၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၂-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ မိုးကောင်းတံတားအနီး၊ အမှတ်(၄၀၆)ကိုအောင်ဇော်ဦး(ပိုင်)ခြံဝန်းအတွင်းမှ တရားမဝင်သစ် သစ်ယား (၅၈၉)ချောင်း (၄.၉၇၆၈)တန်အား တရားခံ(၁)ဦးနင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် နှင့် ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာ၏အနောက် မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် သပြေ/သစ်ယား/သစ်စေး/မျောက်ငို/စကားဝါ သစ်/ခြမ်း/စိတ် (၁၇)လုံး/ခြမ်း/စိတ် (၄.၉၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပျဉ်းမငူကျေးရွာအုပ်စု၊ အင်းဖာတောင်ကွင်း ဦးကျော်နိုင်ခြံအတွင်းမှ တရားမဝင်သစ် ပျဉ်းကတိုး/ကောင်းမှုခွဲသား(၃၂၃)ချောင်း (၆.၁၀၇၆)တန် အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ ရေတာရှည်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တာဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ရိုးမ ကြိုးဝိုင်းအကွက်အမှတ် (၁၅)အတွင်းမှ တရားမဝင်သစ် ပျဉ်းကတိုးခွဲသား (၅၁)ချောင်း (၃.၅၃၇၄) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင် ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား (၅၄)လုံး/ချောင်း (၄.၈၂၈၂) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်တာကြီးဘိနယ်၊ ပလွေးကြိုးဝိုင်းအကွက် အမှတ် (၃၃)အတွင်းမှ တရားမဝင် သံသေ/တောင်ပိန္နဲ/လုံးပတ်(၃)ပေအောက်သံသေ သစ်/ခွဲသား (၃၄)လုံး/ချောင်း (၅.၁၀၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၂-၄-၂၀၂၀) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရေယာဥ်ငယ်အသင်းမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ငေါက်စားကျေးရွာ အနီး ဥတုချောင်းဘေး နေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၆၆)ချောင်း (၃.၅၁၉၆)တန် တင်ဆောင် လာသောစက်လှေ(၁)စီး၊ တရားမဝင်ကျွန်းခွဲသား(၁၂၈)ချောင်း (၂.၃၂၇၆)တန် တင်ဆောင် လာသောစက်လှေ(၁)စီး၊ တရားမဝင် ကျွန်းခွဲသား(၃၃၃)ချောင်း (၄.၄၀၉၄)တန် တင်ဆောင်လာသော စက်လှေ(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသား (၁၄၂)ချောင်း(၃.၃၆၉၀)တန် တင်ဆောင်လာသော စက်လှေ (၁)စီးတရားမဝင် ကျွန်းခွဲသား(၃၉၂)ချောင်း (၃.၃၅၆၀)တန် တင်ဆောင် လာသောစက်လှေ (၁)စီး စုစုပေါင်း စက်လှေ(၅)စီးနှင့် တရားမဝင်ကျွန်းခွဲသား(၁၁၆၁)ချောင်း(၁၆.၉၈၁၆)တန်အား တရားခံ(စက်လှေပိုင်ရှင်) (၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအား လုံခြုံရာသို့ သယ်ယူသိမ်းဆည်း၍ တရားခံများ သက်ဆိုင်ရာရဲစခန်းတွင်ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးအမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ကလုံကြိုးဝိုင်းအကွက်အမှတ် (၃၅)အတွင်း တရားမဝင်သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၄)မျိုး၊ တရားမဝင်ကျွန်းသစ်/ လုံးပတ်(၃)ပေအောက်ကျွန်းသစ်(၁၅)လုံး(၂.၄၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားမဝင် သစ်စက် အင်ဂျင်၊ဆက်စပ်ပစ္စည်းများအားဦးစီးအရာရှိရုံးသို့သယ်ယူသိမ်းဆည်းပြီး၊တရားမဝင်သစ်များအား (သ လ င) သစ်ဆိပ်(ဘိုတဲကုန်း)သို့သယ်ယူသိမ်းဆည်းပြီးဖြစ်ပါသည်။

Pages