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(၅၀၉) ဧက အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ခင်းလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး (၃၀)နေရာအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

မီးဘေးအန္တရာယ်ဖြစ်ပေါ်စေတတ်သော နွေကာလသို့ ရောက်ရှိလာပြီဖြစ်၍ AFoCO RETC သင်တန်းကျောင်း မှော်ဘီမြို့ မီးဘေးလုံခြုံရေးအတွက် စီမံချက်နှင့်အညီ ကြိုတင် ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရန်အတွက် မှော်ဘီမြို့နယ်၊ မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ “မီးဘေးအန္တရာယ် ကာကွယ်ရေး ဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်း”ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ တွင် ကျင်းပခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၁၉-၂-၂၀၂၄)ရက်နေ့မှ (၂၅-၂-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၈.၃၄၉၄) တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၉-၂-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ထမ်းမျာ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းပေးပို့ တင်ပြခဲ့သည့် ဆန္ဒပြုလွှာ (၇)စောင်အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးခြင်းစီမံကိန်း (MLC Education Project)၏ ရေအရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ရေအရည်အသွေးဓာတ်ခွဲခန်း သစ်တောသုတေသနဌာန၊ ရေဆင်း၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး အဖွင့်အမှာစကားပြောကြားသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၃.၆၂၈၂)တန်၊ သစ်မာ (၂၄.၃၁၃၀)တန်၊ အခြား (၂၄၄.၁၇၉၈)တန်၊ စုစုပေါင်း (၃၂၂.၁၂၁၀)တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၂၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၂-၂၀၂၄ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြင်ကိုက်ကွင်းဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ လယ်ကွင်းစပ်မှ တရားမဝင် ကညင်/တောင် သရက်/စကားဝါ ခွဲသား စုစုပေါင်း (၅၇၉)ချောင်း (၉၀.၂၄၂၆)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages