Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၃၁-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအဖွဲ့သည် ရည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်းပေါ် သိမ်ကုန်းကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခွဲခန့်အကွာ နေရာမှ မော်တော်ယာဉ်အမှတ်(MDY 3J/5906) LIFAN (အပြာရောင်)(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်သစ်ယား/သစ်စေး/လင်းဇင်း/လောက်ယား/သပြေခွဲသား (၈၂၂)ချောင်း (၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်အမှတ် (၂၃/၂)နှင့် (၂၃/၃)အကြား KYAW SAN ဆီဆိုင်အနီး၊ ချောင်းကြီးကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု မော်တော်ယာဉ်အမှတ် (5B/2505) Nissan စိမ်း/ပြာရောင် (၁၀)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကညင်သစ်ခွဲသား (၆၇၅)ချောင်း (၁၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃၀-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခ.လ.ရ(၉၅)တပ်မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းစံပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်ရဲစခန်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 2H/1030) FUSO Canter (လိမ္မော်ရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၅၀)ချောင်း (၁)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အထက်မတ္တရာကြိုးဝိုင်းအကွက်အမှတ်(၄၊ ၁၁၊ ၉)အတွင်း တရားမဝင်ပျဉ်းကတိုး/အင်/ကညင်သစ်/ခွဲသား(၃၇)လုံး/ချောင်း (၁၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၃၀-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာအနောက်တောင်ဘက် (၃.၅)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်/လုံးပတ်၃ပေအောက်ကျွန်းသစ် (၁၅၁)လုံး (၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၅-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်းအကွက် အမှတ်(၅၂)အတွင်း တရားမဝင်သတီ/သစ်ပုတ်/သံသေ/သင်းဝင်/ဒီးဒုတ်/ နဘဲသစ်/ခွဲသား(၁၂၀)လုံး/ချောင်း (၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ သဝန်တိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်( ၁၂၊ ၅၇)အတွင်း တရားမဝင်ကျွန်းခွဲသား (၅၂၉) ချောင်း (၁၃)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၅-၂၀၂၀ ရက်နေ့တွင် ရ.တ.ခ (၃)မှ ဒု-ဗိုလ်မှူးကြီး ကျော်ဇင် (စစ်ဗျူဟာမှူး) ပါတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်/သထုံမြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ ဦးစီးအရာရှိများပါဝင်သောသစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကြက်တူရွေးသောင်ကျေးရွာအနီးတွင် တရားမဝင်ပိတောက် ခွဲသားဆိုဒ်စုံခန့်မှန်း(၁၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး နယ်မြေလုံခြုံရေး အခြေအနေအရ လုံခြုံရေးအကူအညီရယူ၍ သယ်ယူသိမ်းဆည်းရေးနှင့် တိုင်းတာရေးလုပ်ငန်းစဉ်များ အားဆောင်ရွက်လျက်ရှိပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages