၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ ပထမ အကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၄ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၁၀၀၀ ဦး တက်ရောက်သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ကျွန်းပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များ စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ပိတောက်နက် စသည့် တန်ဖိုးရှိ သစ်မျိုးများအပါအဝင် စုစုပေါင်းသစ်မျိုး (၂၁) မျိုးဖြင့် ပျိုးပင် (၁၅၀၀)ပင် အား လူထုလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးကြသည်။သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပြုစုရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲများကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ (၁၉၄) ကြိမ် သစ်ပင်ပေါင်း (၁၆၀,၇၃၂) ပင်စိုက်ပျိုးခဲ့ပြီး မိုးကာလအတွင်း သစ်ပင်စိုက်ပွဲများအား ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မိုးရာသီအတွင်း သစ်ပင်စုစုပေါင်း ၂၂ သန်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (9.9501)တန်၊ သစ်မာ (1.6986)တန်၊ အခြား (10.0857)တန်၊ စုစုပေါင်း (21.7344)တန်၊ ယာဉ်/ယန္တရား (12)စီး၊ တရားခံ (14)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၆-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၈၆/၇) အနီးမှ တရားမဝင် ကျွန်းခွဲသား (၁၀၃၉)ချောင်း (၄.၅၃၄၄)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

Htoo Zoos & Gardens Business Unit မှ ကြီးမှူး၍ ထိုင်းနိုင်ငံ The Zoological Park Organization (Thailand) တို့ပူးပေါင်း၍ (Animal Welfare Training Workshop) အား (၂၄-၆-၂၀၂၅) ရက်နေ့မှ (၂၅-၆-၂၀၂၅) ရက်နေ့အထိ ရှင်းလင်းဆောင်ခန်းမ၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ကျင်းပပြုလုပ်လျက်ရှိရာ ၂၄ - ၆ -၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)က တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိရစ္ဆာန်ဥယျာဉ်များဌာနနှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ အရာထမ်းများ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်၊ ရန်ကုန်၊ ရတနာပုံ) တို့မှ အုပ်ချုပ်ရေးမှူးမျာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများ၊ မြန်မာ့သစ် လုပ်ငန်းမှ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(နေပြည်တော်)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

၂၄-၆-၂၀၂၅ (အင်္ဂါနေ့) နံနက်(၀၈:၃၀) နာရီအချိန်တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်) တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးပေးခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ တိရစ္ဆာန်ဥယျာဉ်များဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ Htoo Zoos & Gardens Business Unit မှ CEO ဦးရာဇာထွေး၊ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများတက်ရောက် ခဲ့ပြီး သစ်မျိုး(၁၁)မျိုး၊ သစ်ပင်ပေါင်း (၃၀၂)ပင်အားစိုက်ပျိုးခဲ့ပါသည်။

(၂၄-၆-၂၀၂၅) ရက်နေ့တွင် နံနက် (၈:၃၀) တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ FD-AFoCO NTFP စီမံကိန်း၏ ဝါးလက်မှု အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းသူ များ တက်ရောက်ခဲ့ပါသည်။ FD-AFoCO NTFP စီမံကိန်း၏ ယခုသင်တန်းသည် ဝါးလက်မှုပစ္စည်းများ အဆင့်မြင့်ထုတ်လုပ်ရာတွင် ဝါးနှီးများ ကြာရှည်ခံစေရန်/ အရည်အသွေးကောင်းစေရန် ပြုတ်ခြင်း/ပေါင်းခြင်း များလက်တွေ့ သင်ကြားတတ်မြောက်စေရန်၊ သင့်လျော် သည့် ဝါးနှီးအရွယ်အစားများနှင့် ယက်လုပ်မည့်ပုံစံ အား ရွေးချယ်တတ်စေရန်နှင့် ဝါးလက်မှုပစ္စည်းများအား ဈေးကွက်ဝင်ရန် အရောင်တင်ခြင်း နည်းစနစ် မှန်ကန်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် (၂၄-၆-၂၀၂၅ ရက်မှ ၃၀-၆-၂၀၂၅) ရက်အထိ ရက်သတ္တပတ် (၁) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရိုးရာဝါးလက်မှုအခြေခံ ဆန်ကောဆန်ခါ များယက်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည့် ပျဉ်းမနားမြို့နယ် လဲလူးအိုင်ကျေးရွာမှ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

(၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီတိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ထားဝယ်မြို့၊ ထားဝယ်ဂေါက်ကွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းနှင့် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထားဝယ်ဂေါက်ကွင်း ဥက္ကဌနှင့် ဂေါက်သီး ရိုက်စားသမားများနှင့် ဒေသခံပြည်သူများ ၊ စုစုပေါင်း (၄၃၅) ဦး တက်ရောက်ပြီး သစ်မာသစ်မျိုးစုံ(၇)မျိုး၊ (၆၀၃)ပင် အား အောင်မြင်စွာ စိုက်ပျိုး ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သစ်ပင်စိုက်ပျိုးမှုအားလှည့်လည်ကြည့်ရှုလမ်းညွှန်မှုပြုခဲ့ပါကြောင်းသတင်းရရှိပါသည်။

၂၃.၆.၂၀၂၅ရက်နေ့(၀၇:၃၀)နာရီအချိန်တွင် ဘားအံမြို့၊အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်၄၀၀၀)၊ မြိုင်ကလေး ၌(၂၀၂၅)ခုနစ်မိုးရာသီ ဒုတိယအကြိမ်(ပြည်နယ်အဆင့်)သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ရာပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရတခ ဒုတိုင်းမှူး၊တရားသူကြီးချုပ်နှင့်ဇနီး၊ ပနအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ပနအဆင့်ဌာနဆိုင်ရာများ၊ဘိလပ်မြေစက်ရုံမှဝန်ထမ်းများ၊မြိုင်ကလေးတပ်နယ်မှအရာရှိ/စစ်သည်/ရဲမေများ၊ကျောင်းသား/သူများ၊အသင်းအဖွဲ့များမှအင်အား(၇၅၀)ဦး တက်ရောက်ခဲ့ပြီးမအူ(၆၀၀)ပင်နှင့်ပျဉ်းမ(၆၀၀)ပင်စုစုပေါင်း(၁၂၀၀)ပင်အားတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၂၃.၆.၂၅)ရက်နေ့ (၀၇:၃၀) နာရီတွင် သန်လျင်မြို့နယ်၊ ဇာမဏီအင်း ရေလှောင်တမံအနီး၌ ခရိုင်အဆင့် မိုးရာသီသစ်ပင် စိုက် ပျိုးပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ရန်ကုန်တိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း ၊ ရန်ကုန် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှဉီး၊ သန်လျင်ခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်သိုက်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌများ၊ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၅၀၀)ဦး တက် ရောက်ခဲ့ပြီး ကျွန်း(၂)ပင်၊ပိတောက် (၂) ပင်၊ပျဉ်းမ(၂)ပင်၊ မဟော်ဂနီ (၂၅၂) ပင်၊ ပျဉ်းကတိုး(၂၅၂)ပင်၊ မန်ဂျန်ရှား(၅၀၀)ပင်စုစုပေါင်း (၁၀၁၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Pages