၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနမှ ထူးထ​ရေးဒင်းကုမ္ပဏီ ီမိတက်၊ Htoo Zoos & Gardens Business Unit သို့ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့အား အများပြည်သူ အပန်း​ဖြေကြည့်ရှု​လေ့လာနိုင်​ရေးတွက် ငှားရမ်းထားရှိခဲ့ပါသည်။ (၂၉-၅-၂၀၂၅) ရက်၊ ကြာသပတေးနေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)ရှိ ​မော်​တော်ယာဥ်များ အဆင့်မြှင့်တင်​ရေး အစည်းအ​ဝေးကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ ညွှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ Htoo Zoos & Gardens Business Unit ၊ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။အစည်းအ​ဝေးတွင် Htoo Zoos & Gardens Business Unit ၊ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်) တို့ရှိ သစ်​တောဦးစီးဌာနမှ မူလလွှဲပြောင်း/လက်ခံစဥ် ပါဝင်​သော မော်တော်ယာဉ်(၂၄)စီးအား အဆင့်မြှင့်တင်နိုင်​ရေး ပြန်လည်ပြင်ဆင် ဖြည့်ဆည်းမည့် အစီအစဉ်အား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်း​ဆွေး​နွေးခဲ့​ကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၅-၂၀၂၅)ရက်နေ့မှ (၂၅-၅-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၉.၇၃၈၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၃၇၀၆)တန်၊ သစ်မာ (၂၃.၁၄၁၈)တန်၊ အခြား (၃၇.၆၉၇၆)တန်၊ စုစုပေါင်း (၇၁.၂၁၀၀)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၅-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ကလွင်ကျေးရွာ အုပ်စု၊ ရှမ်းချောင်းမကြီး၏ ချောင်းလက်တက်ကမ်းဘေးမှ တရားမဝင် ကဒွတ်သစ်လုံး (၁၀)လုံး (၁၀.၀၀၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော ပျိုးဉယျာဉ်လုပ်သားနေရာအတွက် သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်။

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော လုံခြုံရေးဝန်ထမ်းနေရာအတွက် သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်။

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော ရုံးလက်ထောက်ဝန်ထမ်းနေရာအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်

(၂၄-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်အား ကြည့်ရှူ့စစ်ဆေးရာ ပျိုးဥယျာဉ်တွင် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် မိုးရာသီ)တွင် ဆောင် ရွက်ခဲ့သည့် စိမ်းလန်းစိုပြည်ရေးလုပ်များ၏ရှင်သန် အောင်မြင်မှု အခြေအနေ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ်၊ မိုးရာသီ) တွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ၊ အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၆-၅-၂၀၂၅)ရက်၊ တနင်္လာနေ့၊ (၀၉:၀၀)နာရီအချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် MLC-Medicinal Plants စီမံကိန်း၏ ဆေးဖက်ဝင် ဝဥပင်စိုက်ပျိုးခြင်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သုတေသနအရာရှိများ၊ ဝဥစိုက်ပျိုးထုတ်လုပ်သူ ပညာရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ဝဥစိုက်ပျိုးသူ ဦးလှသိန်းမှ ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဈေးကွက် အလားအလာများအား ရှင်းလင်းတင်ပြပြီး ဝဥမှ စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ခြင်းနှင့်စားသောက်ကုန်အရည်အသွေးဆိုင်ရာ စမ်းသပ်သည့်နည်းစနစ်များအား လက်တွေ့သရုပ်ပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်သူများမှ ဝဥစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ်(၁၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Pages