၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၄-၅-၂၀၂၅)ရက်နေ့ တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်သည် ရှမ်းပြည်နယ် ရတနာသစ်ခန်းမတွင် တောင်ကြီးခရိုင် သစ်တောဝန်ထမ်းများ၊ ရေဝေရေလဲဌာနမှဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနမှဝန်ထမ်းများ တွေ့ဆုံပြီး သစ်တောဦးစီးဌာန လျာထားချက်များ သတ်မှတ်ချိန် အောင်မြင်စွာပြီးစီးရေး မှာကြားခြင်း၊ ဝန်ထမ်းမိသားစုများ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ် သယံဇာတဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများဖြစ်သည့် တောင်ကြီးမြို့စိမ်းလန်း စိုပြည်ရေးစိုက်ခင်း (5)Ac၊ တောင်ကြီးဌက်ဘေးမဲ့တော အတွင်း တင်မြင့်ရီကုမ္မဏီမှကျောက်တောင်တွင် ကွန်တိုလိုင်းတူးဖော်ပြီး မိုက်ခရိုရိုက်ဇာ မြေဆွေးထည့်ခြင်းဆောင်ရွက်ထားရှိမှု၊ တောင်ကြီးရေဝေရေလဲ ရုံးပြင်ဆင်ထားရှိမှု၊ တောင်ကြီး-အေးသာယာအတက်လမ်း (4.5)Acသစ်ပင်စိုက်ပျိုးထားရှိမှု၊ ရွှေညောင် ဘိနယ်စခန်းပြင်ဆင်ထားရှိမှု၊ ဘိနယ်ရုံးပြင်ဆင်ထားရှိမှု၊ တောင်လေးလုံး သုတေသနပျိုးစင် ပျိုးဥယျာဉ် စစ်ဆေးမှုတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

၂၃-၅.-၀၂၅ရက်၊ ​သောကြာ​နေ့တွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့်အဖွဲ့သည် ရှမ်းပြည်နယ်၊ကလောမြို့နယ်(အောင်ပန်းမြို့)နှင့်အင်းလေးကန်ကြားရေဝေရေလဲတောင်ကုန်းတောင်တန်းများတွင် စိမ်းလန်းစိုပြည်ရေးအတွက် ကလောမြို့နယ် (အောင်ပန်းမြို့)ငုံးသုံကျေးရွာဓမ္မာရုံ၌လည်းကောင်း၊ ညောင်ကုန်းကျေးရွာဓမ္မာရုံ၌လည်းကောင်း ဒေသခံကျေးရွာသူ/သားများအားရှိပြီးသစ်ပင်သစ်တောများထိန်းသိမ်းရန်နှင့်သစ်ပင်စိုက်ပျိုးရန်ဆွေးနွေးပြောကြားခဲ့ပါသည်။အလားတူညနေပိုင်းတွင်ညောင်ရွှေမြို့နယ်ရေပယ်ကျေးရွာ အ.မ.က ၌လည်းအင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်းရှိ CFအဖွဲ့များအားဆွေးနွေးပြောကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၃.၅၈၀၄)တန်၊ သစ်မာ (၁၃.၈၀၄၂)တန်၊ အခြား (၃၇.၁၇၆၄)တန်၊ စုစုပေါင်း (၁၀၄.၅၆၁၀)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၅-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းဘိနယ်၊ ဇရပ်ကွင်းရွာ အနောက်ဘက်၊ ဝက်ခေါက်စိန်ကျေးရွာသွားလမ်း၏ မြောက်ဘက်အနီးဝန်းကျင် နေရာများမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သင်္ဂဒူ/ ဒီဒူး/ မအူ/ ဘိုင်/ ချဉ်ယုတ် သစ်လုံး/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၁၅၇)လုံး (၄၅.၈၁၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်းသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇.၅၃၀၆)တန်၊ သစ်မာ (၂.၀၇၄၀)တန်၊ အခြား (၂၃.၉၃၄၆)တန်၊ စုစုပေါင်း (၃၃.၅၃၉၂)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (1၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၅-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ မြို့မဘိနယ်၊ စိန်ဝေနန်းအရှေ့ဘက်၊ အမှတ်(၅) ရပ်ကွက်၊ ကွက်သစ်၊ လယ်ကွင်းစပ်အနီးရှိ ဦးမောင်ဇော် (ခ) ဦးစံပျော်၏ နေအိမ် ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ ပိတောက်/ သင်းဝင်/ နဘဲ သစ်လုံး/ခွဲသား/ ပါကေး စုစုပေါင်း (၁၀၁၈၄)လုံး/ချောင်း (၇.