Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ရတခလရ(၂၇၆)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူကုန်တား ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၇)မိုင်လမ်း၏ ယာဘက်တောအတွင်းနေရာနှင့် ပန်မူ-ဝူတန်သွားတောတွင်းနေရာတို့၌ မော်တော်ယာဉ်အမှတ်၊ KYN-(3H/5810)VOXY (အနက်ရောင်)ယာဉ်၊ မော်တော်ယာဉ်အမှတ်(YGN 4D/5346) ODYSSEY (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်၊ (MDY 3B/6874)NOAH (အဖြူရောင်)ယာဉ်တို့ပေါ်မှ တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၁၉၄)ချောင်း (၂.၁၈၀၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကျေးနန်းရပ်ကွက်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်းဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (KYN 5K/1597) NOAH (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသားဆိုဒ်စုံ (၃၇)ချောင်း (၀.၇၇၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်း မြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက် (၅၅၊ ၅၈)နေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲခြမ်း (၄၅)လုံး/ ချောင်း (၆.၈၆၂၀)တန်နှင့် လုံးပတ်၃ပေအောက်ကျွန်းသစ် (၆)လုံး (၀.၆၂၆၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာ ပေါက်ခေါင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၁)၊ ရွှေညောင်ပင်(၁)လမ်းနေရာ၌ တရားမဝင် ကျွန်း သစ်/ခွဲခြမ်း/ဖရုံစိတ်(၄၁)လုံး/ခြမ်း/စိပ် (၆.၉၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ပံတန်း မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ် (၆၅)နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား/ ခွဲခြမ်း (၁၉)လုံး/ချောင်း/ခြမ်း (၁.၈၇၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၃၀-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ပံတန်း မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ် (၆၁၊ ၆၂)နေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲသား/ ခွဲခြမ်း/ဗုံတို (၄၈)လုံး/ချောင်း/ခြမ်း (၇.၂၂၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၃၀-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)နှင့် နမ့်မဲကြိုးဝိုင်း အကွက်အမှတ်(၂)နေရာတို့မှ တရားမဝင် ကျွန်းသစ် (၄၄)လုံး (၆.၉၅၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၇-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ နတ်ကြီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာအနီးဝန်းကျင်၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်/ကျွန်း/ကျွန်းပကာ/လုံးပတ် ၃ပေအောက်ကျွန်း သစ်/ခွဲသား/ခွဲခြမ်း (၁၃၀)လုံး/ချောင်း/ခြမ်း (၂၈.၉၄၃၀)တန်၊ အင်ဂျင် (၂)လုံး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages