Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၃-၂-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် သစ်တောဦးစီး ရုံးချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရဝဏ်ရှိ၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ၂၀၂၃ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးထားသည့် အပင်များ၏သစ်မျိုးအလိုက် ရှင်သန်မှု၊ အပင်အမြင့် တိုးတက်လာမှုအား သစ်တောဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ် (၆) ကွက်ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင် ရွက်မှုအခြေ အနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာ ကြားဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)အထိမ်းအမှတ်အခမ်းအနား ကို (၂-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပျဉ်ပုံကြီး တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၂-၁-၂၀၂၄)ရက်နေ့မှ (၂၈-၁-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၅.၄၈၂၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

၃၁-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ထမ်းမျာ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွင်းပေးပို့ တင်ပြခဲ့သည့် ဆန္ဒပြုလွှာ (၃)စောင်အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကို (၃၀-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) အစီအစဉ်၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ဆောင်ရွက် လျက်ရှိသည့် "ရေ အသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာ ပေးခြင်း စီမံကိန်း (MLC-Education Project)" စီမံကိန်းမှ မြန်မာနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နေထိုင်သည့် ဒေသခံများ၏ ရေသုံးစွဲမှု နည်းစနစ်များအား ဆန်းစစ် လေ့လာခြင်း၊ ဒေသခံ ပြည်သူများ၏ စိတ်ချ ယုံကြည်ရသော သောက်သုံးရေနှင့် ရေညစ်ညမ်းမှု အခြေအနေတို့အပေါ် သိရှိမှုအခြေအနေအား လေ့လာ ဆန်းစစ်ခြင်း၊ ဒေသခံ ပြည်သူများအား ရေညစ်ညမ်း စေသည့် အကြောင်းအရာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်များအား အသိပညာ တိုးမြှင့်ပေးခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာ (၂၉) ရွာတို့တွင် ဆောင်ရွက်ခဲ့ ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၃.၂၈၉၄)တန်၊ သစ်မာ (၈.၆၁၇၈)တန်၊ အခြား (၉၅.၆၇၁၄)တန်၊ စုစုပေါင်း (၁၂၇.၅၇၈၆)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၁-၂၀၂၄ ရက်နေ့၊ ကချင်ပြည် နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ မချမ်းဘောဘိနယ်၊ ထီခကြိုးပြင်ကာကွယ် တောအတွင်းမှ တရားမဝင် ကညင်/ကြေးလံ/စကားဝါ/သဒီ သစ်လုံး စုစုပေါင်း (၈၉)လုံး (၇၄.၆၅၆၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်း ကျပ် ၁၄၄၀၀၀- ၂၀၀၀-၁၅၄၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ၂၇-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲ ဖြေဆိုသူများအနက် အောက်ဖော်ပြပါ (5)ဦးကို ၃၀-၁-၂၀၂၄ ရက်နေ့(အင်္ဂါနေ့) နံနက်(၀၉:၃0) နာရီမှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွား မည်ဖြစ်ပါသည်-

Pages