Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၉-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် မင်းကင်းမြို့နယ်၊ ဆီကာကျေးရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ် တောအတွင်းမှ တရားမဝင် ပိတောက်/သစ်ယာ/အင်/ကညင်/တောင်သပြေ သစ်/ခွဲသား (၉၁၈)လုံး/ချောင်း (၃၈.၂၈၁၄)တန်၊ တာယာဘီးတပ်လှည်း(၂)စီးနှင့် ဝက်ပုတ်ကျေးရွာ၏အရှေ့ဘက်(၁.၅)မိုင် ခန့်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်/ တောင်သပြေ သစ်/ခွဲသား (၂၂၀၉)လုံး/ချောင်း (၄၀.၅၄၂၄)တန်၊ ချန်ချိုင်း(၂၅)ကောင်အင်ဂျင်(၁)လုံးနှင့်သစ်စက် ဆက်စပ်ပစ္စည်းများ၊ စုစုပေါင်း (၇၈.၈၂၃၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျှက်ရှိရာ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာ၏ အရှေ့မြောက်ဘက်(၅)မိုင်ခန့်အကွာ၊ မှိုတောက်ကြိုးဝိုင်းအနီးမှ တရားမဝင် အင် သစ်/ခွဲသား (၃၉၆)လုံး/ချောင်း (၁၀.၄၁၄၄)တန်အား ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး အတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်း များတွင်ကျရောက်တတ်သည့် ဖျက်ပိုးနှင့်ရောဂါ များအား ဘက်ပေါင်းစုံ ကာကွယ်နှိမ်နင်းနိုင်ခြင်း နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ခြင်း စီမံကိန်း (AFoCO/014/2020)အလုပ်လျှောက်လွှာခေါ်ယူခြင်း
Project Assistant and Project Secretary

သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရန် အတွက်သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံ ပြည်သူအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု ဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်း စီမံကိန်း (AFoCO/015/2020)အလုပ်လျှောက်လွှာခေါ်ယူခြင်း Project Assistant(Operational)

သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရန် အတွက်သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံ ပြည်သူအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု ဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်း စီမံကိန်း (AFoCO/015/2020)အလုပ်လျှောက်လွှာခေါ်ယူခြင်းProject Assistant(Financial)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၆-၁၀-၂၀၂၀)ရက်နေ့မှ (၁-၁၁-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၉၁.၆၃၈၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မြို့ရှောင်လမ်းမိုင်တိုင်အမှတ်(၇/၀)၊ ပျဉ်သာလမ်းဆုံအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 8A/7883) NISSAN Diesel (၆)ဘီး စိမ်း/ပြာကြားရောင်ယာဉ်နှင့် တရားမဝင်ထောက်ကြံ့/သဒီ/နှော/ဒီဒူး/ရုံးခွဲသား (၁၉၄)ချောင်း (၆.၃၆၄၆)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော၍ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်နှင့် ပန်းတောင် မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၆၀/၂)အနီးမှ ဝင်ရောက်ရသော ဒေသအခေါ်(ခ)မြောင်အတွင်း၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၁နှင့်၅၂)အတွင်း တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲခြမ်း (၄၄)လုံး/ခြမ်း (၉.၄၈၈၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ပေါက်ခေါင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၁) အတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား/ လုံးပတ်၃ပေအောက်ကျွန်းသစ် (၁၈)လုံး/ချောင်း (၃.၀၀၉၈)တန်နှင့် အတူ ချိန်းဆောအပျက်ကိုယ်ထည်(၁)လုံး(ဘားနှင့်ချိန်းမပါ)နှင့် လေသေနတ်အပျက်(၁)လက်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages