၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၁၀-၂၀၂၀)ရက်နေ့မှ (၂၅-၁၀-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၆၂.၄၃၀၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၉) သစ်တော ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ အောက်ဖော်ပြပါနေရာဒေသများတွင် စိုက်ပျိုးထားသော ကျွန်းပင် များကို စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြု ကြောင်း ကြေညာလိုက်သည်-
(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊
(၂) သစ်တောနယ်မြေပြင်ပတွင်တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊
(၃) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊
(၄) နေအိမ်ခြံဝန်းများအတွင်းစိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊
(၅) ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင်စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊

၁၇-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံးရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြို့မကျေးရွာအနောက် မြောက်ဘက်(၂.၅)မိုင်ခန့်အကွာနှင့် ကျွဲခြံကျေးရွာတောင်ဘက်(၁)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင်ခွဲသား (၃၁၉)ချောင်း (၁၁.၈၇၉၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ညောင်ကိုင်းကြိုးဝိုင်းအကွက်အမှတ်(၉)အတွင်းမှ မော်တော်ယာဉ်အမှတ်(စက/၁၂၁၃) ဒိုဇာ(အဝါရောင်)ယာဉ်(၁)စီး၊ ဒီဇယ်ပီပါ(၁၅)လုံးတင်ဆောင်ထားသော မော်တော်ယာဉ်အမှတ်(NPW 9L/9636) SINO Truck (၆)ဘီး(အဖြူရောင်)ယာဉ်(၁)စီး၊ ချိန်းဆော(ဘား/လွှမပါ)(အဖြူရောင်)(၁)လုံးတို့နှင့် တရားမဝင်သစ်ယားသစ်/ခြမ်း/စိတ်/စကွဲယား(၃၇)လုံး/ခြမ်း/ချောင်း(၉.၀၅၂၄)တန်တို့အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ညောင်သူများကျေးရွာ အနီး၊ ချင်းတွင်းမြစ်အတွင်းမှ အောင်မိုးဟိန်းအမည်ပါ သစ်သားခွံမော်တော်နှင့် အမည်မပါသော သစ်သားခွံမော်တော်များပေါ်မှ တရားမဝင်ကျွန်း/အင်/သစ်ယာခွဲသား (၂၁၉၉)ချောင်း (၂၄.၀၆၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာ၏ အောက်ဘက်(၁)မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းဘေးမှ တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲသားဆိုဒ်စုံ/ ၃ပေအောက်ကျွန်းသစ် (၃၈၁)လုံး/ချောင်း (၁၀.၅၁၃၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ စကားကုန်းကျေးရွာအရှေ့မှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၀၂)လုံး/ ချောင်း (၆.၉၁၆၀)တန်အား ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်(၁)လုံး၊ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းဖွဲ့သည် ကလေးဝ မြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအကွက်အမှတ် (၁၂)သရက်ကန်၏ အနောက်မြောက်ဘက်(၂.၅)မိုင်ခန့်အကွာနှင့် ရွှေကျင်ကြိုးဝိုင်းအကွက်အမှတ်(၂၆) ကြက်ပုတ်ရိုးနေရာတို့မှ တရားမဝင် ကညင်သစ်/ခွဲသား (၅၁)လုံး/ချောင်း (၁၄.၄၅၆၂)တန်အား တာယာဘီးတပ်လှည်း(၁)စီးနှင့်အတူ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages