၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ၃-၇-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဂွေးကုန်းရပ်ကွက်၊အ.မ.က ဂွေးကုန်း( နတ်တောင်) ကျောင်အတွင်း ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/​မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ အား/ကာသိပ္ပံ၊ ကြက်ခြေနီ၊ ပြည်သူလူထု စုစုပေါင်း အင်အား (၆၉၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၇)မျိုး ကံ့ကော်၊ပျဥ်းကတိုး၊ခရေ၊အနန်း၊ရင်ခတ်၊မဟော်ဂနီ၊မန်ဂျန်ရှား စုစုပေါင်း(၁၂၁၀)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

(၃.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် ဆဌမအကြိမ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်မြို့၊ POLYTECHNIC UNIVERSITY(ကွန်ပျူမဟာဌာန)တွင် ကျင်းပဆောင်ရွက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းစစ်ဦးစီးချုပ်၊မြိတ်လေတပ်ဌာနချုပ်မှယာယီတပ်နယ်မှူး၊ POLYTECHNIC UNIVERSITYမှ ဒုတိယပါမေက္ခချုပ်များ၊ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးရေးရာဥက္ကဌနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ ၊ စုစုပေါင်း (၅၄၀)ဦး တက်ရောက်ပြီး သစ်မာသစ်မျိုးစုံ(၇)မျိုး၊(၆၀၅)ပင် အား အောင်မြင်စွာ စိုက်ပျိုး ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သစ်ပင်စိုက်ပျိုးမှုအားလှည့်လည်ကြည့်ရှုလမ်းညွှန်မှုပြုခဲ့ပါကြောင်းသတင်းရရှိသည်။

(၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီတွင်မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား၊ စစ်တွေမြို့ ဘိုးဘွားရိပ်သာအတွင်းကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အမျိုးသမီးရေးရာနာယက၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၁၈) ဦးနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများစုပေါင်း၍ သစ်ပိတောက်(၂)ပင်၊ ပျဉ်းကတိုး(၁၂)ပင်၊ မဟော်ဂနီ(၁၈)ပင်၊ ခရေ(၂)ပင်၊ ရေသင်းဝင်(၂)ပင်၊ ပျဉ်းမ(၆၂)ပင်၊ မန်ဂျန်ရှား(၆၈)ပင်၊ ရေတမာ(၂)ပင်စုစုပေါင်း (၁၆၈)ပင်ကို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်စိုက်ပျိုးခဲ့ပါ​ကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇.၀၄၆၆)တန်၊ သစ်မာ (၀.၆၉၀၈)တန်၊ အခြား (၁၈.၅၄၆၄)တန်၊ စုစုပေါင်း (၂၆.၂၈၃၈)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၆-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်း ကြိုးဝိုင်းအကွက်အမှတ် (၁၄၅)အတွင်းမှ တရားမဝင် အခြားသစ်၊ သစ်ခြမ်း (၁၅) လုံး/ ခြမ်း (၈.၃၄၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂-၇-၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်ဝင်း အတွင်း တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော် အား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး(နာယက၊တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့)၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာဆရာမများနှင့် ကျောင်းသား/သူ များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၇၀၀)ဦး တက်ရောက်ပြီး ပျိုးသက်၂နှစ် သားအမြင့်၂ပေအထက်ပျိုးပင်ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ မယ်ဇယ်၊ တမာ၊ မန်ဂျန်ရှား သစ်မျိုး(၈)၊ စုစုပေါင်း (၇၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း၊ (၉:၀၀) နာရီတွင် အခမ်းအနားပြီးဆုံးပါကြောင်းနှင့် သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ပါဝင်နိုင်ရေး ပြန်/ဆက်ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ထားပါကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကို ၂-၇-၂၀၂၅ ရက်၊ (၀၈း၀၀)နာရီတွင် မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ အ.လ.က(ခွဲ) (မြို့သစ် ၁) ကျောင်းဝန်းအတွင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခစဖအဖွဲ့ဥက္ကဌနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊မစဖအဖွဲ့ဥက္ကဌနှင့်မြို့နယ်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/သူ များ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ပြီး ပျိုးသက် ၂ နှစ်သား အမြင့် ၂ ပေ အထက် စိန်ပန်းကြီး၊ ခရေ၊ ငုရွှေဝါ၊ တမာ၊ ပန်းမယ်ဇလီ၊ ဗန်ဒါ၊ မယ်ဇယ်၊ ရေတမာ မယ်ဇလီ၊ တပေဘူတ၊ စုစုပေါင်း ပျိုးပင် ၃၀၀ ပင်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲကို (၂-၇-၂၀၂၅) ရက်နေ့ ၀၈၀၀နာရီတွင် နည်းပညာတက္ကသိုလ် (မှော်ဘီ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ပါမောက္ခချုပ် ဒေါက်တာဒေါ်ကေသီလွင်၊ မှော်ဘီ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးဝေမိုးအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့််ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၄၀၀)ခန့် တက်ရောက်ခဲ့ပြီး ကံ့ကော်၊ ခရေ၊ ပျဉ်းမ၊ ပိတောက်၊ မဟော်ဂနီစသည့် ပျိုးပင်ပေါင်း (၁၂၀၀) စုပေါင်းစိုက် ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

(၂-၇-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ​​မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၃) ရက်​နေ့တွင် ကျ​ရောက်မည့် "မြန်မာအမျိုးသမီးများ​နေ့" အထိမ်းအမှတ်အဖြစ် (နဝမ)အကြိမ်​မြောက်ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီး​ရေးရာအဖွဲ့ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊​ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ​ကျောင်းသူ/ ​ကျောင်းသားများ ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီးပျဉ်းကတိုး(၂၀၆)ပင်၊ တမလန်း(၂၀၇) ပင်၊ စကားဝါ(၂၀၇) ပင် ၊ ယမ​နေ (၂၀၀ ) ပင်၊ ​ရေပိတုန်း( ၁၃၀)ပင် စုစုပေါင်း (၉၅၀)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်စိုက်ပျိုးပွဲအပင်များ ရှင်သန်ဖြစ်ထွန်း​နေမှုအားလည်း လှည့်လည်ကြည့်ရူ့စစ်ဆေးခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

Pages