၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၈-၈-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်းများ တက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါ်ဖြူဖြူခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်ဝင်းမှ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံဒေသတွင်း ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အပြီးသတ်စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခြူးသဉ္ဇာဉာဏ်မှ ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုလိုက်လျောညီထွေဖြစ်စေခြင်းနှင့် ကမ်းရိုးတန်းဒေသထိန်းသိမ်းကာကွယ်ခြင်းတို့အတွက် ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုဆိုင်ရာ ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်ဆုနဒီအောင်မှ CLMV နိုင်ငံများရှိ တောမီးလောင်ကျွမ်းခြင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်ချိတ်ဆက်မှုအပေါ် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ လေ့လာရေးခရီးစဉ်အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ပြီး သတ္တမမြောက် အကြိမ်အဖြစ် ၁၅-၈-၂၀၂၅ ရက်နေ့(သောကြာနေ့)၌ နံနက်(၀၉:၀၀)နာရီမှ နေ့လည်(၁၂:၃၀)နာရီအထိ၊ AFoCO RETC သင်တန်းကျောင်း၌ စီစဉ်ကျင်းပခဲ့ရာ အ.ထ.က-(၆)၊ ရွှေပြည်သာမြို့နယ်မှ ကြီးကြပ်သူဆရာမ(၃)ဦးနှင့် Grade-10 , 11 နှင့် 12 တို့မှ ကျောင်းသား (၃၉)ဦး၊ ကျောင်းသူ(၄၈)ဦး၊ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ ၏ သား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

(၁၂-၈-၂၀၂၅)ရက် သနပ်ပင်မြို့နယ်၊ ညဏ်ကျွန်းကျေးရွာ၊ သနပ်ပင်-ကျွဲတဲလမ်းမကြီး‌ပေါ်တွင် ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံသစ်ပင်ချစ်သူများအသင်း(ဗဟို)တို့ ပူးပေါင်းကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသစ်ပင်ချစ်သူများအသင်းဥက္ကဌ ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ(ပန်းပျိုးလက်)နှင့် သံဃာ တော်များ၊ အသင်းသူ/သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/မနှင့် ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ပြီး မနက်(၀၉း၀၀)နာရီ၌ သနပ်ပင်-ကျွဲတဲလမ်းမကြီးတွင် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအနေဖြင် မဟော်ဂနီ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဇ္ဇူသက၊ စိန်ပန်းနီ၊ မန်ဂျန်ရှားပျိုးပင်ပေါင်း(၁၅၀၀)ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၂.၈.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:ဝ၀)နာရီအချိန်၌ အ.ထ.က တနင်္သာရီ ပညာရတနာခန်းမတွင်”သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ပလပ်စတစ် လျှော့ချသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား မြို့နယ်အဆင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း များ၊ သစ်တောသစ်ပင်များမှရရှိသော တိုက်ရိုက်/သွယ်ဝိုက်အကျိုးကျေးဇူးများ၊ ရေချိုအားချွေတာ သုံးစွဲရေးနှင့် ရေသယံဇာတများရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ပလပ်စတစ်များလျှော့ချသုံးစွဲရေး၊အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး၊ မီးခိုး မြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများကို တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ ဟောပြောခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၆)ဦး၊ အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ ( ၄ )ဦးနှင့်ကျောင်းသူ/ကျောင်းသား ( ၇၀ )ဦး၊ စုစုပေါင်း ( ၈၀ )ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်သူများမှ သိလိုသည်များကို မေးမြန်းခြင်းအား ပြန်လည်ဖြေကြားခဲ့ပါကြောင်၊ဟောပြောပွဲ တက်ရောက်သူများအား သစ်ပင်စိုက်ပျိုးပြုစုခြင်း လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၂-၈-၂၀၂၅)ရက်၊ အင်္ဂါနေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ(၄)ဦး၊ ကျောင်းသား‌ကျောင်းသူ (၃၃၅)ဦး၊ ကနောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ (၅)ဦး၊ သစ်တောဝန်းထမ်း(၄) ဦး၊ စုစုပေါင်း (၃၅၀)ဦး တက်ရောက်သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးနိုင်ဝင်းက သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ တောမီးရှို့ခြင်းမှ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးချမ်းမြေ့အောင်က မီးခိုးမြူငွေ့လျော့ချရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောရာ တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းမှုကို ပြန်လည်ဆွေးနွေးကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၂.၀၇၄၇)တန်၊ သစ်မာ (၉.၄၆၉၀)တန်၊ အခြား (၃၅.၁၄၀၆)တန်၊ စုစုပေါင်း (၆၆.၆၈၄၃)တန်၊ ယာဉ်/ယန္တရား (၆)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၈-၂၀၂၅ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဝါးနက်ဘိနယ်၊ ကဗြူးချောင်းဘေး နေရာမှ တရားမဝင် ပျဉ်းကတိုး၊ အင်ကြင်း၊ အခြားသစ် (၅၄)လုံး (၁၆.၆၄၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

၁၂.၈.၂၀၂၅ရက်နေ့(၀၈း၀၀)နာရီအချိန်တွင်ဘားအံမြို့၊မြိုင်ကလေး၊အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်၄၀၀၀)မြေဧရိယာအတွင်း၌(၂၀၂၅)ခုနစ်မိုးရာသီစတုတ္တအကြိမ်(ပြည်နယ်အဆင့်)သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တရားသူကြီးချုပ်၊ပနအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ပနအဆင့်ဌာနဆိုင်ရာများ၊ဘိလပ်မြေစက်ရုံမှဝန်ထမ်းများ၊မြိုင်ကလေးတပ်နယ်မှအရာရှိ/စစ်သည်/ရဲမေများ၊ကျောင်းသား/သူများ၊အသင်းအဖွဲ့များမှအင်အား(၈၅၀)ဦးတက်ရောက်ခဲ့ပြီးမဟော်ဂနီ(၆၀၀)ပင်၊ပိတောက်(၃၀၀)ပင်၊ကျွန်း(၂၀၀)ပင်၊တမာ(၆၀)ပင်နှင့်ပျဉ်းကတိုး(၄၀)ပင်စုစုပေါင်း(၁၂၀၀)ပင်အားတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

Pages