Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
(၁၈-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရေးမြို့နယ်၊ ချောင်းတောင်ကလော့ကျေးရွာလမ်းဘေးတွင် တရားမဝင်သစ်တိုခွဲသား (၂၅)ချောင်း (၀.၉၉၇၂)တန်၊ မရမ်းခွဲသား (၁၄) ချောင်း (၀.၁၁၀၂) တန်၊ သစ်တိုသစ်လုံး (၂) လုံး (၀.၉၆၀၀) တန်၊ စုစုပေါင်း (၂.၀၆၇၄) တန်၊ လက်ကိုင်စက်လွှ (၃)လက် တို့အား တရားခံ (၄) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများအား သစ်တောဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပါသည်။
၁၈-၄-၂၀၂၀ ရက်နေ့ (၁၁:၃၀) နာရီခန့်တွင်ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်သစ်တောဥဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စရဖ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အ ကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအရှေ့တောင်ဖက် (၂) မိုင်ခန့်အကွာနေရာတွင် တရားမဝင်ကျွန်းသစ် (၂၄) လုံး(၂.၈၀၈) တန် (၃)ပေအောက်ကျွန်းသစ် (၂၅) လုံး (၁.၈၀၆) တန်၊ ပျဥ်းကတိုးသစ် (၂)လုံး(၀.၂၁၄) တန်(၃)ပေ အောက်ပျဥ်းကတိုးသစ် (၅) လုံး(၀.၃၀၈)တန် အင်သစ်(၃) လုံး(၀.၆၁၆)တန် (၃)ပေအောက်အင်သစ် (၁၄) လုံး(၁.၅၂၈)တန် စုစုပေါင်း (၇.၂၈၀)တန်အားဖမ်းဆီး ဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရမိသစ်များအားဒီမော့ဆိုမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးသို့သယ်ယူပြီးဖြစ်ပါကြောင်းနှင့်သစ်ပိုင်ရှင်အားစုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ပါသည်။
(၁၇-၄-၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့နယ်၊ ကော့နှပ်ကျေးရွာအနီး၊ သံလွင်မြစ်ကမ်းဘေးနေရာ၌ တရားမဝင်အောက်ချင်းစာ/ ဘိုင်/ဘုံမဲဇာ/ခမိုင်သစ်(၁၀)လုံး(၅.၀၀၂၄) တန်အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသစ်များအား လုံခြုံရာသို့သယ်ယူသိမ်းဆည်းထားပါကြောင်းနှင့် ဖမ်းဆီးရမိသစ်များ၏ ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၁၇-၄-၂၀၂၀)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း စီးပွားရေးကျွန်းစိုက်ခင်းဟောင်းများ လှည့်လည်စစ်ဆေးခြင်း၊တရားမဝင်သစ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ မဟူရာကြိုးဝိုင်းအကွက် အမှတ်(၆၀)အတွင်း တရားမဝင်အခြားခွဲသား (ထောက်ကြံ့၊မြောက်ချော)(၈၁)ချောင်း (၄.၅၂၅၆)တန်၊ ပျဉ်းကတိုးခွဲသား (၁၀၀)ချောင်း (၃.၆၆၉၆) တန်စုစုပေါင်း ပျဉ်းကတိုးခွဲသားနှင့်အခြားခွဲသား(၁၈၁)ချောင်း (၈.၁၉၅၂)တန်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၁၆-၄-၂၀၂၀ ရက်နေ့တွင် ကယာပြည်နယ်၊ ဘောလခဲ့မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖမှ ဗိုလ်ကြီးမျိုးသန့်ဇင် ဦးဆောင်သောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ကြန်ပိတ်ရက်ကာလအတွင်း စစ်ကြောင်းစီမံချက် အရ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မြောက်ဘက်နေရာမှ တရားမဝင် ကျွန်း/ပိတောက်/လုံးပတ်၃ပေအောက် (ကျွန်း)သစ်/ခွဲသား (၃၀)လုံး/ချောင်း (၃.၁၂၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ(၁၆-၄-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် ချင်းတွင်းမြစ်အတွင်း မင်းကင်းမြို့နယ်၊ ဘင်ကျွန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းဖောင်တွဲများအား စစ်ဆေးခဲ့ပြီး (၁၇-၄-၂၀၂၀)ရက်နေ့တွင် ထပ်မံသတင်းပေးပို့ချက်အရ ဆက်လက်ရှာဖွေရာ ၎င်းဖောင်တွဲများနှင့် ပေ (၁၀၀) ခန့်အကွာနေရာ၌ ရေအောက်နစ်မြှုပ်ထားသည့် တရားမဝင်သစ်ဖောင်တွဲ(၂)တွဲ (၄၀) တန်ခန့်နှင့် ရေပေါ်၌ ဖောင်တွဲ (၁)တွဲတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်လျက် ဆက်စပ် ဧရိယာဝန်းကျင်နေရာများကို ဆက်လက်ရှာဖွေလျက်ရှိပြီး တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသိရှိပါသည်။
(၁၆-၄-၂၀၂၀)(၁၅:၀၀)နာရီ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့ သည်မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာအနီး၊
တုံဟုမ်း-ပင်လောင်းသွားကားလမ်းမှ တောင်ဘက် ၃ဖာလုံခန့်အကွာနေရာ၌ တရားမဝင်ထင်းရှူးသစ်လုံး(၁)လုံး၊တိုင်(၂၅)လုံး၊ ခွဲသား (၃၃၂)ချောင်း ၊ စုစုပေါင်း (၂.၄၉၃၂)တန် နှင့် (၃)ပေ လွှဝိုင်း (၁)ဝိုင်း၊ မြင်းကောင်ရေ (၂၂)ကောင် တရုတ်နီအင်ဂျင် (၁) လုံး၊
(၃၀)ပေ အရှည် ပတ်တားကြိုး(၁)ချောင်း
တပ်ဆင်ထားသည့် သစ်စက်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိ သစ်များအား ပင်လောင်းဘိနယ်စခန်းတွင်သိမ်းဆည်းထားရှိပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၁၅-၄-၂၀၂၀ ရက်နေ့ နံနက်(၀၄:၃၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ(အရာတော်)၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရာတော်မြို့နယ်၊ မလဲသာကျေးရွာအနီး မော်တော်ယာဉ်အမှတ်မပါ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်ယာခွဲသား (၁၈၅)ချောင်း၊ (၉.၄၅၆၄)တန်အား ဖမ်းဆီးရမိခဲ့သဖြင့် သစ်နှင့်မော်တော်ယာဉ်ကို အရာတော်မြို့မရဲစခန်းတွင် အပ်နှံသိမ်းဆည်းထားရှိပြီး တရားခံအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။










