၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၈-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ကင်းသာ-ပင်လောင်းသွားကားလမ်းမိုင်တိုင်အမှတ်(၁၆/၇) ဧဒင်ကျေးရွာအနီးမှ မော်တော်ယာဉ် အမှတ်-YGN 3E-7360 AD Van Nissan (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် စကားဝါခွဲသား (၁၂)ချောင်း (၀.၂၅၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိ ပါသည်။

၂၈-၄-၂၀၂၀ ရက်နေ့တွင် ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများသည် မြို့မဘိနယ်မြေအတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်စဉ် ၁၃:၄၅ နာရီအချိန်တွင် နန်းမခွင်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် တမလန်းခွဲသား (၁၇)ချောင်း၊ စုစုပေါင်း (၃.၀၃၄၄)တန်ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအားစုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၈-၄-၂၀၂၀ ရက်နေ့တွင် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာန မှတောအုပ် ဦးသော်ဇင်ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့်မိုးညှင်းမြို့မစခန်းရဲတပ်ဖွဲ့ဝင်များ၊ ဟဲလုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈:၃၀)နာရီအချိန်ခန့်တွင် ဟဲလုံ-တဲကြီးကုန်း သွားလမ်းဘေး ဝါးရုံတောအတွင်းမှ တရားမဝင် ကျွန်းသစ်(၂၉)လုံးနှင့် ၃ပေအောက်ကျွန်းသစ်(၂၇)လုံး စုစုပေါင်း ကျွန်းသစ်(၅.၉၉၈)တန် ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၇-၄-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့နယ်၊ ခင်ရန်းကြိုးပြင်ကာကွယ်တော အကွက်(၁၃)၊ ဟားခါး-မှန်တော-ဟာတာကားလမ်းသစ်၊ ဆားချောင်းနှင့် ရေငံချောင်းအနီး တဝိုက်နေရာမှ တရားမဝင် ကျွန်း/အင်ကြင်း သစ်/ခွဲသား/ရောင်ခြမ်း (၅၄)လုံး/ချောင်း/ခြမ်း (၁၃.၄၀၇၆)တန်အား ချိန်းဆော(၁)လက်နှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၂၇-၄-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချူပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးထွန်းသန်းဦး ဦးဆောင်သောအဖွဲ့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှ သင်းဝင်/ဘင်္ဂ/ရုံး/ သံသေ/ သံသတ်/ဆိတ်ချေး/ဒီဒူး/ ပိုးမဲဇာ/ကြက်ရိုး/လယ်ဇ/နဘဲ/သစ်ပုတ်/ဇောင်းပလွေ/ သစ်ဖြူ /သစ်ပုဂံ/ ကသစ် သစ်များနှင့် လုံးပတ်(၃)ပေ အောက် စန္ဒဝါ/လယ်ဇ/ဒီဒူး/ဆိတ်ချေး/သံသေ/ ချေး /ကသစ် သစ်/ခွဲသား စုစုပေါင်း (၁၁၄)လုံး/ချောင်း (၂၈.၅၉၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၇-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီးမြို့ နယ်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော စစ်ကြောင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ၏မြောက်ဘက်(၂)မိုင်ခန့်အကွာ ပေါက်အင်းဘုရားအနီးမှ တရားမဝင် သစ်အယ်/စကားဝါ (၁၁)လုံး (၄.၄၃၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနှစ် CMRS ဖြင့် ၂၇-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၏ချပြသတင်းအရ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဆောင်သောသစ်တောဝန်ထမ်းများသည် ဒိုက်ဦးမြို့နယ် အောင်စိုးမိုးကျေးရွာအနောက်ဘက် လယ်ကွင်းစပ် နေရာများမှ တရားမဝင်ကျွန်း/ပျဥ်းကတိုးခွဲသား (၅၀)ချောင်း စုစုပေါင်း (၄.၇၉၄၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသစ်များအား ဦးစီးအရာရှိရုံးဝန်းသို့သယ်ယူသိမ်းဆည်းပြီးဆက်စပ်တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဥ်ဆောင်ရွက်လျှက်ရှိပါသည်။

၂၆-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြင့်မြတ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရ.က.အ(၉) ထင်းပုံဆိပ်ရှိ ဦးအေးကို၏ အစလ သစ်စက်ဝင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၃၈)ချောင်း (၃.၇၀၄၂)တန် အား တရားခံ(၁)ဦးနင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်စက်နှင့်တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

Pages