၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

AFoCO RETC ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အစီအစဉ်များအရ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း အစီအစဉ်မှ ‘ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်ဆိုင်ရာ ပစ္စည်းများ လုံခြုံ ထိန်းသိမ်းရေး ဆိုင်ရာ(အခြေခံ)’သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအထိ AFoCO RETC သင်တန်းကျောင်း၌ စီစဉ်ကျင်းပလျက်ရှိပါသည်။ အဆိုပါ ‘ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်ဆိုင်ရာ ပစ္စည်းများ လုံခြုံ ထိန်းသိမ်းရေး ဆိုင်ရာ(အခြေခံ)’သင်တန်းအား AFoCO RETC သင်တန်းကျောင်းမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့် (က) လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တာဝန်ဝတ္တရာများနှင့် ဥပဒေသတ်မှတ် ချက်များကို သိရှိနားလည်စေရန်၊ (ခ)အများပြည်သူကို ကျွမ်းကျင်လိမ္မာစွာ ဆက်ဆံတတ်စေရန်၊ (ဂ) ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်များ၏ လုံခြုံမှုဆိုင်ရာများ ကာကွယ် တားဆီးတတ်စေ ရန်၊ ဖျက်ဆီးမှုများမှ ကာကွယ်နိုင်စေရန်နှင့် (ဃ) ရုတ်တရက်ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေ အနေများအလိုက် သင့်တော်စွာ တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းအား AFoCO RETC သင်တန်းကျောင်းမှ လုံခြုံရေးဝန်ထမ်း(၅)ဦးနှင့် ကြီးကြပ်သူ တောအုပ်(၁)ဦး၊ စုစုပေါင်း (၆)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆရာဖြစ် RJ Pro Services မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၁)ဦးက စာတွေ့ ပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေး မေးမြန်းစေခြင်း၊ လုံခြုံရေးအချင်းချင်း ပူးပေါင်းဆောင်ရွက်စေခြင်းတို့ကို လက်တွေ့ သရုပ်ပြသည့်ပုံစံများဖြင့် သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့သည် (၂-၆-၂၀၂၅)ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ၂၀၂၅ ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုး ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း (Talk Show) အစီအစဉ်တွင် သစ်ပင်အရေးပါပုံ၊ သစ်တောဖုံးလွမ်းမှု ပြန်လည်ကောင်းမွန်လာစေရန် MRRP လုပ်ငန်းများ ဆောင်ရွက်မှု၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မွန်ပြည်နယ် တစ်ပြည်နယ်လုံးနှင့် ကျိုက်မရောမြို့နယ်တို့၌ သစ်ပင် စိုက်ပျိုးမည့်အစီအစဉ်နှင့် အရေအတွက်၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်စေရေး ဆောင်ရွက်မှုများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ ဖြစ်ပေါ်စေရေးဆွေးနွေးချက်များ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၂.၈၂၁၄)တန်၊ သစ်မာ (၃၆.၈၁၅၈)တန်၊ အခြား (၄.၉၃၇၂)တန်၊ စုစုပေါင်း (၆၄.၅၇၄၄)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၆-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကင်းဆိပ်ဘိနယ်၊ စပါးကြွယ်ကျေးရွာ အနောက်ဘက်နေရာများမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၄၄၃)လုံး/ချောင်း/ခြမ်း (၃၆.