၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၉-၆-၂၀၂၅) ရက်၊ ကြာသပတေးနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်းများ တက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂)ဦးစီက on line စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာသိန်းဆောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဦးစီးအရာရှိ ဒေါ်ဆုရည်နှင်းမှ စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံငှက်ပျံသန်းရာ ကွန်ရက်နယ်မြေစီမံအုပ်ချုပ်မှုများ ဆိုင်ရာဖိုရမ်နှင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၈.၆.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ အ.ထ.က တာရပိုင်း တွင်”သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ပလပ်စတစ်‌လျော့ချသုံးစွဲ‌ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား မြို့နယ်အဆင့် ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း များ၊ သစ်တောသစ်ပင်များမှရရှိသော တိုက်ရိုက်/သွယ်ဝိုက်အကျိုးကျေးဇူးများ၊ ရေချိုအားချွေတာသုံးစွဲရေးနှင့် ရေသယံဇာတများရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ပလပ်စတစ်များလျှော့ချသုံးစွဲရေး၊အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး၊ မီးခိုး မြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများကို ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းမှ ဟောပြောခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၃)ဦး၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖ ( ၃ )ဦး၊ အ.ထ.က (တာရပိုင်း) မှကျောင်းအုပ်ဆရာမကြီး (ယာယီ)နှင့် ဆရာ/ဆရာမ (၈)ဦးနှင့်ကျောင်းသူ/ကျောင်းသား ( ၈၁ )ဦး၊ စုစုပေါင်း ( ၉၅ )ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်သူများမှ သိလိုသည်များကို မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ဆက်လက်၍ ဟောပြောပွဲတက်ရောက်သူများအား သစ်ပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၉-၆-၂၀၂၅)ရက်နေ့မှ (၁၅-၆-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၆.၅၈၀၃)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၈၁၇၉)တန်၊ သစ်မာ (၂.၁၇၉၀)တန်၊ အခြား (၆.၅၈၀၈)တန်၊ စုစုပေါင်း (၂၂.၅၇၇၇)တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၁၅)ဦး ဖမ်းဆီးရမိခဲ့ပါ။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၆-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်ဘိနယ်၊ မီးနင်းချောင်း စစ်ဆေးရေးဂိတ်မှ တရားမဝင် ကျွန်း ခွဲသား/တံခါးချပ်ဆိုဒ်စုံ စုစုပေါင်း (၂၂၉)ချောင်း/ ချပ် (၇.၅၇၁၁)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့်ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းတို့ပူးပေါင်းကျင်းပသည့်မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား (၁၇-၆-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာအင်းတကော်မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ရန်ကုန်မြို့မြန်မာနိုဘယ်အင်ဂျင်ရာနီယာကောလိပ်မှဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများ၊စိန်ဂေဟာအရောင်းဆိုင်များမှကုမ္ပဏီ ဝန်ထမ်းများ၊ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုစုပေါင်း(၂၅၀) ဦးတို့မှတက်ရောက်ပြီးမနက်(၀၉း၀၀)နာရီ၌ ပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်းတွင်ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးတင်ထွန်းမှသစ်ပင်စိုက်ပွဲအခမ်းအနားသို့တက်ရောက်လာသူများအား"မိုးရာသီသစ်ပင်စိုက်ပျိုးပြုစု၊ထိန်းသိမ်းရေး၊အသိပညာပေးဟော ပြောပွဲ"အားကျင်းပပြုလုပ်ပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမှတ် တမ်းဗွီဒီယိုများပြသပြီး(၁၂း၃၀)နာရီတွင်အင်းတကော်-ကျောက်တန်းလမ်းဘေးဝဲယာတွင်အင်းတကော်မြို့ရှိဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့များအားလူထုဖြန့်ပျိုးပင်များဖြန့်ဝေပေးခြင်းအစီအစဉ်နှင့်အတူစိမ်းလန်းစိုပြည်ရေးအနေဖြင့်အရိပ်ရအပွင့်ပွင့်ပြီးမျက်စိပဒါသဖြစ်စေသည့်ခရေ၊ကံ့ကော်၊ပန်းပိတောက်၊ပျဥ်းမ၊ငုရွှေဝါ၊စိန်ပန်းနီ၊စိန်ပန်းဝါ၊တယ်၊မန်ဂျန်ရှားပျိုးပင်ပေါင်း(၁၁၀၀)ပင်အားစုပေါင်း၍ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၁၇.၆.၂၀၂၅)ရက်နေ့ နံနက် (၈:၃၀)နာရီ အချိန်တွင် သာယာဝတီမြို့နယ်၊ အလက ကွက်သစ် ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလပ်စတစ်ဆိုးကျိုးများ၊ သစ်တောသစ်ပင် အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲအား သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိှ ဦးစောအယ်ကလူစိုးမိုးမှ ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်မှ မီးဘေးအန္တရာယ် ဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လ/ထ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာမှ မိုးကြိုးဘေးအန္တရာယ် ရှင်းလင်းဟောပြောခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦး၊ ဌာနဆိုင်ရာများမှ (၂၀) ဦး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ(၁၁) ဦး၊ ကျောင်းသူ/ ကျောင်းသား (၉၅) ဦး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ဝန်ထမ်း(၅) ဦး စုစုပေါင်း (၁၃၅) ဦး တက်ရောက်ပါကြောင်း သတင်းရရှိပါသည်။

(၁၇-၆-၂၀၂၅)ရက်နေ့နံက်(၀၈:၀၀)နာရီအချိန်တွင်သစ်တောဦစီးဌာန၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်၊အမှတ်(၈၇)သစ်စက်ဝန်းအတွင်းမြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်ကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်း(၉၀)ဦးကြို့ပင်ကောက်၊အထကမှဆရာဆရာမများနှင့်ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှ(၂၅)ဦး၊အမျိုးသမီးရေးရာအဖွဲ့ဝင်(၁၀)ဦး၊သစ်တောဦးစီးဌာနမှ(၁၀)ဦးစုစုပေါင်း(၃၇၅)ဦးတက်ရောက်၍ကျွန်း၊ပျဉ်းကတိုး၊မန်ဂျန်ရှား၊ပိတောက်၊ပျဉ်းမ၊မဟော်ဂနီစုစုပါင်း(၃၅၀)ပင်အားစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၁၇.၆.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ သပြေ ကြီးစုကျေးရွာအုပ်စု၊ ယင်းမာကုန်းကျေးရွာတွင် ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဗန်လာအဲငါပါ သစ်တောဝန်ထမ်း(၁၀)ဦး၊ ပေါင်တည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယင်းမာကုန်းကျေးရွာ အခြေခံမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ /သားများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း (၂၃၇)ဦး ပူးပေါင်း၍ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပဆောင် ရွက်ခဲ့ရာ ကျွန်း(၁၅၀) ပင်၊ ခရေ(၂၀) ပင်၊ ပိတောက်(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀) ပင်၊ မန်ကျည်း(၇၀)ပင်၊ မယ်ဇယ်(၃၀)ပင်၊ ရေတမာ(၃၀) ပင်၊ စုစုပေါင်း(၅၀၀)ပင် စိုက်ပျိုးပြီးစီးပါကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သတင်းရရှိပါသည်။

Pages