၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၆-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၏အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ညောင်ခြေထောက်အပတော၊ ကျောက်ထုတ်လုပ်ကွက်ဟောင်းအနီးတောအတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၈၀)တန်ခန့်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၆-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း သံပေါက်ချောင်းဘေးနေရာ၌ တရားမဝင်အင်ခွဲသား (၁၅၅)ချောင်း (၇)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၁၈)မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်-ရွာငံကားလမ်း၊ ကင်းကျေးရွာအနီးနေရာ၌မော်တော်ယာဉ်အမှတ် (ဌ/၁၉၄၉၇)(၆)ဘီး ထော်လာဂျီယာဉ်ပေါ်မှ တရားမဝင်အင်ကြင်းခွဲသား (၄၃)ချောင်း (၃)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၆-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မုပ္ပလင်လမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးစခန်း အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8J/9148) TOYOTA HIACE (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးချပ် (၁၁၂)ချပ် (၁)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးတာဆုံအနီး၊ ကဘော်လက်ပံတည်းခိုခန်းတွင် တရားမဝင် ဆင်စွယ်အစိတ်အပိုင်း(၅၀၀)ဂရမ်နှင့် သံထည်ဆက်စပ်ပစ္စည်း(၇)မျိုးတို့အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်း၊ သံတံခါးဂိတ်ဝနေရာ၌ မော်တော်ယာဉ်အမှတ် (YGN 3G/7019) CROWN ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ(၄၆)တုံး (၄၅)ပိဿာအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၄-၉-၂၀၂၀ ရက်နေ့တွင် (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်း ဖမ်းဆီးရေးအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မန္တလေး- မြစ်ကြီးနားသွားကားလမ်း (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ် (SGG 6K/2544) NISSAN DIESEL အမျိုးအစား (၁၂)ဘီး ပြာ/စိမ်း/ဝါရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက် အစိတ်အပိုင်းဆိုဒ်စုံ(၁၃၄၁)ချောင်း (၃)တန်ခန့်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၉-၂၀၂၀ ရက်နေ့တွင် ခ.လ.ရ(၂၅)မှ တပ်ရင်းမှူးဦးဆောင်သော တပ်မတော်သားများအဖွဲ့သည် ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်(၅၁/၂)မှ နတ်အိမ်တောင်သွားကားလမ်းအတွင်း (၁၅)မိုင်ခန့်အကွာ၊ လမ်း၏အရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာနေရာတွင် တရားမဝင် ကတွဒ်ခွဲသား(၂၄)ချောင်း (၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages