၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

( ၆-၆-၂၀၂၅) ရက်၊ ညနေ (၄:၃၀) နာရီအချိန်၌ နေပြည်တော် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အလံတိုင်ရှေ့တွင်ညွှန်ကြားရေးမှူးချုပ်မှဦးဆောင်၍ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်း စုစုပေါင်း ဝန်ထမ်း ( ၅၉၅)ဦးသည်နိုင်ငံတော်အလံအား အလေးပြုပြီးနောက် နိုင်ငံဝန်ထမ်း သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပါသည်။ ထိုသို့ပြုလုပ်ခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက် (၉:၃၀) နာရီအချိန်နှင့် သောကြာနေ့ ညနေ (၀၄:၃၀) နာရီတို့တွင်ပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

(၅-၆-၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီတွင် မော်လမြိုင်မြို့၊ ဈေးကြီးရပ်ကွက်၊ တောင်ဝိုင်း၊ တက္ကသိုလ်(၁၀)မြို့နယ်ဆောင် အဝင်လမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထော်ကညွှန်ကြားရေမှူး၊ မော်လမြိုင်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ သူနာပြုသင်တန်း ကျောင်း၊ သားဖွားသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)၊ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများ စုစုပေါင်း အင်အား(၅၁၀)ဦး တက်ရောက်ခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ ပျဉ်းမ၊ မဟောဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ မယ်ဇယ် သစ်မျိုး(၁၀)မျိုးဖြင့် ပင်ရေ(၁၀၀၀)ပင်စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(၅.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၇:၃၀ ) နာရီအချိိန်တွင် ကချင်ပြည်နယ် ၊ တနိုင်းခရိုင်၊တနိုင်းမြို့နယ်၊ ဟူးကောင်းမြေ ဂေါက်ကလပ်ကွင်း၌ ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၊ (တနိုင်းတပ်နယ် )မှ ဗိုလ်မှူးချုပ် ကျော်ဘုန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမိုးဇော်လင်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးနှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၊ ဒေသခံမြို့မိမြို့ဘများ စုစုပေါင်းအင်အား (၁၅၀ )ဦး တက်ရောက်ခဲ့ပြီး ကျွန်း(၁၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊ ကုက္ကိုလ်( ၂၀၀)ပင် ၊ ကံ့ကော် ( ၅၀)၊ ယမနေ( ၂၀၀)ပင် စုစုပေါင်း ပျိုးပင်( ၆၅၀)ပင်အား တပျော်တပါးစိုက်ပျိုးပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ပြည်သူများမှ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ် ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ပိုမို ပူးပေါင်းဆောင်ရွက်လာစေရေးတို့ကို ရည်ရွယ်၍ ဇွန်လ(၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ ပြည်နယ်အဆင့် ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် ဆရာ/ဆရာမများ နှင့် ကျောင်းသူ/ ကျောင်းသားများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် အင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အမြင့်(၂) ပေနှင့်အထက် (၂) နှစ်သားအရွယ်ရှိ ပျဉ်းကတိုး(၂၄၂)ပင်၊ မန်ဂျန်ရှား(၂၇၀)ပင်၊ ရေပိတုန်း (၂၆၃)ပင်၊ ကံ့ကော်(၅) ပင်စသည့် သစ်မျိုး (၄)မျိုးပျိုးပင်စုစုပေါင်း(၇၈၀)ပင်အား သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိပါသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ သတ္တမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေးကို (၆-၆-၂၀၂၅)ရက်၊ သောကြာနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နည်းပညာကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။အစည်းအဝေးသို့ နည်းပညာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်သိမ်းရေးဦးစီးဌာနမှ တာဝန်ရှိ သူနှင့် မိတ်ဖက်ကော်မတီမှ နည်းပညာကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တွဲဖက်အတွင်းရေးမှူးနှင့် သစ်တောဦးစီးဌာန၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ဦးစီးအရာရှိတို့မှ Online ဖြင့် တက်ရောက်ကြပါသည်။ဦးစွာ ​ကော်မတီဥက္ကဌက အဖွင့်အမှာစကား​ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးမှ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ လက်ရှိဆောင်ရွက်မှုအခြေအနေများကိုလည်း​ကောင်း၊ အတွင်းရေးမှူးမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲမှုနှင့် လုပ်ငန်းလျာထားချက်ဆောင်ရွက်ပြီးစီးမှုကိုလည်း​ကောင်း၊ နည်းပညာအကြံပေးအဖွဲ့(Friends of Wildlife)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းနည်းပညာအကြံပေးလုပ်ငန်းများ ဆောင်ရွက်မှုကိုလည်း​ကောင်းအသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများမှဝီိုင်းဝန်းဆွေးနွေးခဲ့ပါ​ကြောင်း သတင်းရရှိပါသည်

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသစ်တော ကျောင်း၊ ပြင်ဦးလွင်မြို့၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၉) သင်တန်း တက်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အထူးအစည်းအဝေးကို Hybrid အစီအစဉ် (လူကိုယ်တိုင်+ အွန်လိုင်း)ဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ် စုစုပေါင်း(၂၈) ဦးတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင် သစ်ထုတ်လုပ် ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအား အရှိန်အ ဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်း တိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှု ဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၂၆-၅-၂၀၂၅)ရက်နေ့မှ (၁-၆-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြားစုစုပေါင်း (၁၇.၉၉၄၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် တရားမဝင် ကျွန်း (၄.၈၀၇၀)တန်၊ သစ်မာ (၁၄.၉၇၂၆)တန်၊ အခြား (၅.၅၈၂၄)တန်၊ စုစုပေါင်း (၂၅.၃၆၂၀)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၅-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘိနယ်၊ ထူပါရုံလမ်း၊ ကျောင်းသစ်ကျောင်း ဘုန်းတော်ကြီး ကျောင်းအနောက်ဘက်၊ သရက်တောနှင့် လယ် ကွင်းစပ်တို့မှ တရားမဝင် ပျဉ်းကတိုး/တောင်သရက် ခွဲသား (၅၂)ချောင်း (၇.၁၀၇၄) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

Pages