Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၈၁၇)ဧကရှိသော နယ်မြေကို “ပေါက်မြောက်ပိုင်း(၁) ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၃၀/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း(၁)ရက်(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းကျရောက် နေသည့် ဧရိယာအကျယ်အဝန်း(၄,၀၈၇)ဧကရှိသောနယ်မြေကို “ကြိုးကြာအင်းကြိုးပြင်ကာကွယ် တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၉/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄,၈၂၇)ဧကရှိသောနယ်မြေကို “ဖျန်ကြိုးပြင်ကာကွယ် တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၈/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၄-၇-၂၀၂၂)ရက်နေ့မှ (၁၀-၇-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၀.၄၃၄၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၅-၈-၂၀၂၂)ရက်နေ့မှ (၂၁-၈-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၇.၂၂၆၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၁.၂၈၃၄)တန်၊ သစ်မာ (၁၆.၀၂၈၆)တန်၊ အခြား (၁၂.၉၂၇၀)တန်၊ စုစုပေါင်း (၁၅၀.၂၃၉၀)တန်၊ တရားခံ (၂၈)ဦး၊ ယာဉ်/ ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၈-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြည်မြို့နယ်၊ ဇလုံကျေးရွာ၏တောင် ဘက်၊ ဒေသအခေါ် တံငါငို၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ တရားမဝင် ကျွန်းခွဲသား (၄၃၇)ချောင်း (၆၄.၁၉၁၀)တန်၊ CBတွဲရေယာဉ်(၁)စီး၊ သံခွံပဲ့ထောင်(၁)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၀.၅၀၀၂)တန်၊ သစ်မာ (၄၆.၉၇၃၈)တန်၊ အခြား (၁၈.၁၂၉၂)တန်၊ စုစုပေါင်း (၁၁၅.၆၀၃၂)တန်၊ တရားခံ (၈)ဦး၊ ယာဉ်/ ယန္တရား (၈)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၅-၇-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲဘိနယ်၊ ညောင်စာရေးအုပ်စု၊ လှေကြီးစုကျေးရွာ၏ တောင်ဘက် (၄)ဖာလုံခန့်အကွာ၊ ဧရာဝတီမြစ်ကမ်းဘေးမှ တရားမဝင် ကျွန်းစကွဲယား (၁၁၀)တုံး (၁၄.၅၅၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၁.၂၈၃၄)တန်၊ သစ်မာ (၁၆.၀၂၈၆)တန်၊ အခြား (၁၂.၉၂၇၀)တန်၊ စုစုပေါင်း (၁၅၀.၂၃၉၀)တန်၊ တရားခံ (၂၈)ဦး၊ ယာဉ်/ ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၈-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြည်မြို့နယ်၊ ဇလုံကျေးရွာ၏တောင် ဘက်၊ ဒေသအခေါ် တံငါငို၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ တရားမဝင် ကျွန်းခွဲသား (၄၃၇)ချောင်း (၆၄.၁၉၁၀)တန်၊ CBတွဲရေယာဉ်(၁)စီး၊ သံခွံပဲ့ထောင်(၁)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

Pages