၁၀၁၆)တန်၊ လွှဝိုင်း (၃)ဝိုင်း၊ မော်တာ (၅)လုံး၊ လျှာထိုးစက် (၁)လုံး၊ ရွေဘော်ထိုးစက် (၁)လုံး၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၂၅)ဧက ရှိသောနယ်မြေကို “နမ့်ပွန်း ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၄၆/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန် လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တည်ထောင်ထားရှိ သည့် စီးပွါးရေး(ထင်းရှူး)စိုက်ခင်းဟောင်းများနှင့် ယင်းစိုက်ခင်းများအနီးတစ်ဆက် တစ်စပ်တည်း ရှိသည့် ဧရိယာများအား ထိန်းသိမ်းကာကွယ်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုမျှတစေရန်နှင့် သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန် ရည် ရွယ်၍ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။နမ့်ပွန်းကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း သစ်တောဦးစီး ဌာနက စိုက်ပျိုးထားသည့်တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအားထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ယင်းစိုက်ခင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ဧရိယာအတွင်းနေထိုင်ကျက်စားလျက်ရှိသည့် ရှဉ့်၊ တောကြက်၊ ခါနှင့် ငှက်စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၈-၄-၂၀၂၅)ရက်နေ့မှ (၄-၅-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၉.၂၆၃၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၃,၇၇၁)ဧက ရှိသော နယ်မြေကို “ရမန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၄၄/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာတိုက်စားမှုများအား တားဆီး ကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာ ကွယ်တောများ အဖြစ်ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ရမန်းချောင်းကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက် ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ပိုးမဲဇာ၊ သစ်စေး၊ ဇီးဖြူ စသည့် သစ်မျိုးများအား ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း၊ တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါ စသည့် တိရစ္ဆာန်ငယ်များ၏ နေထိုင်ကျက်စားရာ ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး အပူပိုင်း ဒေသထွက်သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိလာနိုင်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာတိုးတက် ကောင်း မွန်လာခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမို ကောင်းမွန်လာနိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၆၁၄ ဧကရှိသော နယ်မြေကို “ငွေသောင်ယံဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ်အမိန့်ကြော်ငြာစာအမှတ်(၄၅/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှု များအား သဘာဝအစိမ်းရောင်တံတိုင်းကြီးများသဖွယ်ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသ ရေရှည် တည်တံ့ရေး ကို အထောက်အကူပြုနိုင်ရန်၊ဒေသခံပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက် မှုများမှ တားဆီးကာကွယ်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ ငွေသောင်ယံဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ဒီရေတောစိုက်ခင်းများတည်ထောင်၍ ဒီရေတောသစ်ပင်များဖြစ်ထွန်းလာပြီး ပင်လယ်လှိုင်း၊ ဒီရေ နှင့် လေမုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်မည်ဖြစ်ခြင်း၊ ကမ်းပြို တိုက်စားမှု လျော့နည်းလာမည်ဖြစ်ခြင်း၊ လယ်ယာမြေများအတွင်း ဆားငန်ရေဝင်ရောက်မှုကို ကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ရေနေသတ္တဝါများနှင့်ဆောင်းခိုငှက်၊ ရေပျော်ငှက်များအတွက် စားကျက် နေရာများတိုးပွါးလာမည်ဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအခြေအနေကောင်းမွန် စေရေး အထောက်အကူပြုနိုင်မည်ဖြစ်ခြင်း၊ မြန်မာ့သစ်တောမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ခြင်း၊ ဒီရေတောဧရိယာအတွင်းရှိ သစ်တော သစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟစနစ်များ ထာဝစဉ်ရေရှည်တည်တံ့စေနိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

Pages