Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူး(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)(၄၂)နေရာတွင် သိပ္ပံ(သစ်တော)ဘွဲ့ရများအားစတင်ခန့်ထား

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၇၉.၀၁၆၆)တန်၊ သစ်မာ (၄၃.၆၈၈၄)တန်၊ အခြား (၁၅၉.၅၅၉၀)တန်၊ စုစုပေါင်း(၃၈၂.၂၆၄၀)တန်၊ တရားခံ(၅၄)ဦး၊ယာဉ်/ယန္တရား(၄၂)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟတ်ဟင်-နောင်ချိန်ကျေးရွာအကြား နေရာမှ တရားမဝင် ကျွန်းသစ်လုံး/ခွဲသား (၂၁၁၆)လုံး/ချောင်း (၄၆.၈၈၇၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

၈-၈-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရတအမှတ်(၅)တပ်စု၊ မြိတ်မြို့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေး အဖွဲ့သည် မြိတ်မြို့နယ်၊ ယောကြီးဝချောင်း၊ ကမ်းနံဘေးနေရာ၌ စက်လှေ(၁)စီး နှင့်အတူ တရားမဝင်လေသရက်/တောဒူးရင်း/ကျွဲသွေးခွဲသား (၁၀၄)ချောင်း (၁၅)တန်အား တရားခံ(၂)ဦး နှင့် အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ နတ်ရေတွင်းကျေးရွာအုပ်စု၊ ပါအော့ကျေးရွာ၏ အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာ တပ်လွင်ကြိုးဝိုင်း(၇၀)အတွင်း တရားမဝင်ကျွန်းသစ်(၄၈)လုံး (၁၉)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင် များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ဈေးတန်းရပ်ကွက်ရှိ နေအိမ်ခြံဝင်းများအတွင်းနှင့် သင်္ချိုင်းကုန်းအနီးတောစပ်နေရာများ၌ တရားမဝင်ပျဉ်းကတိုး/တောင်ပိန်းခွဲသား (၁၀၃)ချောင်း (၆)တန်အား တရားခံ(၄)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၃-၈-၂၀၂၀)ရက်နေ့မှ (၉-၈-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၀၃.၀၈၄၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁၀-၈-၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်ဖြိုးသူဇာဝင်း (တောအုပ်ကြီး)၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကမ္ဘောဒီးယားနိုင်ငံတွင် 3rd Indo-Burma Ramsar Regional Initiative Steering Committee Meeting and IBRRI Annual Meeting တက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေး နွေးခြင်း၊ ဦးဇင်ဝင်းထွန်း (တောအုပ်ကြီး)၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဖိလစ်ပိုင်နိင်ငံတွင် ESABII Training Course on CITES သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း နှင့် ဒေါ်ကြည်ဖြူအောင် (တောအုပ်ကြီး) ၊ တိုးချဲ့ပညာပေးရေးဌာနတို့က နီပေါနိုင်ငံတွင် Seminar on Community Forestry in Nepal တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့်တို့ကိုဆောင်ရွက်ခဲ့ရာတက်ရောက်လာသူ များမှအပြန်အလှန် ဆွေးနွေး ခဲ့ကြပါသည်။

၆-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံ မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမြောက်ဘက်ဂိတ်တွင် မော်တော်ယာဉ်အမှတ် (BGO-9Q/2592) HINO DUTRO LIGHT TRUCK အစိမ်းရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်မီးသွေး (၂၀၅)အိတ် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages