၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၃-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ရေကြောင်း)မှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ ကိုင်းကျေးရွာဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်၊ ချင်းတွင်းမြစ်အတွင်း တရားမဝင်ကျွန်းသစ်(၁၂)လုံး(၁၃.၇၁၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကိုင်းကျေးရွာ၏ အရှေ့တောင်ဘက်(၇)ဖာလုံခန့်အကွာ တောစပ်နေရာ၌ တရားမဝင်ကျွန်းခွဲသား (၅၂)ချောင်း (၅.၈၂၉၆)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ဂမုန်းကွင်း(အထက်၊ အောက်)၊ သာပေါင်းလေးတစ်ဖက်ကမ်း၊ ရှောပြာချောင်း ဝဲကြီးဒေါင့်ကွေ၊ ကင်ပွန်းချဉ်ရပ်၊ ရေကျော်ချောင်းအတွင်းနှင့် ဇင်ပြွန်းကုန်းကျေးရွာအနီး ငဝန်မြစ်ကမ်းဘေးနေရာတို့၌ ပဲ့ထောင်(၂)စီး၊ စက်လှေ(၁)စီးတို့နှင့်အတူ တရားမဝင်တောင်သရက်/ဘောင်ဆန့်သစ်/ခွဲသား (၄၃၅)လုံး/ချောင်း (၄၈.၀၆၄၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

(၂.၅. ၂၀၂၀)ရက်နေ့(၁၆:၃၀) နာရီအချိန်ခန့် တွင် တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးမျိုးဆွေသိန်း ဦးဆောင်သောသစ်တောဝန်ထမ်း(၆)ဦးအဖွဲ့သည် မြို့မဘိနယ်မြေ အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းအနီး မှ (စလူကျေးရွာအောက်ဖက်) နေရာတွင် တရားမဝင်ကညင်ခွဲသား ၃၃ ချောင်း ( ၅.၆၄၇၀) တန်နှင့် ကားလမ်းအနီး အခြားတနေရာမှတရားမဝင်ကညင်ခွဲသား ၃၅ချောင်း ( ၅. ၂၆၁၂) တန်၊ စုစုပေါင်း ကညင်ခွဲသား (၆၈)ချောင်း ( ၁၀.၉၀၈၂) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ရာဖမ်းဆီးရမိသစ်ခွဲသားများအားတောင်ကုတ်မြို့ နယ်သစ်တောရုံးဝင်းသို့ သယ်ယူရန် စီစဥ် ဆောင်ရွက်လျက်ရှိပြီး၊ သစ်ပိုင်ရှင်အား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တို့နှင့်အတူစုံစမ်းရှာဖွေဖော်ထုတ် ၍ သစ်တောဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်းအကွက်(၅၆)အတွင်း တရားမဝင် သတီ/ သံသေ/ ကြက်ရိုး/ ရုံး/ လယ်ဇခွဲသား (၄၈)ချောင်း (၇.၁၇၀၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂.၅.၂၀၂၀)ရက်နေ့တွင်မဘိမ်းမြို့နယ်အတွင်းတောအုပ် ဦးစိုင်းကျော်လွင် ဦးဆောင်၍ သစ်တောဝန်ထမ်း(၃)ဦး၊ နယ်မြေလုံခြုံရေးတပ်စု(၁)မှ ခွဲတကက သိန်းမင်းဇော် (ပိုင်-၈၈၀၂၉၄) ဦးစီး(၁)စိတ် ပူးပေါင်းအဖွဲ့တို့မှ ခိုတာ-လဝါဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ အချိန်(၀၉:၃၀)နာရီတွင် ကုန်းမခံကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာနေရာမှ မိုးမိတ်မြို့ ၊ မြောက်ပိုင်းရပ်ကွက်နေ ဦးသက်နိုင်မင်း(၄၀)နှစ်၊ (ဘ)ဦးညီညီ၊ မှတ်ပုံတင်အမှတ်-၁၃/မမတ(နိုင်)၀၃၅၁၆၅ နှင့်အတူ ရပ်တန့်ထားသော ယမ်းဖောင်(ခေါင်းစိမ်း)ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်ထားရှိသည့် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၂၀၇)ချောင်း (၉.၈၁၁၀)တန်နှင့် မဘိမ်းမြို့၊ ကုန်းမခံကျေးရွာနေ ဦးမင်းထက်ဝင်း(၂၇)နှစ်၊ (ဘ)ဦးဝင်းဘို၊ မှတ်ပုံတင်-မမှတ်မိ နှင့်အတူ ရပ်တန့်ထားသော အယ်ဇူး(ခေါင်းစိမ်း)ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်ထားရှိသည့် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၁၆၅)ချောင်း (၉.၆၉၉၈)တန် စုစုပေါင်း တရားခံ(၂)ဦး၊ ယာဉ်(၂)စီး၊ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံပေါင်း(၃၇၂)ချောင်း (၁၉.၅၁၀၈)တန် တို့အား ဖမ်းဆီးရမိခဲ့ပြီး နှင့် တရားခံ(၂)ဦးနှင့် ယာဉ်(၂)စီးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အပ်နှံလျက် သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

၁-၅-၂၀၂၀ ရက်နေ့တွင် မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန မှတောအုပ်ဦးရဲမင်းထွဋ် ဦးဆောင်၍ သစ်တောဝန်ထမ်း(၃)ဦး၊တပ်မတော်တပ်ရင်းတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးတပ်စု(၁)၊ ခွဲတကက သိန်းမင်းဇော် (ပိုင်-၈၈ဝ၂၉၄) ဦးစီး(၁)စိတ် ပူးပေါင်းအဖွဲ့တို့မှ ရမ်းဘိုဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ အချိန်(၁၃:၃၀)နာရီတွင် မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၉)၊ ခေါတောကျေးရွာ၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာနေရာမှ ရပ်တန့်ထားသော ဖောက်ရှဲ(၆)ဘီး (အပြာရောင်) ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၈၈)ချောင်း (၂.၃၆၂၄)တန် အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်စုံစမ်းဖော်ထုတ်၍အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ယာဉ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အပ်နှံလျက် သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

CMRS သတင်းအရ မတ္တရာမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးသိန်းလွင်ခေါင်းဆောင်သော မြို့မဘိနယ်သစ်တောဝန်ထမ်း(5)ဦး ဆိပ်သာအုပ်စုအုပ်ချုပ်ရေးမှူးပါ(2)ဦးတို့သည် (1-5-2020)ရက်နေ့ (13:50)နာရီအချိန်မြို့မဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာတောင်ဘက်(1)မိုင်ခန့်အကွာ ဒေသအခေါ် အုန်းကုန်းတောအတွင်းမှ တရားမဝင် အင်သစ်(18)လုံး (5.5320)တန်အား တွေ့ရှိဖမ်းဆီးရမိပြီး သစ်ပိုင်ရှင်အား စုံစမ်းရှာဖွေ၍ သစ်တောဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Pages