Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို (၁၁-၃-၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးကျော်ဇေယျ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) သစ်တောဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းအမှုထမ်းများ တက်‌ရောက်ခဲ့ကြပြီး ဦးစောဗဟိဏ်း ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး)မှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအချက်အလက်များ၊ စစ်မှုထမ်းခြင်းဆိုင်ရာအသိပညာများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့်အချက်အလက် များကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၂၆-၂-၂၀၂၄)ရက်နေ့မှ (၃-၃-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၉၁.၇၄၂၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်း အနားကို (၈-၃-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

(၆-၃-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၁၂/၂၀၂၃-၂၀၂၄)ကြိမ်မြောက်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပရာ ကော်မတီ ဥက္ကဌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျနှင့် စိစစ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုသာမန် အသုံးစရိတ်ရန်ပုံငွေ၊ စီမံကိန်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်း များအား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)တို့နှင့်အညီ အရည်အသွေး၊ စံချိန်စံညွှန်းများ၊ ဈေးနှုန်းများ စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၃၂၂၀)တန်၊ သစ်မာ (၁၅.၉၆၉၀)တန်၊ အခြား (၇၉.၁၆၃၃)တန်၊ စုစုပေါင်း (၁၃၉.၄၅၄၃)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၉) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၂-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီအနောက်ဘိနယ်၊ ဖြူးချောင်းဆည် ရေဝပ်ဧရိယာ ဒေသအခေါ် စစ်နိုင်ဆိပ်မှ တရားမဝင် ကညင်/သင်္ဂဒူ/တောင်ပိန်း ခွဲသား စုစုပေါင်း (၁၉၉)ချောင်း (၁၃.၄၃၃၂)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

(၅-၃-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကို သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဆက်စပ်ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ ယခုအစည်းအဝေးသည် အမှတ်စဉ်(၁၁၈)သင်တန်း တွင် သင်ကြားမည့် ဘာသာရပ်၊ သင်တန်းအချိန်ဇယား ပြန်လည်သုံးသပ်ခြင်း၊ ဆရာ များ၏ ဘာသာရပ်အလိုက်ခွဲဝေသင်ကြားနေမှုအခြေအနေ၊ သင်တန်းသားများ အမြဲ လိုက်နာရမည့် စည်းကမ်းချက်နှင့် ညွှန်ကြားချက်များကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်နိုင်ရန်၊ ခေါ်ယူမည့်သင်တန်းသားအချိုးအစား၊ သင်တန်းဖွင့်လှစ်မည့် နေ့ရက်၊ အချိန်ကာလ၊ အကျွေးမွေးလိုအပ်ချက်များ ဆွေးနွေးတင်ပြနိုင်ရန်အတွက် မြန်မာ နိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Virtual စနစ်ဖြင့် တက်ရောက်လာသူများနှင့် သီးခြားအကြံပြုချက်များရှိပါက ဆွေးနွေးအကြံပြုပေး ကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(၅-၃-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်များ၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့အား အတွဲလိုက်တင်ဒါစနစ်ဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါဖွင့်ဖောက်စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် HTOO Trading Co.Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးမင်းသူမှ တိရစ္ဆာန်ဥယျာဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်နှင့်အညီ အတွဲလိုက်တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယနေ့တင်ဒါလုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာကော်မတီများအနေဖြင့် နိုင်ငံတော် မှ ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်မီစွာရရှိရေးနှင့် လိုအပ်သလို အများပြည်သူ အပန်းဖြေ အနားယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သောကြောင့် တင်ဒါလုပ်ထုံး လုပ်နည်းနှင့် အညီ စနစ်တကျ စိစစ်ဆောင်ရွက်သွားကြရန်နှင့် အဆိုပြုတင်ပြလာသည့် ကုမ္ပဏီများမှ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် “ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း” ကို သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ ပဉ္စမ (၄) နှစ် စီမံကိန်းကာလ၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်နှင့်အညီ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသိပညာပေးပြခန်း၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီ သဘာဝ ကြိုးဝိုင်းစီမံကိန်း၊ စီမံကိန်းဒါရိုက်တာ၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ စီမံကိန်းဝန်ထမ်းများ၊ သင်တန်း ဆရာနှင့် သင်တန်းသား/ သူ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူများအဖွဲ့မှ ဒေသခံ သင်တန်းသား/သူ စုစုပေါင်း (၂၅)ဦး တက် ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ဝဥလုပ်ငန်းရှင်များအသင်းမှ ကျွမ်းကျင်ပညာရှင် (၂) ဦး က (၄-၃-၂၀၂၄) ရက်နေ့မှ (၆-၃-၂၀၂၄) ရက်နေ့ထိ (၃) ရက်တာကာလ အတွင်း ဝဥ စိုက်ပျိုးခြင်း၊ ဝဥခေါက်ဆွဲ၊ ဝဥတုံစသည့် ကုန်ချောပစ္စည်းများပြုလုပ်ခြင်းကို စာတွေ့ လက်တွေ့ သင်ကြားပို့ချလျက်ရှိပါသည်။

Pages