၃၂၄၂)တန်၊ ယာဉ် (၁)စီး၊ လွှဝိုင်း (၆)ဝိုင်း၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ(ဆဋ္ဌမအကြိမ်) အစည်းအဝေးကို (၉-၆-၂၀၂၅) ရက်၊ တနင်္လာနေ့ နေ့လယ် ( ၁၃:၀၀ ) နာရီအချိန်တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ကြီး လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကော်မတီအတွင်းရေးမှူး နှင့်တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက ဗွီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည်(၉-၆-၂၀၂၅)ရက်နေ့ (၁၃:၃၀)အချိန် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဒိုးကွင်ပျိုးဥယျာဉ်တွင် အထူးပျိုးပင်များဖြစ်သည့် မဟော်ဂနီ၊ ချယ်ရီ၊ ရေသင်းဝင်၊ ထင်းရှူး၊ ကံ့ကော်၊ ခရေ၊ ခါတော်မီ၊ ပိတောက်၊ ပန်းမဲဇလီ စသည့် ပျိုးပင်များနှင့် ယမနေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဲဇလီ၊ ရေပိတုန်းအစရှိသည့် သစ်မျိုး(၁၄)မျိုး စုစုပေါင်းအပင်အရေအတွက်(၁၄၁,၁၀၀) ပျိုးထောင်ထားရှိမှု အခြေအနေ၊ ဖြန့်ဝေစိုက်ပျိုးပြီးစီးမှု အခြေအနေများနှင့် မြန်မာ့ရှားပါး ဂမုန်းမျိုးစိတ်များနှင့် ရှားပါးသစ်ခွမျိုးစိတ်များ ပြုစုစောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်၍ ဝန်ကြီးက ၂၀၂၆ မိုးရာသီတွင် (၂)ပေနှင့်အထက်ရှိသော ပျိုးပင်များ ရရှိနိုင်ရန် အတွက် ရာသီအလိုက် ပျိုးပင်များ ကြိုတင်ပျိုးထောင်ထားရှိရန် လိုအပ်သည်ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းပြန်လည် ပြုပြင်တည်ဆောက်ထားရှိသည့် ရွံ့နွံ့လျှောက်လမ်းတံတားနှင့် သဘာဝငှက်ကြည့်အိမ်လျှောက်လမ်းတံတားများပြုပြင်တည်ဆောက်ထားရှိမှုအခြေအနေများအားစစ်ဆေးကြည့်ရှူခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် မြန်မာနိုင်ငံသစ်တောကျောင်း အပတ်စဉ်(၁၁၈)သင်တန်းသားများ ဆင်လမ်းဆည်ရေဝေရေလဲဧရိယာအတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ တောတွင်းကွင်းဆင်းဆောင်ရွက်မှု အခြေအနေအား ကြည့်ရှူ့အားပေး၍ သစ်တောလုပ်ငန်များအား လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရာ၌ လုပ်ငန်းတစ်ခုချင်းအလိုက်ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်တတ်စေရေးကြိုးစားသင်ယူဆောင်ရွက်ရန်၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရေး အတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လုပ်ငန်းများကျွမ်းကျင်ပိုင်နိုင်စေရေးဆည်းပူးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

သစ်တောဦးစီးဌာန၊ညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာ​သောင်းနိုင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် မန္တ​လေးမြို့ရှိ တိရစ္ဆာဥယျာဉ် (ရတနာပုံ) သို့ ၇-၆-၂၀၂၅ ရက်၊ (၁၄:၀၀) နာရီအချိန်တွင်​ရောက်ရှိပြီး တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အတွင်းရှိ ကျား၊ ခြင်္သေ့၊ ဆင်၊ ရေမြင်း၊ မြင်းကျား၊ ဖျံ၊ ရေနေငှက်၊ မြွေ၊ မလေးဝက်ဝံ၊ ဟိမဝန္တာဝက်ဝံ၊ ​ဒေါင်း၊ အောင်လောင်ငှက်၊ တောကြောင်၊ ကြောင်ဝံပိုက်စသည့် တိရစ္ဆာန်ပြကွက် (၂၄) ခု၊ တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မြေယာရှုခင်းများ (Landscaping)၊ အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများ (Public Area)၊ တိရစ္ဆာန်ပြကွက်များသို့ သွားလာရာလမ်းများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တိရစ္ဆာန်ဥယျာဉ်အတွင်း မာတာကွတ်၊ ဇီးဖြူ၊ တမာ၊ သင်္ဘောတယ်အစရှိသည့် တိရစ္ဆာန်စားပင် စုစုပေါင်း (၁၉) ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ပါသည်။ တိရစ္ဆာန်ဥယျာဥ်ရှင်းလင်း​ဆောင်တွင် တိရစ္ဆာန်ဥယျာဉ်ရှိတာဝန်ရှိသူများ၏ ယခင်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှု၊ (၁၀) နှစ်တာကာလအတွင်း ဘဏ္ဍာနှစ်အလိုက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ/ဘဏ္ဍာငွေများနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လမ်းညွှန်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Pages