၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၁-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ကျေးရွာ၏ အရှေ့တောင်ဘက်(၉)မိုင်ခန့်အကွာမှ တရားမဝင် ကညင်သစ်/ခွဲခြမ်း/ခွဲသား (၇၉၉)လုံး/ချောင်း/ခြမ်း (၂၀)တန်နှင့် ချန်ချိုင်း(၂၅)ကောင် အင်ဂျင် (၁)လုံး၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ စရဖမှ တပ်မတော် သားများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ပွဲကုန်း(၃)ရပ်ကွက်၊ ဒီမောဆိုးသွားကားလမ်းနံဘေး၊ ဦးလွှီးဇီး၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ထင်းရှူးခွဲသားဆိုဒ်စုံ (၂၇၁၁)ချောင်း (၁၉)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၈၉.၅၇၃၆)တန်၊ သစ်မာ (၁၂၁.၃၅၆၀)တန်၊ အခြား (၃၁၁.၆၅၅၆)တန်၊ စုစုပေါင်း(၅၂၂.၅၈၅၂)တန်၊ တရားခံ(၆၆)ဦး၊ယာဉ်/ယန္တရား(၄၉)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၈၄)အတွင်းမှ တရားမဝင် မျောက်ငို/ကညင်/သပြေ/သင်္ကဒူ/ သစ်ယား (၂၉၉)လုံး/ချောင်း/ခြမ်း (၈၉.၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များအနက် စီးပွားရေးအလို့ငှာ မျိုးပွားစိုက်ပျိုးခြင်း ပြုနိုင်သော သဘာဝအပင်အမျိုးအမည်များကို အောက်ပါ အတိုင်း သတ်မှတ်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်
https://bit.ly/39BQi0F

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) အရ မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များကို အောက်ပါ အတိုင်း သတ်မှတ်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်
https://bit.ly/3qrHRM3

ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် သစ်တောမြေများတွင် ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တိုင်းဒေသကြီး(၆)ခုရှိ သစ်တောမြေ (၈၇၀၇၉)ဧက၊ လုပ်ကွက်(၃၅)ကွက်၊ လုပ်ငန်းရှင်(၁၉)ဦးတို့ကို တင်ဒါအောင်မြင်သူများအဖြစ် ၂၉-၁-၂၀၁၅ ရက်စွဲ ပါစာအမှတ်၊ လင/စခ/၀၃၅(၄၃၂-၄၆၀/၂၀၁၅)၊ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။

ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် သစ်တောမြေများတွင် ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တိုင်းဒေသကြီး(၆)ခုရှိ သစ်တောမြေ(၈၇၀၇၉)ဧက၊ လုပ်ကွက်(၃၅)ကွက်၊ လုပ်ငန်းရှင်(၁၉)ဦးတို့ကို တင်ဒါအောင်မြင်သူများအဖြစ် ၂၉-၁-၂၀၁၅ ရက်စွဲ ပါစာအမှတ်၊ လင/စခ/၀၃၅(၄၃၂-၄၆၀/၂၀၁၅)၊ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။

၁၁-၁-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မုပ္ပလင်တံတားသစ်လမ်းပိုင်း၊ မိုင်တိုင်အမှတ် (၅/၆)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(KYN 9B/6023(UD)အမျိုးအစား (၆)ဘီး(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၅၄)ချောင်း (၇.၁၆၁၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages